မြန်မာစစ်တပ်က ဟန့်တားထားသဖြင့် ကျောက်တော်မြို့အထွက်တွင် ခရီးသည်တင်ကားများ ပိတ်မိနေ

25 Sep 2022

ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်က ပိတ်ဆို့ဟန့်တားထားသဖြင့် ကျောက်တော်မြို့အထွက်ဂိတ်တွင် စစ်တွေ-ရန်ကုန်ခရီးသည်တင်ကားများ အပါအဝင် တခြားခရီးသည်ကားများလည်း နာရီနှင့်ချီ ပိတ်မိလျက်ရှိနေသည်။

ဘီးလင်းမြို့နယ်တွင် မွတ်ဆလင် ၃၆ ဦး ဖမ်းဆီးခံရ

24 Sep 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အထောက်အထားမပါဘဲလာသည့် မွတ်ဆလင် ၃၆ ဦးကို ရွှေသံလွင် ပူးပေါင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယခုလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူများရှိလာ

24 Sep 2022

မြန်မာနိုင်ငံတွင် ယခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ (၂၃)ရက်နေ့အတွင်း ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ (၁၀)ဦးအထိရှိလာကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် ဆိုင်မန်နေဂျာ ကိုမျိုးမြင့်ဇော်ကို ပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင်

24 Sep 2022

မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသည့် ဆိုင်မန်နေဂျာ ကိုမျိုးမြင့်ဇော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ဒေသတရားရုံးတစ်ခုတွင် စက်တင်ဘာလ ၂၂ ရက်နေ့က လူသတ်မှုဥပ‌ဒေပုဒ်မ- ၃၀၂ ဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ နရမ်းကျေးရွာမှ ဒေသခံတစ်ဦးကို မြန်မာစစ်တပ်က ရှာဖွေနေ

24 Sep 2022

မင်းပြားမြို့နယ်၊ နရမ်းကျေးရွာမှဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားပြီးနောက် နောက်ထပ်ဒေသခံတစ်ဦးကိုလည်း အပူတပြင်း ရှာဖွေမှုပြုလုပ်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

တောင်ကုတ်ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

24 Sep 2022

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က (စက်တင်ဘာလ ၂၃ ရက်) ညနေ ၄ နာရီခန့်တွင် နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။

ဘူးသီးတောင် သပိတ်တောင်ကျေးရွာတွင် နေအိမ်တချို့ မီးရှို့ခံရဟုဆို

24 Sep 2022

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာတွင် စက်တင်ဘာ ၂၃ ရက်နေ့ ည(၉)နာရီခန့်က နေအိမ်တချို့ မီးရှို့ခံရကြောင်း ဒေသခံများကပြောသည်။

ကျောက်တော်တွင် လက်နက်ကြီးကျည်ကျ၍ တည်းခိုခန်းနှင့် နေအိမ်အချို့ပျက်စီး

24 Sep 2022

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၂ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့်  သိန်းဆန်းအမည်ရှိ တည်းခိုခန်းနှင့် နေအိမ်သုံးအိမ်ခန့် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင်တွင် လက်နက်ကြီးကျရောက်မှုကြောင့် မွတ်ဆလင်နှစ်ဦး ဒဏ်ရာရ

23 Sep 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်အုပ်စု မြောက်ရွာ(မွတ်ဆလင်)တွင် ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက် ၁၁ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် မွတ်ဆလင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအမှု တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နေ

23 Sep 2022

ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာမှ ဒေသခံလူငယ်(၂)ဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရပြီး အမှုအား စစ်ဆေးရန် ရုံးချိန်း(၄)ကြိမ်ထိ ချိန်းဆိုခဲ့သော်လည်း တရာလိုဖက်မှ လာရောက်ခြင်းမရှိသည့်အတွက် အမှုအား စတင်စစ်ဆေးခြင်း မလုပ်နိုင်သေးကြောင်း မိသားစုဝင်များကပြောသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု (၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ)

23 Sep 2022

မြန်မာစစ်တပ်နှင့် AA တို့ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများမှာ ယခုအချိန်တွင် တိုက်ပွဲအရှုံးအနိုင်ကို ဆုံးဖြတ်တော့မည့် အဆုံးသတ်တိုက်ပွဲကာလ ကျရောက်လာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က လူမှုကွန်ယက်ပေါ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ကျောက်ဖြူ SEZ အတွက် ESIA လုပ်ငန်းများကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဟုဆို

23 Sep 2022

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုမည့် “ကျောက်ဖြူအထူးစီးပွားရေးဇုန်”စီမံကိန်းအတွက် ESIA လုပ်ငန်းများကို လာမည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ယူလုပ်ဆောင်မည့် Myanmar Survey Research(MSR)အဖွဲ့မှ သိရသည်။

မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ပြီး လမ်းများပိတ်ထား၍ ဒေသခံများပိတ်မိနေ

22 Sep 2022

မောင်တောမြို့နယ်မြောက်ပိုင်း ကွမ်းသီးပင်ကျေးရွာအနီးတွင် ယနေ့(စက်တင်ဘာလ ၂၂ ရက်)၊ မွန်းလွဲ ၁၂ နာရီခန့်မှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီကျော်ခန့်တွင် ရပ်တန့်သွားသည်ဟု ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့နယ်တွင် အသက်မပြည့်သေးသည့် လူငယ်သုံးဦး ဖမ်းဆီးခံရ

22 Sep 2022

ကျောက်ဖြူမြို့နယ်အတွင်းတွင် အသက် ၁၈ နှစ်အောက် လူငယ်သုံးဦးကို ယနေ့(စက်တင်ဘာလ ၂၂ ရက်)၊ နံနက် ၄ နာရီခန့်တွင် မြန်မာစစ်တပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများကပြောဆိုသည်။

တိုက်ပွဲကြောင့် ထားဝယ်-ထီးခီး ကုန်သွယ်ရေးစခန်း ပြန်ပိတ်

22 Sep 2022

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေမှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို ယခုစက်တင်ဘာလ ပထမအပတ်မှစပြီး ပိတ်ထားလိုက်ရကြောင်း ကုန်သည်များထံမှသိရသည်။

News Feed ပုံစံသစ်ကို မြန်မာတွင် အကောင်အထည်မဖော်ရန် သတင်းမီဒီယာဆိုင်ရာအဖွဲ့အစည်း ၄၀ ကျော်က ဖေ့စ်ဘုတ်ကို တိုက်တွန်း

22 Sep 2022

ဖေ့စ်ဘွတ်ခ်၏(သတင်းအသစ်ရယူမှု) News Feed ပုံစံအသစ်သည် ပြည်သူများက ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များအား လက်လှမ်းမီနိုင်မှုကို အတားအဆီးဖြစ်နေနိုင်ကာ သတင်းအမှားများ ပြန့်ပွားမှုကိုလည်း ဖြစ်ပွားစေနိုင်သောကြောင့် ဖေ့စ်ဘုတ်အနေဖြင့် ယင်းပုံစံသစ်အား မြန်မာနိုင်ငံတွင် အကောင်အထည်မဖော်ရန် သတင်းမီဒီယာတိုက်နှင့် မီဒီယာအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းစုစုပေါင်း(၄၃)ဖွဲ့က ယနေ့(စက်တင်ဘာလ ၂၂ ရက်)နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

ရခိုင်နှင့် ပလက်ဝတွင် သုံးလကျော်အတွင်း မြန်မာစစ်တပ်က သံသယဖြင့်ဖမ်းဆီးခဲ့သူ ၁၄၀ ဝန်းကျင်ရှိ

22 Sep 2022

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများ သံသယဖြင့်ဖမ်းဆီးခံရမှုမှာလည်း များပြားလာနေသည်။

ရခိုင်တွင် ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေး ဆောင်ရွက်မည်

22 Sep 2022

ရခိုင်ပြည်အတွင်းက သံတွဲနှင့် ဂွမြို့နယ်တွင် ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါက်တာ မောင်မောင်ကြည်က DMG သို့ပြောသည်။

မင်းပြား နရမ်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် မြန်မာစစ်တပ်က ရွာသားနှစ်ဦးကို ဖမ်းဆီးထား

22 Sep 2022

မင်းပြားမြို့နယ်၊ နရမ်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေသည့် မြန်မာစစ်တပ်သည် ယမန်နေ့(စက်တင်ဘာလ ၂၁ ရက်)၊ ညနေ ၅ နာရီခန့်က ရွာသား ၂ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ရမ်းဗြဲဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

22 Sep 2022

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ပေါ်က ဒေသခံနှစ်ဦးကို စက်တင်ဘာလ(၂၁)ရက်နေ့၊ ညနေ(၅)နာရီခန့်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားပြီး မြို့ပေါ်ရပ်ကွက်ရှိ လူမှုရေးကိစ္စဆောင်ရွက်သူများ၏ နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Showing 2,601-2,620 of 8,345 items.