- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပေါင်းတည်မြို့တွင် CDM စည်ပင်ဝန်ထမ်းတစ်ဦးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံရ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် စည်ပင်ဝန်ထမ်းတစ်ဦးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတစ်ဦးတို့ကို ယမန်နေ့ (ဖေဖော်ဝါရီ ၃) ရက် ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့များမှ လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
04 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် စည်ပင်ဝန်ထမ်းတစ်ဦးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတစ်ဦးတို့ကို ယမန်နေ့ (ဖေဖော်ဝါရီ ၃) ရက် ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့များမှ လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသူများထဲက စည်ပင်ဝန်ထမ်း ကိုဆင်ပေါက်မှာ စစ်တပ်မှအာဏာသိမ်းယူသည့်အချိန်မှစကာ CDM ပြုလုပ်ထားသူဖြစ်ပြီး ပေါင်းတည်မြို့ မင်းကွက် ၁ ရပ်ကွက်၊ စည်ပင်ဝန်းအတွင်း နေထိုင်ကြောင်း သိရသည်။
နေအိမ်တွင် မိသားစုနှင့်တီဗီကြည့်ရှုနေစဉ် စစ်ကောင်စီအဖွဲ့များမှ ဝင်ရောက်ကာ လက်ကိုင်ဖုန်းသိမ်းဆည်းခဲ့ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ကိုဆင်ပေါက်နှင့် နီးစပ်သည့် စည်ပင်ဝန်းအတွင်း နေထိုင်သူတစ်ဦးက DMG ကို ပြောသည်။
"ကိုဆင်ပေါက်က စည်ပင်ဝန်းထဲမှာပဲ အရင်ကတဲကနေတယ်။ CDM ဝင်ထားတယ်လို့တော့ သိထားတယ်။ မနေ့ညပိုင်းက သူ့အိမ်မှာ တီဗီကြည့်နေတုန်း ရဲတွေကော စစ်သားတွေကော လာပြီးဖမ်းဆီးသွားတယ်။ သူလက်ကိုင်ဖုန်းကိုလည်း သိမ်းဆည်းသွားတာရှိတယ်။ " ဟု ၎င်းကဆိုသည်။
ထို့အပြင် လူမှုကွန်ယက်စာမျက်နှာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်စာရေးသားသူဘွဲ့ပင်ကန်ရပ်ကွက်မှ အမျိုးသမီးငယ်တစ်ဦးကိုလည်း ယမန်နေ့ညပိုင်းတွင် သူမနေအိမ်သို့ စစ်ကောင်စီအဖွဲ့မှ
အင်အားသုံးဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံဆော်စာရေးသားသူ အမျိုးသမီးငယ်မှာ ပန်းလေးချစ်သူအကောင့်ဖြင့် လူမှုစာမျက်နှာပေါ်တွင် ပို့စ်မျှဝေမှုနှင့် မှတ်ချက်ပေးရေးသားမှုကြောင့် စစ်ကောင်စီမှ စုံစမ်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူပန်းလေးချစ်သူအကောင့်နှင့်နီးစပ်သည့် မိသားစုဝင်တစ်ဦးက ပြောသည်။
" အစ်မက ပန်းလေးချစ်သူဆိုတဲ့ နာမည်နဲ့လူမှုစာမျက်နှာမှာ သူများတင်တာတွေကို share တာတို့ သူများတင်တဲ့ အထဲတွေမှာ ဝင်ရေးတာတွေပဲ တွေ့ရတာပါ။ အရမ်းလူသိများတဲ့ အကောင့်တော့မဟုတ်ပါဘူး။ သူ့ပုံနဲ့တင်ထားပြီး ပေါင်းတည်က ဂရုတွေမှာ ဝင်ရေးမိတာကို တွေ့လို့ လာဖမ်းသွားတာဖြစ်နိုင်တယ်" ဟု ဆိုသည်။
ထိုဖမ်းဆီးခံရသူများကို ပေါင်းတည်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စည်ပင်ဝင်းအတွင်း နေထိုင်သူတစ်ဦးမှ ထပ်မံပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မင်းကွက် (၁) ရပ်ကွက် စည်ပင်ဝန်းအတွင်း၌ ပေါက်ကွဲရေးပစ္စည်း လက်လုပ်ဗုံးများတွေရှိသည်ဟုဆိုပြီး ပေါင်းတည်မြို့တွင် စစ်ကောင်စီအဖွဲ့မှ ဆက်တိုက်ဆိုသလို ရှာဖွေဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။