- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်ဒေသခံကို ဇနီးဖြစ်သူတွေ့လိုသော်လည်း သတင်းအစအနပျောက်နေ
တောင်ကုတ်မြို့နယ်၊ ပဒါကျေးရွာအုပ်စု၊ ပေါက်အင်းကျေးရွာမှ ဒေသခံတစ်ဦးမှာ မတ်လ ၁၀ ရက်နေ့ကပင် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုခံနေရသော်လည်း လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေး၍ စိုးရိမ်နေရသည်ဟု ဇနီးဖြစ်သူ မအေအေးပြုံးကပြောသည်။
14 Mar 2022
DMG ၊ မတ်လ ၁၄
တောင်ကုတ်မြို့နယ်၊ ပဒါကျေးရွာအုပ်စု၊ ပေါက်အင်းကျေးရွာမှ ဒေသခံတစ်ဦးမှာ မတ်လ ၁၀ ရက်နေ့ကပင် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုခံနေရသော်လည်း လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေး၍ စိုးရိမ်နေရသည်ဟု ဇနီးဖြစ်သူ မအေအေးပြုံးကပြောသည်။
ဖမ်းဆီးခံရသူမှာ အသက် ၄၇ နှစ်အရွယ် ဦးမောင်လှရွှေဆိုသူဖြစ်ပြီး ပေါက်အင်းကျေးရွာထဲတွင် ညနေ ၁၀ နာရီခန့်က ဖမ်းဆီးခံရခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့်ဖမ်းဆီးခံရသည်ကို မသိရှိရသေးဟု ဇနီးဖြစ်သူက ဆက်လက်ပြောသည်။
“ဘာကြောင့်ဖမ်းတာလည်း ခုထိမသိရသေးဘူး။ အဆက်အသွယ်လည်းမရဘူး။ သူက ကျန်မာရေးလည်းမကောင်းတော့ သူ့ကျန်မာရေးအတွက်စိုးရိမ်တယ်။ သူ့ကျန်းမာရေးကြောင့် ပြန်လာစေချင်တယ်။ အဆက်အသွယ်လည်းမရတော့ ဘယ်မှာဖမ်းဆီးထားမှန်း မသိဘူးဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။
ယင်းနေ့တွင် အဆိုပါရွာသို့ စစ်ကြောင်းတစ်ခုရောက်ရှိလာပြီး ညနေပိုင်းတွင် ရွာပြင်သို့မထွက်ရဟု ပြောဆိုခဲ့သည်။ ထိုနေ့တွင် ကျေးရွာအတွင်းရှင်ပြုပွဲရှိပြီး ယင်းပွဲမှအပြန် ကင်းလှည့်နေသည့်စစ်ကြောင်းနှင့်တွေ့ကာ အဖမ်းခံရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူ၏ညီ ကိုအောင်သာမိုးကပြောသည်။
“အဲဒီနေ့က ရွာမှာရှင်ပြုပွဲရှိတယ်။ ကျနော့်အစ်ကိုက ရှင်ပြုပွဲက အပြန် သူတို့နဲ့တွေ့တော့ သူတို့ဖမ်းသွားတာပါ။ ၅၄၄ တပ်ရင်းကတော့ ရွာပြင်မထွက်ရဘူးလို့ထုတ်ပြန်ထားတယ်။ ထုတ်ပြန်ထားတာကို မသိတဲ့သူတွေ မသိဘူး။ ကျနော်အစ်ကိုက ၉ နာရီကျော်လောက်ပဲရှိတယ်။ သူတို့စစ်ဆေးမယ်ဆိုပြီး ဖမ်းသွားတယ်။ အဲဒီနေ့က ကျနော်အစ်ကိုမှာလည်း ဖုန်းလည်းမပါသွားဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်၏ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။