- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဖမ်းဆီးခံထားရသည့် ဘူးသီးတောင်ဒေသခံ ၂၁ ဦး ထဲမှ ၇ ဦးပြန်လွတ်လာ၊ ကျန်လူများ မိသားစုနှင့် တွေ့ခွင့်မရသေး
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးနှင့် ဆိပ်ကမ်းအနီးတို့တွင် အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့သည့် ရခိုင်နှင့် မွတ်ဆလင်များ အပါအဝင် ဒေသခံ ၂၁ ဦးထဲမှ ၇ ဦးသာပြန်လွတ် သေးပြီး ကျန်ဖမ်းဆီးခံထားရသူများမှာ ၁၃ ရက်ကြာသည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
04 Nov 2022
ဘူးသီးတောင်မြို့ ဆိပ်ကမ်းအား ၂၀၂၂ ဇန်နဝါရီလက တွေ့ရစဉ်။
DMG ၊ နိုဝင်ဘာ ၄
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးနှင့် ဆိပ်ကမ်းအနီးတို့တွင် အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့သည့် ရခိုင်နှင့် မွတ်ဆလင်များ အပါအဝင် ဒေသခံ ၂၁ ဦးထဲမှ ၇ ဦးသာပြန်လွတ် သေးပြီး ကျန်ဖမ်းဆီးခံထားရသူများမှာ ၁၃ ရက်ကြာသည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဖမ်းဆီးခံရသူများမှာ ဦးတင့်ဝင်း၊ ဦးမောင်အေးထွန်း၊ ကိုကျော်စိုးနိုင်၊ ဦးကျော်လှမြင့်၊ ဦးဇော်ဝင်း၊ ဦး မော်နီအာမောက်၊ ကိုတော်ယု၊ ဦးအူဘိုင်ဒူလာ၊ ကိုသက်ထူး၊ ကိုညီညီစိုး၊ ကိုအောင်ကျော်ဌေးနှင့် အခြား ဖမ်းဆီးခံရသူများမှာ အမည်စုံစမ်းဆဲဖြစ်သည်။
ဈေးတွင်တာဝန်ကျနေ သည့် ရဲတပ်ဖွဲ့ဝင် ဇော်ဝင်းမှာ အောက်တိုဘာ ၂၅ ရက်နေ့ကလွတ်မြောက်လာပြီး၊ မွတ်ဆလင်အမျိုး သားနှစ်ဦး၊ ဈေးကောက်တစ်ဦးနှင့် ရခိုင်လူမျိုး ကိုကျောက်ခဲ အပါအဝင် အမျိုးသား ၃ ဦးတို့မှာ နိုဝင်ဘာလ (၂) ရက်နေ့က လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။
ပြန်လွတ်လာသူများကို သွားရောက်တွေ့ဆုံခဲ့သူ တစ်ဦးက “ သူတို့ပြောတာကတော့ သူတို့ကို ဖမ်းကတည်းက မျက်နှာ ဖုံးစွပ်ပြီးတော့ ယူသွားတဲ့အတွက် ဘယ်ကိုခေါ် သွားလဲဆိုတာလည်း မသိဘူးလို့ပြောတယ်။ နောက်ပြီး တော့ လူစုတွေ ခွဲလိုက်တဲ့အတွက် နောက်ထပ်အဖမ်း ခံထားရတဲ့ သူတွေလည်း ဘယ်မှာ ရှိတယ်ဆိုတာလည်း မသိကြဘူး။ ရိုက်နှာတာတွေတော့ မရှိဘူးလို့ ပြောတယ်။ ဖုန်းတွေကို စစ်ဆေး တယ်လို့ သိရတယ် ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဆက်လက် ဖမ်းဆီးခံရသူများကိုလည်း မည့်သည်နေရာတွင် ထိန်သိမ်းထားသည်ကို မသိရှိရသေး အပြင် အဆက်အသွယ်လည်း မရသေးသောကြောင့် စိုးရိမ်မှုရှိသည်ဟုဖမ်းဆီးခံထားရသူ ကိုညီညီစိုး၏ မိသားစုဝင် တစ်ဦးက DMG သို့ပြောသည်။
ကိုညီညီစိုး၏ မိသားစုဝင်တစ်ဦးက “ လွတ်လာတဲ့သူတွေကို ကျနော်တို့တော့ မေးကြည့်တော့ သူတို့ကို တစ် ယောက်တစ်နေရာစီ ခွဲထားတယ်လို့ပြောတယ်။ နောက်ပြီးတော့ ဖမ်းသွားတဲ့ အခါလည်း မျက်နှာဖုံးစွပ်ထား တဲ့အတွက် ဘယ်ကိုခေါ်လို့ ခေါ်သွားမှန်း မသိဘူးလို့ပြောတယ်။ အခုသူတို့ကို ဘယ်တပ်ရင်းမှာဖမ်းထားတဲ့ ဆိုတာ လည်း မသိရသေးဘူး။ အဆက်အသွယ်လည်းမရဘူး။ အခုဆိုရင်ဖမ်းထားတာ ရက်ပေါင်း ၁၀ ကျော်လာပြီ။ စိုးရိမ် မှုရှိတာပေါ့ ” ဟု ၎င်းကဆိုသည်။
ကိုညီညီစိုးမှာ Capital ဆေးလိပ်ကုမ္ပဏီမှ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် အရောင်းကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့က မောင်တောသို့ပို့ရန် ဆေးလိပ်များကို စက်လှေမှ ကားပေါ်သို့ တင်နေစဉ် ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ပြောပြချက်အရ သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် မြို့မဈေး ဈေးကောက်နှင့် စာရေး၊ ဆိပ်ကမ်းရှိ စက်လှေပိုင်ရှင်များနှင့် ကုန်တင်ကုန်ချ လုပ်ကိုင်သူများပါဝင်ပြီး ၎င်းတို့ကို အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာစစ်တပ်တပ်ဖွဲ့ဝင် အင်အား (၅၀) ခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
မြန်မာစစ်တပ်က ပြည်သူလူထုကို လိုက်လံ ဖမ်းဆီးနေခြင်းမှာ ပြည်သူများကို အကြောက်တရားဖြစ်အောင် လုပ်ဆောင်နေခြင်းဟု ဘူးသီးတောင်မြို့နယ် အမတ်ဟောင်း ဦးအောင်သောင်းရွှေက သုံးသပ်သည်။
“ မြန်မာစစ်တပ်က အကြောက်တရားနဲ့ ပြည်သူတွေကို ဖမ်းဆီးနေတယ်။ ULA/AA တပ်ဖွဲ့ဝင်တွေကျတော့ မဖမ်းနိုင်ဘဲ ပြည်သူတွေကိုပဲ ဖမ်းဆီးနေတယ်။ တမင်တကာ ပြည်သူတွေကို ကြောက်အောင်လုပ်နေသလို ပြည်သူဖက်ကို ဦးတည်ပြီးလုပ်နေတယ်လို့ပဲမြင်တယ်။ အရပ်သားတွေကို ဖမ်းဆီးနေတာဟာ စစ်ရေး အရ ဆိုရင်လည်း စစ်ရာဇဝတ်မှုကိုကျူးလွန်းတာဖြစ်တယ် ”ဟု ၎င်းကဆိုသည်။
ထိုသို့ ဘူးသီးတောင်မြို့ပေါ်မှ ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်ပြီး ရခိုင် ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။