- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အမ်းတွင် ဆရာတော်ဦးဥတ္တမအားပူဇော်ထားသည့် ပန်းခွေများပျောက်ဆုံးသွားမှု မီဒီယာများတွင်ဖော်ပြပြီးနောက် ပန်းခွေများကို မူလနေရာတွင်ပြန်လာထား
ယနေ့ကျရောက်သည့် (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ဆရာတော်ဦးဥတ္တမရုပ်ထုရှေ့၌ ဒေသခံများမှ ဂါရဝပြူပူဇော်ထားခဲ့သည့်ပန်းခွေများမှာ နံနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ကြောင်း သွားရောက်ပူဇော်ခဲ့သူများက ပြောသည်။
09 Sep 2021
DMG ၊ စက်တင်ဘာ ၉
ယနေ့ကျရောက်သည့် (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ဆရာတော်ဦးဥတ္တမရုပ်ထုရှေ့၌ ဒေသခံများမှ ဂါရဝပြူပူဇော်ထားခဲ့သည့် ပန်းခွေများမှာ နံနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ကြောင်း သွားရောက်ပူဇော်ခဲ့သူများက ပြောသည်။
အမ်းလူငယ်မျိုးဆက်သစ်ကွန်ယက်အဖွဲ့မှဦးဆောင်ကာ နံနက် ၇ နာရီခန့်က ဆရာတော်၏ရုပ်ထုရှေ့၌ ပန်းခွေချဂါရဝပြုခဲ့ပြီး ၉ နာရီခန့်တွင် ပန်းခွေများပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်ရုပ်ထုရှိရာ ပန်းခြံအနီးတဝိုင်းတွင် ရဲတပ်ဖွဲ့ဝင်အပါအဝင် စစ်သားအင်အား ၃၀ ခန့်ကလုံခြုံရေးယူထားသော်လည်း ယင်းသို့ပန်းခွေများပျောက်သွားသည်ကိုမသိရှိဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောကြောင်း အမ်းမျိုးဆက်သစ်ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက DMG ကို ထပ်ဆင့်ပြောကြားသည်။
ယင်းသို့ ဆရာတော်ရုပ်ထုရှေ့၌ပူဇော်ထားသည့် ပန်းခွေများပျောက်ဆုံးသွားသည့်အကြောင်းကို ရခိုင်အခြေစိုက်သတင်းဌာနများမှဖော်ပြခဲ့ပြီးနောက် ယနေ့နေ့လည် ၁ နာရီခန့်တွင် ပန်းခွေများ မူလနေရာသို့ပြန်လည်ထားရှိလာကြောင်း သိရသည်။
အမ်းလူငယ်မျိုးဆက်သစ်ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက “ပန်းခွေတွေအကုန်လုံး ကျနော်တို့ထားခဲ့တဲ့နေရာကို ပြန်ရောက်လာတယ်။ ပန်းခွေကသုံးခုပါ၊ သုံးခုလုံးပြန်ရောက်နေတယ်။ ဘယ်သူတွေကယူပြီး ဘယ်သူတွေကပြန်ပြီးလာထားလိုက်တာလည်းမသိဘူး။ မနက်ပိုင်းပျောက်သွားပြီး နေ့လည် ၁ နာရီလောက်မှာပြန်ရောက်လာတယ်“ ဟု ပြောသည်။
ယနေ့ကျရောက်သည့် (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်မှ မြို့နယ်အသီးသီး၌ ဆရာတော်အား ရှိခိုးဂါရဝပြုကာ ပန်းခွေများဖြင့်ပူဇော်ခဲ့ကြသည်။