- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မိုင်းရှင်းမည်ဟုအကြောင်းပြချက်ဖြင့် စစ်ကောင်စီက မြောက်ဦးဈေးကိုပိတ်ခိုင်း
မြောက်ဦးမြို့မဈေးကြီးတွင် မိုင်းရှင်းလင်းမည်ဖြစ်သဖြင့် ဈေးဆိုင်များပိတ်ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးကပြောဆိုလာသဖြင့် ဈေးသည်များမှာစိုးရိမ်၍ ဆိုင်ပိတ်သိမ်းကာ ပစ္စည်းများကိုနေအိမ်သို့ ရွှေ့ပြောင်းမှုများရှိနေကြောင်း သိရသည်။
05 Sep 2022
DMG ၊ စက်တင်ဘာ ၅
မြောက်ဦးမြို့မဈေးကြီးတွင် မိုင်းရှင်းလင်းမည်ဖြစ်သဖြင့် ဈေးဆိုင်များပိတ်ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးကပြောဆိုလာသဖြင့် ဈေးသည်များမှာစိုးရိမ်၍ ဆိုင်ပိတ်သိမ်းကာ ပစ္စည်းများကိုနေအိမ်သို့ ရွှေ့ပြောင်းမှုများရှိနေကြောင်း သိရသည်။
လက်ရှိတွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် မြို့ပေါ်နေရာအချို့နှင့် ဈေးကြီးတွင် နေရာယူထားသဖြင့် ဈေးသည်များမှာ စိုးရိမ်မှုမြင့်တက်နေပြီး ဈေးဆိုင်ခန်းများကိုပိတ်ထားကြသည်ဟု မြို့ခံများကဆိုသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူးကလာပြီးတော့ ဈေးထဲမှာ စစ်တပ်က မိုင်းရှင်းလင်းမှာဖြစ်လို့ ဆိုင်တွေပိတ်ရမယ်ဆိုပြီး အကြောင်းကြားလာတယ်။ ဈေးသည်တွေကတော့ ဆိုင်ကတန်ဖိုးကြီးတဲ့ပစ္စည်းတွေကို အိမ်ကိုရွှေ့ပြောင်းနေကြတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဈေးသည်တစ်ဦးကပြောသည်။
ထို့ပြင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက မြို့ပေါ်၌နေရာယူလှုပ်ရှားနေမှုကြောင့် နယ်မှဈေးလာရောင်းသည့် ဈေးသည်များမှာ ဈေးရောင်းရန်မရောက်ကြသည့်အပြင် မြို့ခံဈေးသည်များမှာလည်း နံနက်ပိုင်းတစ်ချိန်သာ ဈေးရောင်းပြီးပြန်သွားကြကြောင်း ဆိုင်သည်တစ်ဦးကပြောသည်။
“ကျနော်တို့က စားသောက်ဆိုင်ဖွင့်ထားတာဆိုတော့ နေ့တိုင်းလိုလိုဈေးဝယ်ရတယ်။ ဒီနေ့တော့ မြို့ထဲမှာ နယ်ကလာရောင်းကြတာမရှိဘူး။ မြို့ခံဈေးသည်အချို့လောက်ပဲရောင်းကြတယ်။ သူတို့လည်း ခဏလေးရောင်းပြီးရင် အရင်စလိုနဲ့ပြန်ပြေးသွားကြတယ်။ မြို့အခြေနေကတော့ ပုံမှန်အခြေအနေမဟုတ်သေးပါဘူး။လူသွားလူလာလည်း အရင်ထက်နည်းတယ်"ဟု ၎င်းကပြောသည်။
မြောက်ဦးမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၁ နာရီအချိန်ခန့်ကစတင်ကာ မြန်မာစစ်တပ်တပ်သားများက မြို့ထဲ၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် သမိုင်းဝင်နေရာတချိုနှင့် နေအိမ်တချို့အပေါ် လက်နက်ကျရောက်မှုများရှိခဲ့ကြောင်း ဒေသခံများပြောဆိုသည်။
ယင်းအပြင် မြောက်ဦးမြို့ခံတစ်ဦးဖြစ်သည့် ကိုကျော်ဇံဝေ (ခေါ်) ကိုရင်ဆို့ဆိုသူကိုလည်း မြန်မာစစ်တပ်က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားရာ လက်ရှိအချိန်ထိ မလွတ်မြောက်သေးပေ။ ပြီးခဲ့သည့်သြဂုတ်လ ၂၈ ရက်နေ့ကလည်း မြောက်ဦးမြိုနယ်၊ လက္ကာကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်ဖက်မှ ယခုကဲ့သို့ပစ်ခတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။