- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးအောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်အလုံးရေ ၂၀၀ ခန့် ထုတ်လုပ်ပြီးစီး
မြောက်ဦးမြို့တွင် မြောက်ဦးဆရာတော်၏ ဦးဆောင်မှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်စတင်ထုတ်လုပ်သည့်အချိန်မှ ယနေ့အထိ အောက်ဆီဂျင်အလုံး ၂၀၀ ခန့် ထုတ်လုပ်ပြီးစီးသွားပြီဟု နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။
24 Jul 2021
DMG ၊ ဇူလိုင် ၂၄
မြောက်ဦးမြို့တွင် မြောက်ဦးဆရာတော်၏ ဦးဆောင်မှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်စတင်ထုတ်လုပ်သည့်အချိန်မှ ယနေ့အထိ အောက်ဆီဂျင်အလုံး ၂၀၀ ခန့် ထုတ်လုပ်ပြီးစီးသွားပြီဟု နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါစက်ရုံတွင် အောက်ဆီဂျင်ကို ၂၁ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်က စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်တွင် ပထမဆုံး အောက်ဆီဂျင်ထုတ်လုပ်နိုင်သည့် မြို့နယ်လည်းဖြစ်သည်။
“ကျနော်တို့ ထုတ်တာက အခုဆိုရင် နှစ်ရက်နဲ့ တစ်မွန်းတည်းပဲ ရှိသေးတယ်။ စထုတ်တာက ၂၁ ရက်နေ့ ညနေ ပိုင်း ၈ နာရီလောက်ကပေါ့။ ၄၀ လီတာဗူး၊ ၁၅ လီတာဗူးနှစ်ခုစလုံး ဆိုတော့ အလုံးအရေအတွက်ကတော့ ၂၀၀ လောက်ထုတ်ပြီးသွားပြီး။” နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဌ ဦးမောင်ဝင်းရွှေက DMG ကို ပြောသည်။
ရခိုင်ပြည်၏ အခြားမြို့နယ်များဖြစ်ကြသည့် စစ်တွေ၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲနှင့် ကျောက်တော် စသည့် မြို့နယ်များမှ ယနေ့အောက်ဆီဂျင်လာရောက် ဖြည့်ဆည်းရန် ရှိကြသည်ဟုလည်း သိရသည်။
“တောင်ကုတ်၊ မာန်အောင်တို့က အောက်ဆီဂျင်တွေ ဖြည့်တင်းဖို့ အခုလာနေပါတယ်။ အခြားမြို့နယ်တွေကလည်း အောက်ဆီဂျင်ဗူးခွံတွေယူပြီးတော့ ဖြည့်တင်းရန်လာမှာ ဖြစ်ပါတယ်။ သူတို့က ဒီကနည်းနည်းရသွားမယ်ဆိုရင် အဆင်ပြေသွားမှာပေါ့။ သံတွဲမှာဆိုရင်လည်း အောက်ဆီဂျင်တွေ မရှိဘူးလို့ ပြောသံကြားတယ်။ ” ဟု ဦးမောင်ဝင်းရွှေက ဆက်ပြောသည်။
ယနေ့တွင်လည်း အခြားမြို့နယ်သို့ ပို့ဆောင်မည့် အောက်ဆီဂျင်အိုးများ ဖြည့်ဆည်းလျှက်ရှိပြီး စစ်တွေသို့ ၂၀ လုံး၊ ကျောက်တော်သို့ ၄ လုံး၊ မြောက်ဦးသို့ ၃၂ လုံး၊ ပေါက်တောသို့ ၃ လုံး၊ မင်းပြားသို့ ၅ လုံး ဖြစ်ကြောင်း သိရသည်။
မြောက်ဦးတွင် အောက်ဆီဂျင်စက်ရုံရှိနေပြီဖြစ်သည့်အတွက် အောက်ဆီဂျင်များရှာရသည့်အခက်အခဲ လျော့ကျသွားပြီး စိတ်များမှာလည်း တဖန် သက်သာရာရောက်ရသည်ဟု အောက်ဆီဂျင်အိုးများ မှာယူနေသည့် ကျောက်တော်မြို့နယ်က ဒေသခံတစ်ဦးက DMG ကိုပြောသည်။
“မြောက်ဦးမှာ အောက်ဆီဂျင်ရပြီးဆိုတော့ စိတ်တွေက တဖန် စိတ်ချမ်းသာရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တို့နဲ့ အနီးအနားမှာ စက်ရုံက လှည့်ပတ်နေတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် သူတို့ကလည်း မြောက်ဦးမြို့နယ် တစ်ခုတည်းမဟုတ်ဘဲ အနီးအနားမှာရှိတဲ့ မြို့နယ်တွေ နောက်ပြီး အရေးပေါ်လိုအပ်ချက်ရှိနေတဲ့ မြို့နယ်တွေကို ကူညီသွားမယ်လို့သိရတယ်။ ဒါကြောင့် ကျနော်တို့ အခြားဝေးတဲ့နေရာတွေကထက်စာရင် ကိုယ့်ရဲ့အနီးအနား ဖြစ်တဲ့ မြောက်ဦးမြို့မှာ ရှိနေတဲ့အတွက် အချိန်မရွေးအကူအညီတွေ တောင်းခံနိုင်တာပေါ့။ ” ဟု ပြောသည်။
ဇူလိုင်လ ၂၃ ရက်နေ့အထိ စာရင်းအရ ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၂၀၁၈ ဦးအထိရှိကာ ယင်းအထဲမှ သေးဆုံးသူ ၉၁ ဦးနှင့် ဆေးကုသမှုခံယူနေရသူ ၁၀၇၉ ဦးရှိကြောင်း သိရသည်။