- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စာရေးဆရာမောင်သာချိုနှင့် ဆရာထင်လင်းဦးတို့ကို စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်
စာရေးဆရာနှစ်ဦးဖြစ်သူ ဆရာမောင်သာချိုနှင့် ဆရာထင်လင်းဦးတို့ကို ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်)တွင် မြောက်ဥက္ကလာပမြို့နယ်အထူးတရားမှ နိုင်ငံရေးပုဒ်မဖြစ်သည့် ပုဒ်မ၅၀၅-က နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။
22 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂၂
စာရေးဆရာနှစ်ဦးဖြစ်သူ ဆရာမောင်သာချိုနှင့် ဆရာထင်လင်းဦးတို့ကို ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်)တွင် မြောက်ဥက္ကလာပမြို့နယ်အထူးတရားမှ နိုင်ငံရေးပုဒ်မဖြစ်သည့် ပုဒ်မ၅၀၅-က နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။
ဆရာမောင်သာချိုကို ရာဇတ်သတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ်(၂)နှစ်နှင့် ဆရာထင်လင်းဦးကို ပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ်(၃)နှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးမှ DMG ကိုပြောသည်။
"ဆရာမောင်သာချိုကိုကော ဆရာထင်လင်းဦးကို ပုဒ်မ-၅၀၅(က)နဲ့ ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။ ဆရာမောင်သာချိုက(၂)နှစ်နဲ့ ဆရာထင်လင်းဦးကိုတော့(၃)နှစ် ထောင်ဒဏ်တွေကို မြောက်ဥက္ကလာပမြို့နယ်တရားရုံးကနေ ချမှတ်သွားတာဖြစ်ပါတယ်"ဟု ၎င်းမှပြောသည်။
စစ်တပ်မှအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဆရာမောင်သာချိုနှင့် ဆရာထင်လင်းဦးတို့ကို စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ကာ တစ်နှစ်ကျော်အကြာတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြစ်ဒဏ်ချမှတ်ခံရသော စာရေးဆရာနှစ်ဦးစလုံးမှာ ထောင်တွင်း၌ ကျန်းမာရေးကောင်းမွန်နေကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးမှဆိုသည်။
"လက်ရှိအချိန်အထိ ဆရာနှစ်ဦးစလုံးက ကျန်းမာရေးကောင်းနေပါတယ်။ အခြားထွေထူးတော့မရှိပါဘူး။ ဖျားနာတာအနည်းငယ်သာရှိပါတယ်"ဟု ၎င်းမှဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ မြန်မာစာဆရာကြီး ဦးမြင့်ဇော်(ရွှေတံခါး)ကို မြောက်ဥက္ကလာပမြို့နယ်အထူးတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။
ဆရာဦးမြင့်ဇော်ကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ သူ၏နေအိမ်မှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီမှဖမ်းဆီးခဲ့သည်။ ၎င်းကို မြောက်ဥက္ကလာပမြို့နယ်တွင်ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ပါဝင်မှု၊ PDF နှင့် NUG အဖွဲ့တို့ကို ဆက်သွယ်ပြီးငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဆရာမြင့်ဇော်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး အင်းစိန်ထောင်သို့ပို့ဆောင်ထားရကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။