INGO/NGO များကို လွတ်လပ်စွာသွားလာခွင့်ပေးရန် ရခိုင်က စစ်ဘေးရှောင်များ တောင်းဆို

Admin 18 Oct 2022

စစ်ကောင်စီသည် ဒုက္ခရောက်နေကြသည့် စစ်ဘေးရှောင်များကို မကူညီသည့်အပြင် ထောက်ပံ့မှုများ ပြုလုပ်နေသည့် INGO/NGO ကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင်များ အတိဒုက္ခရောက်နေကြသည်။

မင်းပြားတွင် လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ (၃)ဦးသေဆုံး၊ (၆)ဦးဒဏ်ရာရ

Admin 17 Oct 2022

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ယနေ့(အောက်တိုဘာလ ၁၇ ရက်)၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ (၃)ရွာမှ ကျောင်းဆရာမ(၁)ဦးအပါအဝင် ကလေးငယ်များနှင့် ဒေသခံ (၆)ဦး ဒဏ်ရာရရှိခဲ့ပြီး (၃)ဦးသေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ရမ်းဗြဲမြို့တွင် စစ်မှူးထမ်းဟောင်းတစ်ဦး ဖမ်းဆီးခံရပြီးနောက် မြန်မာစစ်တပ်က အဖမ်းအဆီးကြမ်းနေ

Admin 17 Oct 2022

စစ်တပ်မှ ရှာဖွေမှုကြောင့် ရမ်းဗြဲမြို့နယ်အတွင်းမှ လူမှုရေးတက်ကြွလှုပ်ရှားသူများအပါအဝင် ၂၀ ဦးထက် မနည်းမှာလည်း တိမ်းရှောင်လျက်ရှိနေကြသည်။

ကန့်ဘလူတွင် လေးလအတွင်း စစ်ဘေးရှောင် ၃၀ ကျော် မြွေကိုက်ခံရ၊ သေဆုံးသူများလည်းရှိလာ

Admin 17 Oct 2022

စစ်ဘေးရှောင်ဒေသခံများအတွက် အချိန်မီ ဆေးကုသပေးနိုင်ရန် အကူအညီများလိုအပ်နေပြီး လက်ရှိအခြေအနေအရ မြွေဆိပ်ဖြေဆေးများ ဝယ်ယူရာတွင်လည်း ဈေးနှုန်းကြီးမြင့်မှု၊ သွားလာရေးခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု

Admin 16 Oct 2022

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ သတင်းများကို စုစည်းတင်ဆက်ပေးထားပါသည်။

အမ်းတွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည့် ULA/AA ဒုတိုက်နယ်မှူး သေဆုံး

Admin 15 Oct 2022

အသက် ၄၀ အရွယ် ULA/AA ဒုတိုက်နယ်မှူးသည် ကုဇုကိုင်းတိုက်နယ်၊ တောင်မော်ရွာရှိ နေအိမ်တစ်အိမ်တွင် ရှိနေစဉ် စွေ့ချောင်းဗျူဟာကုန်းမှ ဗိုလ်ကြီးဝင်းသူအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်ငါးဦး ရောက်ရှိလာကာ ပစ်ခတ်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံ စစ်တွေဒေသခံ ၇ ဦးနှင့် အဆက်အသွယ်မရသေး

Admin 15 Oct 2022

စစ်တွေဒေသခံ ၇ ဦးကို ဖမ်းဆီးစဉ် ရိုက်နှက်မှုများရှိခဲ့ပြီး ၎င်းတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လတ်တလောတွင် မသိရသေးပါ။

တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ၃ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

Admin 15 Oct 2022

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် အရပ်သားများကို သံသယဖြင့်ဖမ်းဆီးမှု ရှိလာနေသော်လည်း မြန်မာစစ်တပ်မှ သတင်းထုတ်ပြန်လေ့ မရှိပေ။

မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထား

Admin 15 Oct 2022

အဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် အသင်းသား/သူများ လုံခြုံမှု အားနည်းလာသည်ဟု ယူဆကာ မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ရက်ကို ယာယီပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုကို မြန်မာစစ်တပ်မှ ရေကြောင်းသွားလာခွင့်ပိတ်ထား

Admin 15 Oct 2022

ရေလမ်းပိတ်ထားသောကြောင့် ကျေးရွာပေါင်း ၄၈ ရွာမှ ဒေသခံများမှာ နောက်ဆက်တွဲပြဿနာများအတွက် စိုးရိမ်လျက်ရှိနေကြသည်။ 

ကလိန်အောင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်

Admin 15 Oct 2022

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖွင့်လှစ်ထားသည့် ကလိန်အောင်တံတားစစ်ဆေးရေးဂိတ် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

မလေးရှား ရက္ခိုင့်လူမှုကယ်ဆယ်ရေးရုံး(ARRC)ရုံးမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၂၀ ဦးကို မလေးအာဏာပိုင်များ ဖမ်းဆီး

Admin 14 Oct 2022

၄င်းတို့ကို အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်(မလေးစံတော်ချိန်)တွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင် ၇ ဦးက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးပေ။

ပလက်ဝတွင် ညီအစ်ကိုနှစ်ဦးကို စစ်တပ်ကဖမ်းဆီး

Admin 14 Oct 2022

ဖမ်းဆီးခံရသူ နှစ်ဦးတွင် နို့စို့အရွယ် ကလေးများကျန်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို အပြစ်မရှိပါက အမြန်ဆုံး ပြန်လွှတ်ပေးရန် မိသားစုက တောင်းဆိုကြသည်။

ရခိုင်လူထုအကြား စိတ်ဝမ်းကွဲပြားမှုများနှင့် မလိုအပ်သော နောက်ဆက်တွဲဒဏ်ချက်များ မဖြစ်စေရေးအတွက် ဦးကျော်လွင်ကို ပြန်လွှတ်ပေးရန် AFP ပါတီတောင်းဆို

Admin 14 Oct 2022

ဦးကျော်လွင်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားခြင်းမဟုတ်ကြောင်းနှင့် ဖမ်းဆီးထားသည့် အဖွဲ့အစည်းအနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။

ကျောက်တော် စကခ(၉) ခြံစည်းရိုးတွင်ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး ဒဏ်ရာရ

Admin 14 Oct 2022

စကခ(၉)ခြံစည်းရိုးတွင် နောက်ထပ် မိုင်းများလည်းရှိနေသေးသဖြင့် ထပ်မံပေါက်ကွဲမှုဖြစ်မည်ကို စိုးရိမ်နေရကြောင်း ခေါင်းတုပ်ပလောင်ကျေးရွာသားများက ပြောသည်။

စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် မောင်တောနယ်စပ်ကုန်သွယ်မှု ရပ်တန့်မည့်အရေးနှင့် ကြုံနေရ

Admin 14 Oct 2022

လမ်းပိတ်ထားသည့် နှစ်လတာအတွင်း မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းကျော်ခန့် ကျဆင်းသွားခဲ့ပြီး ကုန်သည်များနှင့် အလုပ်သမားများမှာ အခက်အခဲဖြစ်နေကြရသည်။

ကျောက်ဖြူမှ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စမ်းသပ်လည်ပတ်

Admin 14 Oct 2022

တစ်နှစ်လျှင် ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၁၀၀၀ ခန့်ထုတ်လုပ်နိုင်မည့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးစက်ရုံမှ လျှပ်စစ်မီးရရှိရန် ကျောက်ဖြူဒေသခံများ လိုလားနေကြသည်။

စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် စက်လှေ ၉ စီးနှင့် လူ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

Admin 13 Oct 2022

တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ သွားလာခွင့်ပိတ်ထားသည့်အထဲမှ ကုန်ပစ္စည်းများကို ခိုး၍သယ်ဆောင်သည်ဟုဆိုကာ ထိုသို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် စက်လှေပိုင်ရှင်တစ်ဦးက DMG သို့ ပြောသည်။

ကျိုက်ထီးရိုးတောင်တက်လမ်းတွင် ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှုများရှိခဲ့ပြီးနောက် ဘုရားဖူးခွင့် ယာယီပိတ်

Admin 13 Oct 2022

ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းရှိ လုံခြုံရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်။

မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာမှ နေအိမ်အချို့ မီးရှို့ခံရ

Admin 13 Oct 2022

ဖားဝပ်ချောင်းကျေးရွာသို့ စစ်ကောင်စီ စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ ကျေးရွာသားများကို ရွာမှထွက်ခွာရန်ပြောဆိုသဖြင့် ရွာသားအချို့မှာ ဘုန်းတော်ကြီးကျောင်းသို့ ပြေးကြပြီး အချို့မှာလည်း လုံခြုံမည်ထင်မည့် နေရာများသို့ ထွက်ပြေးခဲ့ကြသည်။

Showing 2,501-2,520 of 8,345 items.