မြန်မာစစ်တပ် ဖမ်းဆီးထားသည့် ကျောက်ဖြူနှင့် အမ်းမှ ဌာနဆိုင်ရာဝန်ထမ်းများအပါဝင်(၆)ဦး မိသားစုနှင့် အဆက်အသွယ်မရသေး

Admin 18 Nov 2022

မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ကျောက်ဖြူမြို့မှ တရားလွတ်တော်ရှေ့နေတစ်ဦးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း (၅)ဦးနှင့် အမ်းမြို့နယ် ညောင်ချောင်းအုပ်ချုပ်ရေးမှူးဟောင်းတို့မှာ လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်တွင် ကုန်းလမ်း၊ရေလမ်းပိတ်ထားသဖြင့် ကျေးလက်ဒေသများတွင် ဆေးဝါးပြတ်တောက်မည့်အရေးနှင့် ကြုံနေရ

Admin 18 Nov 2022

ရခိုင်ပြည်တွင် စစ်ကောင်စီက ကုန်းလမ်း၊ရေလမ်းများကို ပိတ်ပင်ထားသဖြင့် မြို့တော်စစ်တွေသို့ သွားလာရေး ခက်ခဲသွား၍ ကျေးလက်ဒေသများတွင် ဆေးဝါးပစ္စည်းများ ပြတ်တောက်မည့်အရေးနှင့် ကြုံနေရကြောင်း တိုက်နယ်ဆရာဝန်များနှင့် ဒေသခံများက ပြောကြသည်။

စစ်ကောင်စီ၏ လွတ်/ငြိမ်းတွင် ရခိုင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ မပါဝင်

Admin 18 Nov 2022

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ယခင်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများနှင့် တခြားနိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးသော်လည်း ယခုတစ်ကြိမ်တွင် ရခိုင်ပြည်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း သိရသည်။

ကျည်ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် မောင်တော၊ဂြိတ်ချောင်းရွာသားတစ်ဦးသေဆုံး

Admin 18 Nov 2022

လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရှိ၍ စစ်တွေ‌ဆေးရုံ၌ ဆေးကုသမှုခံယူနေသော မောင်တောမြို့နယ်၊ဂြိတ်ချောင်း(မြို)ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ကျောင်းသားမှာ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) ၊နံနက် ၂ နာရီခန့်တွင် သေဆုံးသွားသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ ပြင်းထန်နေသဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားရန် ခက်ခဲလာ

Admin 18 Nov 2022

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာမှုကြောင့် တိုက်ပွဲဧရိယာထဲတွင် နေထိုင်ကြသည့် ကျောင်းနေအရွယ်ကလေးများမှာ ပညာသင်ကြားရန် အခက်အခဲများရှိနေကြောင်း သိရသည်။

ရန်ကုန်- စစ်တွေ ကားလမ်းပိတ်ဆို့မှုကြောင့် စစ်တွေတွင် စက်သုံးဆီပြတ်လပ်လာ

Admin 17 Nov 2022

ရခိုင်ပြည် မြို့တော် စစ်တွေတွင် စက်သုံးဆီများ ပြတ်လပ်နေပြီး အရောင်းဆိုင်များ ပိတ်ထားရသဖြင့် ဝယ်ယူသုံးစွဲသူများမှာ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံကသိရသည်။

ရခိုင်တွင် လမ်းပိတ်ထားသဖြင့် ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်တက်ရန်အခက်အခဲရှိနေ

Admin 17 Nov 2022

ရခိုင်ပြည်မြောက်ဘက်ခြမ်းတွင် စစ်ကောင်စီက ကုန်းလမ်း၊ရေလမ်းမှ သွားလာခွင့်ပိတ်ပင်ထားသဖြင့် ကျောင်း သား၊ကျောင်းသူများမှာ စစ်တွေမြို့သို့လာရောက်ပြီး တက္ကသိုလ်တက်ရန် အခက်အခဲရှိနေကြသည်ဟုသိရသည်။

မောင်တောတွင် အစုလိုက်အပြုံလိုက်လူသေဆုံး၊ ဒဏ်ရာရသူများအတွက် စစ်ကောင်စီက ငွေ ၅ သိန်းနှင့် ဆန် (၁၀) အိတ်ပေး

Admin 17 Nov 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း(မြို)ကျေးရွာတွင် ယမန်နေ့(နိုဝင်ဘာ ၁၆) ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ(၁၁) ဦးနှင့် ဒဏ်ရာရရှိသူ(၂၄) ဦးတို့ အတွက် စစ်ကောင်စီက ငွေကျပ် ၅ သိန်း၊ ဆန်အိတ် ၁၀ အိတ်နှင့် ဆီ ၁ ဗူး ထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံများက DMG သို့ပြောသည်။

ကျောက်တော်တွင် စက်လှေတစ်စီးပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

Admin 17 Nov 2022

ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အတွင်းတွင် ယနေ့ (နိုဝင်ဘာလ ၁၇ ရက်)၊နံနက် ၁၀ နာရီခန့်က စားနပ်ရိ က္ခာများတင်ဆောင်လာသည့် စက်လှေတစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အမျိုးသားနေ့တွင် အကျဥ်းသား ၅၇၀၀ကျော် စစ်ကောင်စီ လွှတ်ပေး၊ နိုင်ငံခြားသား (၄) ဦးပါဝင်

Admin 17 Nov 2022

ယနေ့ ကျရောက်သည့် ၁၀၂ နှစ်မြောက် အမျိုးသားနေ့တွင် နိုင်ငံတဝှမ်းရှိ အကျဥ်းထောင်များမှ အကျဥ်းသား (၅၇၇၄) ဦးကို လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

Admin 17 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ညဉ့်အချိန်တွင် ရွာသား ၉ ဦးထက်မနည်း ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၁၀ ဆောင်ခန့်မှာလည်း မီးရှို့ခံခဲ့ရသည်။

မြန်မာစစ်တပ်က သံတွဲဒေသခံ ၅ ဦးကို ဖမ်းဆီးထား

Admin 17 Nov 2022

ရခိုင်ပြည်၊သံတွဲမြို့နယ်မှ ဒေသခံ ငါးဦးကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးသွားပြီး လက်ရှိ အချိန်ထိ ၄င်းတို့နှင့်တွေ့ခွင့်မရသေးဟု မိသားစုဝင်များက ပြောသည်။

မောင်တောဒေသတွင် ဆန်နှင့်ကုန်စျေးနှုန်းများမြင့်တက်နေသောကြောင့် ပြည်သူများဒုက္ခရောက်

Admin 17 Nov 2022

မြန်မာစစ်တပ်က ကုန်းလမ်း၊ရေလမ်းကို တင်းကျပ်စွာပိတ်ဆို့ထားပြီးနောက် ရခိုင်ပြည်၊မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ဆန်၊စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ အဆမတန်စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

မောင်တောတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံ ၁၀ ဦးသေဆုံး၊ ၂၇ ဦးထက်မနည်း ဒဏ်ရာရ

Admin 16 Nov 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း(မြို)ကျေးရွာသို့ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၁၀ ဦးသေဆုံးပြီး ၂၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆောင်းရာသီဝင်လာ၍ စစ်ဘေးရှောင်များအတွက် စောင်နှင့် အနွေးထည်များလိုအပ်နေ

Admin 16 Nov 2022

ဆောင်းရာသီသို့ ဝင်ရောက်လာပြီဖြစ်သဖြင့် စစ်ဘေးရှောင်များအတွက် အအေးဒဏ်ကိုကာကွယ်နိုင်ရန် စောင့်နှင့် အနွေးထည်များ လိုအပ်နေသည်ဟု ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောဆိုကြသည်။

ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျ၍ ဒေသခံ လေးဦးသေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

Admin 16 Nov 2022

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာတွင် ယနေ့(နိုဝင်ဘာလ ၁၆ ရက်)၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်က ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၄ ဦး သေဆုံးကာ ကျောင်းသူတစ်ဦးအပါအဝင် ရွာသား ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်တွေမြို့တွင် လူသွားလမ်း(ပလက်ဖောင်း)များ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေ

Admin 16 Nov 2022

လက်ရှိတွင် ပြည်နယ်စစ်ကောင်စီမှ စစ်တွေမြို့အတွင်း လူသွားလမ်း(ပလက်ဖောင်း)များကို ပြန်လည်ဖော်ဆောင် လာနေသည်ကို တွေ့ရသော်လည်း မည်ကဲ့သို့စီမံချက်များဖြင့် ရေးဆွဲလုပ်ဆောင်နေသည်ကို သိနိုင်ရန် DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာစစ်တပ်က ရွာထဲဝင်စဥ် လူစုကွဲသွားကြသည့် သက်ကြီးပိုင်း သုံးဦးကို ယခုအချိန်ထိ ရှာမတွေ့သေး

Admin 16 Nov 2022

မြန်မာစစ်တပ်က ရွာထဲဝင်လာစဥ် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးကြရာ လူစုကွဲသွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ သက်ကြီးပိုင်းအမျိုးသားသုံးဦးကို လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်များထံက သိရသည်။

မအီမြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို မြန်မာစစ်တပ်ဖမ်းဆီး

Admin 15 Nov 2022

မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထွန်းကြွယ်ကို နိုဝင်ဘာလ(၁၄)ရက်နေ့၊ ညနေ( ၅)နာရီခန့်က တောင်ကုတ်မြို့ မီးချောင်းထိုးစစ်ဆေးရေးဂိတ်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။

ဘူးသီးတောင်တွင် စစ်ကောင်စီ ကားတစ်စီးကို AA မိုင်းဆွဲတိုက်ခိုက်

Admin 15 Nov 2022

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာ၏ အနောက်မြောက်ဖက်တွင် စစ်ကောင်စီ ယာဉ်တစ်စီးကို ယနေ့ (နိုဝင်ဘာ ၁၅) ရက်နေ့ နံနက် ၁၀ နာရီခန့်က ရက္ခိုင့်တပ်တော် (AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Showing 2,341-2,360 of 8,345 items.