- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကော့ကရိတ်-မြဝတီ အာရှလမ်းမတွင် တိုက်ပွဲဖြစ်ပွားပြီး ယာဉ်အချို့ မီးလောင်ပျက်စီး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်တွင် ယနေ့(ဧပြီ ၄ ရက်)နံနက်ပိုင်းက KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယာဉ်အချို့ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
04 Apr 2022
DMG ၊ ဧပြီ ၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်တွင် ယနေ့(ဧပြီ ၄ ရက်)နံနက်ပိုင်းက KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယာဉ်အချို့ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမ တောနော်ရေတံခွန်အနီး ဆိပ်ဖူးတောင်ခြေ၌တိုက်ပွဲဖြစ်ပွားကာ မော်တော်ယာဉ်နှစ်စီး မီးလောင်ကျွမ်းပျက်စီးခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောဆိုသည်။
"ဒီကနေ့ မနက်စောစောမှာ ကော့ကရိတ်-မြဝတီ အာရှလမ်းမ အဲဒီအနီးမှာပဲ စစ်တပ်ရယ် BGF အဖွဲ့ရယ်နဲ့ KNU တိုက်ပွဲဖြစ်သွားပါတယ်။ အခုအထိက စစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်နေတဲ့အသံတွေကြားနေရတာရှိပါတယ်"ဟု မြဝတီဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ ကုန်တင်ယာဉ်နှင့် ခရီးသွားမော်တော်ယာဉ်များမှာ သွားလာရန်အခက်အခဲဖြစ်နေသည်ဟု ရန်ကုန်-မြဝတီ ယာဉ်လိုင်းမောင်းနှင်သူတစ်ဦးမှ ဆိုသည်။
"အခုအချိန်အထိ လက်နက်ကြီးပစ်သံတွေကြားနေရတုန်းပဲ။ လမ်းမှာလည်း ကားတွေမီးလောင်ကုန်တာရှိနေတယ်။ ခရီးသွားယာဉ်တွေကော၊ ကုန်တင်ယာဉ်တွေ အကုန်အာရှလမ်းမပေါ်မှာပိတ်မိကုန်တယ်။ ပြန်ပြီးထွက်ရ၊မရကို အခြေအနေစောင့်ကြည့်နေပါတယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်မတ်လ နောက်ဆုံးသီတင်းပတ်ကလည်း ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်တွင် KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးသွားယာဉ်အချို့ မီးလောင်ပျက်စီးမှုရှိခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကရင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းနေမှုကြောင့် KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ ကော့ကရိတ်-မြဝတီ၊ မြဝတီ-ဝေါလေနှင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လမ်းမတို့၌ ခရီးသွားလာခြင်းမပြုရန်
ပြီးခဲ့သည့်မတ်လအတွင်းက ပြည်သူများသို့သတိပေးစာထုတ်ပြန်ခဲ့သည်။