ရခိုင်နှင့် ပလက်ဝရှိ တစ်ပတ်အတွင်း တိုက်ပွဲအခြေအနေများ AA ထုတ်ပြန်

Khin Tharaphy Oo 07 Oct 2022

တိုက်ပွဲများအတွင်း စစ်ကောင်စီမှ (၄၀)ဦး သေဆုံးခဲ့ပြီး (၂၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း AA က ဖော်ပြသည်။ သို့သော် AA မှ ထိခိုက်ကျဆုံးမှု အရေအတွက်ကို ဖော်ပြထားခြင်း မရှိပေ။

မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာထဲသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၆ ဦးဒဏ်ရာရ

07 Oct 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် မွန်းလွဲ ၁၂ နာရီကတည်းက မင်းပြားမြို့နယ်၊ ကြပ်စင်တံတားအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်းထောက်ဟောင်း ကိုဖိုးသီဟကို ၅၀၅(က)ဖြင့် စွဲချက်တင်

07 Oct 2022

ကိုဖိုးသီဟကို ပုဒ်မ- ၅၀၅(က)ဖြင့် မြောက်ဦးမြို့နယ်တရားရုံးတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း ကိုဖိုးသီဟ၏ မိသားစုဝင်တစ်ဦးကပြောသည်။

ဘူးသီးတောင်တွင် မျက်နှာဖုံးစွပ်လူတစ်စုက ရာအိမ်မှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်

07 Oct 2022

ကံပြင်(မွတ်ဆလင်)ကျေးရွာမှ အသက်(၄၀)ကျော်အရွယ် ရာအိမ်မှူး ဦးဆာလီဟာမောက်ကို မျက်နှာဖုံးစွပ် လူသုံးဦးက ပစ်သတ်ခဲ့သဖြင့် နေရာတွင်သေဆုံးသွားခဲ့သည်။

ဖမ်းဆီးခံထားရသည့် AFP ပါတီဝင် ဦးမောင်ကောင်း ပြန်လွတ်လာ၊ ဦးကျော်လွင်ကို ဆက်လက်ဖမ်းထားဆဲ

07 Oct 2022

၎င်းတို့နှစ်ဦးကို အောက်တိုဘာလ ၄ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်ကလည်း မျက်နှာကိုဖုံးအုပ်ကာ ခေါ်ဆောင်ခံရခြင်းဖြစ်သည်။ မည်သူမည်ဝါက ဖမ်းဆီးသည်ကို လွတ်မြောက်လာသည့် ဦးမောင်ကောင်းကလည်း ထုတ်ပြောကြားခြင်း မရှိပေ။

ရခိုင့်ဦးဆောင်ပါတီ၏ အကြံပေးပုဂ္ဂိုလ်နှင့် ဗဟိုကော်မတီဝင်တစ်ဦးတို့ ကျောက်ဖြူတွင် ပျောက်ဆုံးနေ

06 Oct 2022

ရခိုင့်ဦးဆောင်ပါတီ(AFP)၏ အကြံပေးပုဂ္ဂိုလ် ဦးကျော်လွင်နှင့် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးမောင်ကောင်းတို့မှာ အောက်တိုဘာလ ၄ ရက်နေ့ ညတွင် ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက DMG သို့ ပြောသည်။

ရခိုင်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ၊ နေအိမ်များလည်း ပျက်စီးမှုရှိနေ

06 Oct 2022

ရခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ယမန်နေ့(အောက်တိုဘာလ ၅ ရက်)က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ နေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဦးမြို့မှ ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းမှ နာရေးကား တာဝန်ခံကို စစ်ကောင်စီကဖမ်းဆီး

06 Oct 2022

ရခိုင်ပြည်၊ မြောက်ဦးမြို့ ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းတွင် လိုအပ်သည့် နာရေးကားများကို တာဝန်ယူထားသည့် (ကားအသင်းဥက္ကဌ)ဖြစ်သူကို ယနေ့(အောက်တိုဘာလ ၆ ရက်) နံနက် ၆ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

ဖမ်းဆီးခံထားရသည့် သံတွဲဒေသခံလေးဦးအနက် နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်

06 Oct 2022

သံတွဲမြို့နယ်အတွင်းမှ ယခုရက်ပိုင်းတွင် ဒေသခံလေးဦးဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ပင်းပက်သံမဏိစက်ရုံကို ပိတ်သိမ်းရန် ပအိုဝ်းလူငယ်အစည်းအရုံး တောင်းဆို

05 Oct 2022

ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်မှစတင်ကာ ရုရှားပိုင်ကုမ္ပဏီ Tyazhpromexport(TPE)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ဒေသခံများ ထွက်ပြေးနေရ

05 Oct 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(အောက်တိုဘာလ ၅ ရက်) နံနက် ၉ နာရီကျော်ခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဂူတာပြင်(မွတ်ဆလင်)ကျေးရွာနှင့် တောင်ရွာ(မွတ်ဆလင်)ကျေးရွာ အကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာစစ်တပ် လက်ထဲရောက်နေသည့် ကျောက်တော်ဒေသခံနှစ်ဦးနှင့် မိသားစု အဆက်အသွယ်ပြတ်နေ

05 Oct 2022

မြန်မာစစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး ခေါ်ဆောင်သွားသည်ဆိုသည့် ကျောက်တော်မြို့နယ်မှ ဒေသခံနှစ်ဦးနှင့် လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များက DMG သို့ပြောသည်။

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်၍ အရပ်သားထိခိုက်သေဆုံးမှုအပေါ် ပြင်းထန်စွာရှုံ့ချခဲ့သည့် ANP ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်

05 Oct 2022

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်ခြင်းအပါအဝင် ရခိုင်ပြည် စစ်ရေးအခြေအနေအား စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ(ANP)မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပုလောမြို့နယ်မှ စစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေ

05 Oct 2022

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းက စစ်ဘေးရှောင်(၉၀၀၀)ကျော်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် ဘူးသီးတောင်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်မှူးနှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်

Admin 04 Oct 2022

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့က ဘူးသီးတောင်တပ်ရင်း(၂၃၄)စစ်ဗျူဟာ တာဝန်ရှိသူတို့က အနီးအနားမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးကို အစည်းအဝေးခေါ်ယူခဲ့ပြီး အဆိုပါကျေးရွာအုပ်ချုပ်ရေမှူးနှစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်

မောင်တောခရိုင်ပညာရေးမှူး အသတ်ခံရသည့်ကိစ္စ PDF လက်ချက်ဟု စစ်ကောင်စီက စွပ်စွဲ

04 Oct 2022

မောင်တောခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း အသတ်ဖြတ်ခံရမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက ယနေ့(အောက်တိုဘာလ ၄ ရက်)တွင် ဖော်ပြသည်။

မောင်တောတွင် ရဲကဖမ်းထားသည့် (၁၃)နှစ်အရွယ်လူငယ်တစ်ဦး ငါးရက်ကြာအထိ ပြန်မလွတ်သေး

04 Oct 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံကျေးရွာမှ အသက်(၁၃)နှစ်အရွယ် မောင်ဆင်ထော်ဆိုသူကို ပြီးခဲ့သည့်(စက်တင်ဘာလ ၂၉ ရက်)တွင် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေရကြောင်း မိသားစုဝင်များကပြောသည်။

ဘူးသီးတောင်မြို့ပေါ် စစ်ရှောင်စခန်းတစ်ခုကို မြန်မာစစ်တပ်က ညဉ့်အချိန်ဝင်ရောက်ကာ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ဒေသခံများစိုးရိမ်နေ

04 Oct 2022

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းကို ယနေ့(အောက်တိုဘာလ ၄ ရက်) နံနက် ၁ နာရီကျော်ခန့်တွင် မြန်မာစစ်တပ်ကဝင်ရောက်လာကာ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ စစ်ဘေးရှောင်များအပါအဝင် ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာသားတစ်ဦးကို မြန်မာစစ်တပ်က ဆက်လက်ဖမ်းဆီးထား

04 Oct 2022

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာသားများအပါအဝင် ဒေသခံ ၂၅ ဦးကို မြန်မာစစ်တပ်က သံသယဖြင့်ဖမ်းဆီးခဲ့ပြီးနောက် အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း မောင်းဆွဲကျေးရွာသားတစ်ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ကယားတွင် လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တစ်လအတွင်း ဒေသခံ ၉ ဦး သေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာရ

03 Oct 2022

ကယား(ကရင်နီ)ပြည်နယ်တွင် လေကြောင်းပစ်ခတ်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဒေသခံ(၉)ဦးသေဆုံးခဲ့ကာ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ သတင်းထုတ်ပြန်သည်။

Showing 2,541-2,560 of 8,345 items.