- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရွာချောင်းကြီးတံတားဟောင်းမှာ အန္တရာယ်ရှိသဖြင့် တံတားသစ်မှ အမြန်ဆုံးသွားခွင့်ရရှိရေး ဒေသခံများလိုလားနေ
ရခိုင်ပြည်နယ် မင်းပြား-ပေါက်တောကားလမ်းပေါ်ရှိ ရွာချောင်းကြီးတံတားဟောင်းမှာ သွားလာရေးအန္တရာယ်ရှိသဖြင့် ယခုဆောက်လုပ်ထားသည့်တံတားအသစ်မှ ကားများဖြတ်သန်းခွင့်ရရန် ဒေသခံများက လိုလားနေကြသည်။
15 Mar 2022
DMG ၊ မတ် ၁၅
ရခိုင်ပြည်နယ် မင်းပြား-ပေါက်တောကားလမ်းပေါ်ရှိ ရွာချောင်းကြီးတံတားဟောင်းမှာ သွားလာရေးအန္တရာယ်ရှိသဖြင့် ယခုဆောက်လုပ်ထားသည့်တံတားအသစ်မှ ကားများဖြတ်သန်းခွင့်ရရန် ဒေသခံများက လိုလားနေကြသည်။
အဆိုပါတံတားမှာ ပေါက်တောမြို့နှင့် ၂ မိုင်ခန့်အကွာ မင်းပြားကားလမ်းပေါ်တွင် အရေးကြီးသည့်တံတားတစ်စင်းဖြစ်ပြီး လက်ရှိသွားလာနေရသည့် ဘေလီတံတားဟောင်းမှာ အလယ်တွင် သစ်သားများပေါက်ပြဲနေပြီး ခရီးသည်တို့အန္တရာယ်ရှိနေသဖြင့်
ယခုအသစ်ပြုလုပ်ထားသည့်တံတားပေါ်မှ ဖြတ်သန်းခွင့်ရရန် ဒေသခံများက တောင်းဆိုကြသည်။
“တံတားအဟောင်းက ပေါက်ပြဲတာတွေရှိတယ်။ တစ်ချို့ကားကြီးတွေ၊ တေဘာကားတွေက ကျောက်တင်လို့သွားတယ်။ အဲဒီလို အပေါက်တွေများလာမယ်ဆို လုံးဝသွားလို့မရဖြစ်သွားမှာ၊ တံတားအဟောင်းကို ပြန်ပြင်ပေးမယ့်သူကလည်း မရှိဘူး။ တံတားအသစ်ကလည်း ပြီးနေပြီ။ ဒါပေမယ့် ချဉ်းကပ်လမ်းမလုပ်ပေးတော့ သွားမရသေး။ အဆင်မပြေဘူး”ဟု ပေါက်တောမြို့ ခံ ဦးကျော်ဝင်းကြီးက DMG သို့ပြောသည်။
အဆိုပါတံတားဟောင်းတွင် သစ်သားများပေါက်ပြဲနေသည့်အတွက် ကားဘီးကျွံကျခြင်းများရှိနေခြင်းကြောင့် ကားများတန်းစီရပ်နားနေရခြင်းများလည်း ရှိတတ်သည်။ ကုန်ကားကြီးများ၊ တေဘာကားများ ဖြတ်သန်းသွားလျှင် ပျက်စီးမှုများရှိနေသောကြောင့် သွားလာရေးအန္တရာယ်ရှိနေပြီး လမ်းခရီးတွင် အချိန်ကြန့်ကြာမှု များရှိနေကြောင်းလည်း သိရသည်။
ထို့အတူ အသစ်ဆောက်လုပ်ထားသော တံတားမှာလည်း ချဉ်းကပ်လမ်း မလုပ်ရသေးသည့်အတွက် သွားလာရေးအဆင်မပြေဖြစ်နေကြသည်။ ယင်းကြောင့် တံတားသစ်တွင် ချဉ်းကပ်လမ်းအမြန်ဆုံးဆောင်ရွက်ပေးကာ ဖြတ်သန်းသွားလာခွင့်ပြုစေလိုကြောင်း ယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးဝင်းလှိုင်က DMG သို့ေ ပြာသည်။
“အခုက တံတားသစ်တစ်ခုဆောက်လုပ်လို့ပြီးရင်တော့ အချိန်ကာလတစ်ခုအထိ တံတားအသစ်ကို အလှကြည့်နေရတဲ့ပုံစံမျိုးဆို ပြည်သူအနေနဲ့နစ်နာမှုဖြစ်တယ်။ တံတားအသစ်ကနေ ဖြတ်သန်းသွားလာလို့ရရင် ကုန်သွယ်စီးဆင်းမှုလည်းမြန်မယ်။ ဈေးနှုန်းတွေလည်း သက်သာလာမယ်”ဟု ဦးဝင်းလှိုင်ကပြောသည်။
ယင်းကြောင့် ရန်ကုန်၊ မန္တလေးမှနေ ပေါက်တောတစ်မြို့နယ်လုံးအတွက် သယ်လာသည့် ကုန်သွယ်စီးဆင်းမှုများမှာလည်း နှောင့်နှေးမှုများနှင့်ကြုံတွေ့နေရကြောင်း ဒေသခံတို့ကဆိုသည်။
ယင်းကြောင့် အရှည်ပေ ၂၆၀ ရှိသည့် တံတားသစ်တစ်စင်းကို ၂၀၁၈ ခုနှစ်ကနေ စီမံကိန်းတန်ဖိုး ငွေကျပ် ၁၆၇၀ သန်းအကုန်ကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားသစ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ဆောက်လုပ်ပြီးစီးခဲ့သော်လည်း ချဉ်းကပ်လမ်းကို မြေဖို့နိုင်ခြင်းမရှိသေးသဖြင့် လက်ရှိအချိန်ထိ ဖြတ်သန်းသွားလာ၍မရရှိသေးပေ။
ယင်းကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒု-ညွှန်ကြားရေးမှူးဦးမင်းခိုင်က “ချဉ်းကပ်လမ်းပြုလုပ်ဖို့ ဒီနှစ် ပြည်နယ်ဘက်ဂျက်ကတောင်းထားတယ်။ တကယ်ဆို တံတားအပြီး၊ လမ်းအပြီးဖြစ်သင့်တာ။ ဒါပေမယ့် ကုန်ဈေးနှုန်းမြင့်တက်တာတွေကြောင့် မူလကလျာထားတဲ့ စီမံကိန်းတန်ဖိုးနဲ့ မလောက်ဖြစ်သွားလို့ တံတားကိုပဲအပြီးဆောက်လိုက်တော့ ချဉ်းကပ်လမ်းကျန်သွားတာ”ဟု DMG သို့ပြောသည်။