- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ရမ်းဗြဲဒေသခံ ၁၆ ဦးအနက် ၁၅ ဦး ပြန်လွတ်
အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးထားသည့် ဒေသခံ ၁၂ ဦးနှင့် အောက်တိုဘာလ ၉ ရက်နေ့တွင် ဖမ်းဆီးထားသည့် ဒေသခံ ၄ ဦးတို့ထဲမှ လက်ရှိတွင် ၁၅ ဦးကို ပြန်လွတ်လာခြင်းဖြစ်သည်။ ဆက်လက် ဖမ်းဆီးခံထားရသူတစ်ဦးမှာ ချင်းမင်းပြင်ကျေးရွာမှ ကိုအောင်ကျော်ဝင်းဖြစ်သည်။
19 Oct 2022
ရမ်းဗြဲမြို့မရဲစခန်းကို တွေ့ရစဉ်။
DMG ၊ အောက်တိုဘာ ၁၉
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ ဒေသခံ ၁၆ ဦးအနက် ၁၅ ဦးမှာ ပြန်လွတ်လာပြီး တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု လွတ်မြောက်လာသူများထံမှ သိရသည်။
အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးထားသည့် ဒေသခံ ၁၂ ဦးနှင့် အောက်တိုဘာလ ၉ ရက်နေ့တွင် ဖမ်းဆီးထားသည့် ဒေသခံ ၄ ဦးတို့ထဲမှ လက်ရှိတွင် ၁၅ ဦးကို ပြန်လွတ်လာခြင်းဖြစ်သည်။ ဆက်လက် ဖမ်းဆီးခံထားရသူတစ်ဦးမှာ ချင်းမင်းပြင်ကျေးရွာမှ ကိုအောင်ကျော်ဝင်းဖြစ်သည်။
“ကျနော်တို့ရပ်ကွက်က အကုန် ၈ ယောက်၊ နောက်ရပ်ကွက်နဲ့ နယ်ဖက်က(၄)ယောက် စုစုပေါင်း(၁၂) ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်။ မနေ့က ပြန်လွှတ်ပေးတာဖြစ်တယ်။ AA ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့တယ်”ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ပြန်လွတ်လာသူများ၏ အဆိုအရ ဖမ်းဆီးခံခဲ့ရစဉ် ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းခြင်း၊ ရက္ခိုင့်တပ်တော်ကို မကူညီရန် သတိပေးမှုများရှိခဲ့ကြောင်း သိရသည်။
နောက်ထပ် လွတ်မြောက်လာသူတစ်ဦးက “ရိုက်နှက် စစ်ဆေးတာတော့ရှိတယ်။ AA နဲ့ မပတ်သက်ဖို့နဲ့ မကူညီဖို့ကို ပြောတာရှိတယ်။ အေအေကိစ္စတွေကို မေးတာရှိတယ်။ ကိုအောင်ကျော်ဝင်းကတော့ ပြန်မလွတ်သေးဘူး”ဟု ဆိုသည်။
ယခင် ၂၀၁၈ မှ ၂၀၂၀ အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့စဉ်ကာလက ရခိုင်ပြည် တောင်ဘက်ပိုင်းရှိ မြို့နယ်များဖြစ်သည့် ရမ်းဗြဲ၊ သံတွဲ၊ မာန်အောင်၊ တောင်ကုတ် စသည့်မြို့နယ်များမှ ဒေသခံများကို ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းခြင်းများ နည်းပါးခဲ့သည်။
သို့ရာတွင် တစ်နှစ်ကျော်ကြာ တိုက်ပွဲရပ်တန့်နေချိန်တွင် ရက္ခိုင့်တပ်တော်က တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များကို ပြည်နယ်အနှံ့ ဆောင်ရွက်လာချိန်တွင် မြန်မာစစ်တပ်က ရခိုင်တောင်ပိုင်းမြို့နယ်များကိုလည်း အာရုံစိုက်လာခဲ့ပြီး AA နှင့်မပတ်သက်ရန် သတိပေးမှုများရှိခဲ့သည်။ လက်ရှိတွင် ရခိုင်ပြည် မြောက်ဘက်ပိုင်း မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားလာပြီးနောက် ရခိုင်တောင်ပိုင်းမှ ဒေသခံများကိုလည်း သံသယများဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ရှိလာနေသည်။