ဖမ်းဆီးခံထားရသည့် ဘူးသီးတောင်ဒေသခံ ၂၁ ဦး ထဲမှ ၇ ဦးပြန်လွတ်လာ၊ ကျန်လူများ မိသားစုနှင့် တွေ့ခွင့်မရသေး

Admin 04 Nov 2022

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးနှင့် ဆိပ်ကမ်းအနီးတို့တွင် အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့သည့် ရခိုင်နှင့် မွတ်ဆလင်များ အပါအဝင် ဒေသခံ ၂၁ ဦးထဲမှ ၇ ဦးသာပြန်လွတ် သေးပြီး ကျန်ဖမ်းဆီးခံထားရသူများမှာ ၁၃ ရက်ကြာသည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကျောက်တော်တွင် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံ ၅ ဦးပြင်းထန်စွာဒဏ်ရာရ

Admin 04 Nov 2022

ကျောက်တော်မြို့နယ်၊ရွှေပြည်သစ်ကျေးရွာနှင့် လက်ဆောင်ကောက်(မွတ်ဆလင်)ရွာထဲတွင် ယနေ့(နိုဝင်ဘာလ ၄ရက်နေ့)၊နံနက် ၁၀ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်သားများ ဝင်ရောက်လာမှုကြောင့် ကျိုက်ဒုံဒေသခံထောင်ချီ ထွက်ပြေးနေရ

Admin 03 Nov 2022

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့အနီးအနားသို့ စစ်ကောင်စီတပ်မှ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်နေ့) နံနက်အစောပိုင်းကစပြီး အင်အားအများအပြားဖြင့် ဝင်ရောက်လာမှုကြောင့် ဒေသခံ (၅၀၀၀) ကျော်မှာ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီသည် အသင်းအဖွဲ့များကို အချိန်မရွေးအရေးယူရန် ဥပဒေများပြဌာန်းလုပ်ဆောင်နေဟု ဝေဖန်

Admin 03 Nov 2022

စစ်ကောင်စီက ပြဌာန်းလိုက်သည့် “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ”မှာ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရပ်တည်ချက်များကို ကန့်သတ်ထိန်းချုပ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အသင်းအဖွဲ့များနှင့် နိုင်ငံရေးသမားများက ရှုမြင်ကြသည်။

စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုပေါ် တုန့်ပြန်သွားမည်ဟု AA ပြော

Admin 03 Nov 2022

လက်ရှိ ရခိုင်ပြည်နယ်အနှံ့မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နေ့စဉ်နီးပါး တိုက်ပွဲ‌ွဖြစ်ပွားနေပြီး မြန်မာ စစ်တပ်၏ လုပ်ရှားမှုအပေါ်မှာမှုတည်ကာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ပြောသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ တွေ့ဆုံမှုမှာ ထူးခြားသော ဆောင်ရွက်မှုများ မဖြစ်လာနိုင်ဟု သုံးသပ်မှုများရှိနေ

Admin 03 Nov 2022

ရခိုင်နှင့် ပလက်ဝဒေသတို့တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲမကြာ ခဏဖြစ်ပွားနေချိန်၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အရာရှိများ အကြား တွေ့ဆုံဆွေးနွေးမှုများရှိနေသော်လည်း ယင်းတွေ့ဆုံမှုများမှာ နိုင်ငံအကြား ထူးထူးခြားခြားပူးပေါင်း ဆောင်ရွက်မှုရှိလာရန် မျော်လင်းချက်မရှိကြောင်း သုံးသပ် ပြောဆိုမှုများရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရသည့် သတင်းသမား ၄ ဦးရှိ၊ ပြစ်မှုကျုးလွန်သူများ တာဝန်ခံနိုင်ရေးအတွက် နိုင်ငံတကာမှ ဆောင်ရွက်သင့်ဟုဆို

Admin 02 Nov 2022

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၄ ဦးနှင့် အာဏာမသိမ်းမီအချိန်က သတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၅ ဦး၊ စုစုပေါင်း ၉ ဦးအထိရှိလာပြီး ပြစ်မှုကျုးလွန်သူများမှာ ပြစ်ဒဏ်မှ ကင်းလွတ်နေသည်ဟု လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ(FEM)မှ ထုတ်ပြန်သည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရခိုင်မြောက်ပိုင်း လယ်သမားများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ် စပါးပင်များ ပျက်စီးမှုများ ရှိလာ

Admin 02 Nov 2022

ရခိုင်ပြည် မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်စသည့်မြို့နယ်များတွင် မြန်မာစစ်တပ်အခြေစိုက်ထားသည့် ဗျူးဟာကုန်း၊ တပ်ရင်း စသည့်နေရာများမှ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေမှုများကြောင့် ဒေသခံလယ်သမားများမှာ  အပြင်သို့ ထွက်၍ စပါးရိတ်သိမ်းရန် အခက်အခဲများရှိနေပြီး စပါးပင်များမှာလည်း အမှည့်လွန်ကာ ပျက်စီးမှုအချို့ရှိလာနေကြောင်း လယ်သမားများထံမှ သိရသည်။

ရခိုင်နှင့် ပလက်ဝတွင် မြန်မာစစ်တပ်နှင့် AA တို့ နှစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာဖြစ်

Admin 02 Nov 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ(၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်တပ် နယ်မြေထဲကို ဝင်ရောက်နေသည်ဟုဆိုကာ ဖယ်ပေးလိုက်ရသည့် ဘူးသီးတောင် စစ်ဘေးရှောင် (၁၀၀) ကျော် အကူအညီလိုအပ်နေ

Admin 02 Nov 2022

ဘူးသီးတောင်မြို့နယ်တွင် စစ်တပ်ဗျူဟာနယ်မြေထဲသို့ ဝင်ရောက်နေသည်ဟုဆိုကာ နေအိမ်များကို ဖယ်ပေးလိုက်ရသည့် ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ လူဦးရေ ၁၀၀ ကျော်မှာ လတ်တလောတွင် နေထိုင်စရာ အခက်အခဲများဖြစ်ပေါ်နေပြီး အကူအညီအထောက်ပံ့များ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူနှင့် ကာ ယကံရှင်များထံမှ သိရသည်။

စစ်ကောင်စီ လမ်းပိတ်ထားသဖြင့် မောင်တောနယ်စပ်ကုန်သွယ်မှု ပမာဏ ၉၀ ရာခိုင်အနှုန်းအထိကျဆင်း

Admin 02 Nov 2022

ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ပင်ခံရသည့် သြဂုတ်လ ၁၃ ရက် နောက်ပိုင်းမှစတင်ကာ လက်ရှိ အချိန်အထိ နှစ်လကျော်ကာလအတွင်းတွင် မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု မောင်တော နယ်စပ်ကုန်သွယ်ရေး အသင်းထံမှ သိရသည်။

တစ်ပတ်အတွင်းရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ)

Admin 01 Nov 2022

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးတွင် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချိန်ခါလီကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်

MOU စနစ်ဖြင့် ထိုင်းသို့ သွားရောက်သူများ စာချုပ်ပါအတိုင်း အလုပ်မရဖြစ်နေ

Admin 01 Nov 2022

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင်သဘောတူစာချုပ်(MOU) စနစ်ဖြင့် သွားရောက်လုပ်ကိုင်သူများမှာ စာချုပ်ပါအတိုင်း အလုပ်များမရရှိသည့်အပြင် ပြည်တွင်းအေဂျင်စီအချို့မှာ တာဝန်ယူဖြေရှင်းမှု မရှိခြင်းတို့ကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

ကယားတွင် အောက်တိုဘာလအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရ

Admin 01 Nov 2022

ကယား (ကရင်နီ) ပြည်နယ်တွင် အောက်တိုဘာလအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ကြောင့် ဒေသခံ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ (၅) ဦး အထိရှိ ခဲ့ကြောင်း စစ်ဘေး ရှောင်ကူညီရေး လုပ် ဆောင်သူ များထံက သိရသည်။

ကျောက်တော်မြို့နယ်တွင် ညအချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၃ ဦးသေဆုံး

Admin 01 Nov 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီစိ(ရခိုင်)ရွာတွင် ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်) ည ၁၁ နာရီအချိန်ခန့်က ကျောက်တော်မြို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(ကျောက်တော်) စကခ(၉)မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင် အိပ်နေသည့် မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

မြန်မာဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်ဟု စစ်ကောင်စီမှ ပြင်ဆင်သည့်ဥပဒေကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ကန့်ကွက်

Admin 31 Oct 2022

မူလက အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ(ခ)တွင် အခြေခံပညာအဆင့်တွင် လိုအပ်ချက်ရှိလျှင် တိုင်းရင်းသားဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ သင်ကြားမှုဘာသာစကားအဖြစ် တွဲဖက်အသုံးပြုနိုင်သည်ဟု ပြဌာန်းခဲ့သည်။

မောင်တောတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် စပါးခင်းများပျက်စီး

Admin 31 Oct 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နံသာတောင်၊ သင်္ဘောလှ၊ သာယာကုန်း၊ ငွေတောင် စသည့်ကျေးရွာများတွင် လယ်ကွင်းထဲသို့ ညဉ့်အချိန် တောဆင်ရိုင်းများ ဝင်ရောက်မှုများကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှု ရှိနေကြောင်းသိရသည်။

ရခိုင်က စစ်ရှောင်အမျိုးသမီးများအတွက် သန္ဓေတားဆေးနှင့် လစဉ်သုံးပစ္စည်းများ လိုအပ်နေ

Admin 31 Oct 2022

စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ဝင်ငွေရရှိမှုနည်းပါးနေချိန်တွင် ယခုကဲသို့ အမျိုးသမီးသုံး ပစ္စည်းများကို ကျန်းမာရေးအတွက် မဖြစ်မနေဝယ်ယူနေကြရသဖြင့် ငွေကြေးကုန်ကျနေရကြောင်းလည်း ပြောဆိုကြသည်။

ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ၁၀ တန်းကျောင်းသူတစ်ဦး ဒဏ်ရာရ

Admin 30 Oct 2022

ဒဏ်ရာရရှိသူမှာ ၁၀ တန်းကျောင်းသူ မသိန်းသိန်းဇံဖြစ်သည်။ ၎င်းမှာ ယမန်နေ့(အောက်တိုဘာလ ၂၉ ရက်)က မိမိနေအိမ်၌ စာဖတ်နေစဉ် အနီးရှိ သစ်ပင်တစ်ပင်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဘယ်ဖက်လက်တွင် ကျည်စထိမှန်သွားခြင်းဖြစ်သည်။

ရခိုင်တွင် လယ်ယာအပျက်အစီးများ၍ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို သတိထားကိုင်တွယ်ရန်လိုအပ်ဟု တောင်သူလယ်သမားသမဂ္ဂပြော

Admin 30 Oct 2022

ရခိုင်ပြည်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ယခုနှစ်အတွင်း ပျက်စီးဆုံးရှုံးမှု များစွာရှိနေသဖြင့် စပါးအထွက်နှုန်း လျော့ကျနိုင်သောကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို အထူးသတိထား ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ တာဝန်ရှိသူက ပြောသည်။

Showing 2,421-2,440 of 8,345 items.