မြန်မာစစ်တပ်က ဖမ်းဆီးသွားသည့် သပိတ်တောင်ကျေးရွာသား(၆)ဦးနှင့် မိသားစုဝင်များ တွေ့ခွင့်မရ

03 Oct 2022

မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာမှ ဒေသခံ(၆)ဦးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ရက်သတ္တပတ်ကြာသည့်တိုင် မသိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

မြောက်ဦးမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး

03 Oct 2022

မြောက်ဦးမြို့မဈေးကြီး၌ ဆေးဝါးများရောင်းချနေသည့် ဆိုင်ပိုင်ရှင်တစ်ဦးကို ယနေ့(အောက်တိုဘာလ ၃ ရက်)၊ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး ဆေးရုံတွင်သေဆုံး

02 Oct 2022

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှ ခရိုင်ပညာရေးမှူးမှာ ယနေ့(အောက်တိုဘာလ ၂ ရက်) ညနေ ၆ နာရီခန့်က ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောင်းသားများ ပညာရေးထိခိုက်နေရ

02 Oct 2022

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများထဲတွင် ကျောင်းနေအရွယ် ကလေးငယ်များလည်း ပါဝင်ကြသည်။

ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အများအပြားသို့ ရွှေပြည်တန်ရေယာဉ် ပြေးဆွဲခွင့်မရသေး

01 Oct 2022

ရခိုင်ပြည် ရေကြောင်းသွားလာရေးတွင် အကျယ်ပြန့်ဆုံး ရေယာဉ်လိုင်းတစ်ခုဖြစ်သော ရွှေပြည်တန်အမြန်ရေယာဉ်သည် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များသို့ ခရီးစဉ်ပြေးဆွဲခွင့်မရဘဲ ရပ်တန့်ထားရဆဲဖြစ်သည်ဟု သိရသည်။

တောင်ကုတ်ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွား

01 Oct 2022

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ ဒေသခံနှစ်ဦးကို စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကရင်စစ်ဘေးရှောင်ဦးရေ တစ်ထောင်ခန့်ကို ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ပြန်ပို့

01 Oct 2022

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ကရင်ဒေသခံတစ်ထောင်ခန့်ကို ထိုင်းအာဏာပိုင်များမှ ယမန်နေ့(စက်တင်ဘာလ ၃၀ ရက်)မှစ၍ နေရပ်သို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေချိန် ရခိုင်နှင့်ပလက်ဝမှ စစ်ဘေးဒုက္ခသည်အချို့ကို နေရပ်ပြန်ရန် စစ်ကောင်စီမှဖိအားပေး

Khin Tharaphy Oo 01 Oct 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်မှ မြို့နယ်အချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့က စစ်ဘေးဒုက္ခသည်အချို့ကို အောက်တိုဘာလတွင် နေရပ်ပြန်ရန် စစ်ကောင်စီမှ ဖိအားပေးနေသည်ဟု စစ်ဘေးဒုက္ခသည်များထံမှ သိရသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု (၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ)

01 Oct 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်အုပ်စု မြောက်ရွာ(မွတ်ဆလင်)တွင် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကင်းချောင်းကျေးရွာအနီးမှ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့တို့ရှိသည့် နခခ(၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၂၈)နှစ်အရွယ် မာမွတ်ဟလင်နှင့် အသက်(၂၂)နှစ်အရွယ် မရိုဂီယာတို့တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။

ဘူးသီးတောင်တွင် တိုက်ပွဲကြောင့် မွတ်ဆလင်ဦးရေ ၈၀၀ ကျော် ထွက်ပြေးနေရ

30 Sep 2022

ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာသုံးရွာမှ မွတ်ဆလင်ဦးရေ ၈၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးလျက်ရှိနေကြောင်း သိရသည်။

ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးမှူးအပါအဝင် ဒေသခံလေးဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

30 Sep 2022

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဌာနဦးစီးမှူး အပါအဝင် ဒေသခံ(၄)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးပြီး အမှုဖွင့်ထား သည်ဟု ဒေသခံများထံက သိရသည်။

လွိုင်ကော်တွင် ခရီးသည်တင်လေယာဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး နှစ်ဦးဒဏ်ရာရ

30 Sep 2022

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့(စက်တင်ဘာလ ၃၀ ရက်) နံနက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စီးမှာ လေဆိပ်သို့ဆင်းသက်စဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ခရီးသည်နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်မမှ ရခိုင်သို့ ဆေးဝါးပစ္စည်းများတင်သွင်းခြင်းကို စစ်ကောင်စီမှ ဟန့်တားလာ

30 Sep 2022

ပြည်မဘက်မှ ရခိုင်ပြည်အတွင်းသို့ တင်သွင်းနေသည့် ဆေးဝါးပစ္စည်းများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်ခြင်းများရှိနေသည်ဟု ဆေးကုမ္ပဏီများ၊ ဆေးဝါးပစ္စည်းများ ရောင်းချနေသူများနှင့် ကျန်းမာရေးအသိုင်းအဝိုင်းများထံမှ စုံစမ်းသိရှိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မြောက်ဦးဒေသခံ ဆေးကုသမှုခံယူနေစဉ် သေဆုံး

30 Sep 2022

မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်ပြတ်ထွက်သွားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ အသက် ၁၈ နှစ်အရွယ် လူငယ် မှာ စက်တင်ဘာလ ၂၉ ရက်၊ ည ၁၁ နာရီကျော်ခန့်တွင် သေဆုံးသွားသည်ဟု သိရသည်။

မြောက်ဦးတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ၊ ရွာသားတစ်ဦး ပျောက်ဆုံးနေ

29 Sep 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာအတွင်းသို့ ယနေ့စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် မိန်းကလေးငယ်နှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှသိရသည်။

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှုများကို ANP ရှုတ်ချ

29 Sep 2022

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က ယနေ့(စက်တင်ဘာလ ၂၉ ရက်)တွင် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျနိုင်ငံသားတို့ကို နိုင်ငံတော်လျို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်

29 Sep 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအကြံပေးဟောင်း မစ္စတာ ရှောင်တာနယ်တို့ကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေဖြင့် ယနေ့ (စက်တင်ဘာလ ၂၉ ရက်)တွင် ထောင်ဒဏ်(၃)နှစ်စီ ချမှတ်ခဲ့ကြောင်း နေပြည်တော် တရားရုံးအသိုင်းအဝိုင်းမှ သိရသည်။

မြေပုံမြို့နယ်မှ ဆရာဝန်တစ်ဦး ဖမ်းဆီးခံရမှု သုံးရက်ကြာသည်အထိ တစ်စုံတစ်ရာမသိရသေး

29 Sep 2022

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ င/ပသုန်တိုက်နယ်ဆေးရုံမှ အသက် (၃၇)အရွယ် ဒေါက်တာ ဝင်းနိုင်စိုးကို စစ်ကောင်စီမှ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ရှိအချိန်ထိ ပြန်မလွှတ်လာသေး‌ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ် ထိစပ်နေရာတွင် ရိက္ခာပို့လာသည့် မြန်မာစစ်တပ်ကို AA က ကြားဖြတ်တိုက်ခိုက်

29 Sep 2022

ရန်ကုန်-စစ်တွေကားလမ်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကို ခွဲခြားထားသည့် မှတ်တိုင်အနီးတွင် ရိက္ခာလာပို့သည့် မြန်မာစစ်တပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက် ၁၁ နာရီကျော်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်တွင် တစ်လအတွင်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးကာ ၂၃ ဦးဒဏ်ရာရ

29 Sep 2022

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာနေပြီး သြဂုတ်လနှင် စက်တင်ဘာလတို့တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၃ ဦးအထိ ရှိလာသည်။

Showing 2,561-2,580 of 8,345 items.