၃ နှစ်ကြာ ရပ်နားခဲ့သည့် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ

Admin 05 Dec 2022

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၁၉ ခုနှစ်မှ ယခု ၂၀၂၂ ခုနှစ်အထိ ကိုဗစ်နှင့် နိုင်ငံရေး အခြေအနေတို့ကြောင့် အချိန် ၃ နှစ်ကြာ ရပ်နားခဲ့သည့် မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ်ကို ယနေ့(ဒီဇင်ဘာလ ၅ ရက်)မှစတင်ပြီး အသွားခရီးစဉ်တစ်ခုအဖြစ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရက်စက်စွာအသတ်ခံခဲ့ရသော ဆင်အင်းကြီးကျေးရွာသား ၉ ဦးအတွက် အမျှဝေ ကုသိုလ်ပြု

Admin 04 Dec 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က အသတ်ခံခဲ့ရသော ဒေသခံ ၉ ဦးအတွက် ရည်စူးကာ (ယနေ့ ဒီဇင်ဘာလ ၄ ရက်)တွင် ကျေးရွာသားများက ရေစက်ချအမျှဝေပြီး ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်ခြင်းကြောင့် ဆိုလာစနစ်ကို အသုံးပြုသူ များပြားလာနေ

Admin 04 Dec 2022

ရခိုင်ပြည်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ မကြာခဏပြတ်တောက်နေသောကြောင့် ဒေသခံပြည်သူများသည် မိမိတို့၏ လုပ်ငန်းဆောင်တာများ ပုံမှန်လည်ပတ်နိုင်ရန် နေရောင်ခြည်စွမ်းအားဖြည့် ဆိုလာလျှပ်စစ်စနစ်ကို အသုံးပြုမှု များပြားလာနေကြကြောင်း သိရသည်။.

အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရန် မသန်စွမ်းသူများ တောင်းဆို

Admin 03 Dec 2022

မသန်စွမ်းများအတွက် ဥပဒေအရကာကွယ်ပေးရန်နှင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ကာ အလုပ်အကိုင်အခွင့်လမ်းပိုမိုဖန်တီးပေးရန် မသန်စွမ်းသူများနှင့် လူမှုအဖွဲ့အစည်းများက ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းများနေ့တွင် တောင်းဆိုလိုက်သည်။

ဂွမြို့နယ်တွင် ရဟတ်ယာဉ်ကွင်းများရှိသော်လည်း ဘောလုံးကွင်း၌ ရဟတ်ယာဉ်ကွင်း ထပ်မံပြုလုပ်သည့်အပေါ် ဒေသခံများ ဝေဖန်

Admin 03 Dec 2022

ရခိုင်ပြည်နယ် တောင်ပိုင်းရှိ ဂွမြို့နယ်တွင် ရဟတ်ယာဉ်ကွင်းများရှိသော်လည်း ဘောလုံးကွင်း၌ ရဟတ်ယာဉ်ဆင်းရန်အတွက် ရပ်နားသည့်နေရာထပ်မံပြုလုပ်သည့်အပေါ် ဒေသခံများက ဝေဖန်ပြောကြားနေကြကြောင်း သိရသည်။

အပစ်ခတ်ရပ်ပြီးနောက် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကို စစ်ကောင်စီမှ ပြန်ဖွင့်ပေး

Admin 03 Dec 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အချိန်က မြန်မာစစ်တပ်ဘက်မှ ပိတ်ထားခဲ့သည့် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းမကြီးကို ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သုံးလကျော်ကြာပိတ်ထားသည့် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီပြန်ဖွင့်ပေး

Admin 03 Dec 2022

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တကျော့ပြန် စစ်ရေးပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်မှ စတင်ကာ သုံးလခန့်ကြာ ပိတ်ထားခဲ့သည့် ကျောက်တော် - ပလက်ဝရေလမ်းကြောင်းကို စစ်ကောင်စီမှ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တောတွင် ဒေသခံတစ်ဦး မိုင်းထိမှန်မှုကြောင့် ခြေတဖက်ဆုံးရှုံးလိုက်ရ

Admin 03 Dec 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝက်ကျိန်း(မြို)ကျေးရွာမှ ဒေသခံတစ်ဦးမှာ ယနေ့(ဒီဇင်ဘာ ၃) ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာသားများထံမှ သိရသည်။

ဘူးသီးတောင်တွင် မွတ်ဆလင်တစ်ဦး မိုင်းထိမှန်ဒဏ်ရာရ

Admin 03 Dec 2022

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ တောင်ရွာ(မွတ်ဆလင်)အမျိုးသား တစ်ဦးမှာ ယမန့်နေ့ (ဒီဇင် ဘာ၂) ရက်နေ့ ညနေ့ ၃ နာရီခန့်က မိုင်းနင်းမိပြီး ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာတာဝန် ရှိသူများထံမှ သိ ရသည်။

မြေပုံတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီး သေဆုံး

Admin 02 Dec 2022

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ င/ပုသုန်ကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

အပစ်ရပ်ထားသည့် ရခိုင်တွင် NGO၊ INGO များ ခရီးသွားခွင့်ကို ကန့်သတ်ထားဆဲ

Admin 02 Dec 2022

စစ်တွေမြို့တွင် စစ်ဘေးရှောင်နေကြသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များအား တွေ့ရစဉ်

DMG | ဒီဇင်ဘာ၂

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ကြား အပစ်အခတ်ရပ်စဲထားသော်လည်း NGO/INGO အဖွဲ့အစည်းများ၏ ခရီးသွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး လက်ရှိတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးများကို စစ်ကောင်စီမှ ကန့်သတ်ထားသည်မှာ လေးလကျော်အထိရှိလာသည်ဟု အဆိုပါအဖွဲ့ အစည်းများထံမှ သိရသည်။

ဒေသအတွင်း တိုက်ပွဲများရပ်တန့်ထားသော်လည်း ခရီးသွားလာခွင့်များကို စစ်ကောင်စီမှ ကန့်သတ်ထားဆဲဖြစ်သည်ဟု ရခိုင်အခြေစိုက် INGO အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

“ ခရီးသွားလာခွင့်တွေကို အရင်အတိုင်း ကန့်သတ်ထားဆဲပါပဲ။ လမ်းတွေတော့ ဖွင့်ပေးတယ်လို့တော့ ကြားပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတွေကို သတ်သတ်မှတ်မှတ်လာပြီး ခွင့်ပြုပေးတယ်ဆိုတာတော့ မပြောသေးပါဘူး” ဟု သူကပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့ကြား တကျော့ပြန် စစ်ရေးတင်းမာနေချိန်တွင် စစ်ကောင်စီဘက်မှ လုံခြုံရေးအတွက်ဟုဆိုပြီး ယခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှစတင်ကာ NGO၊ INGO အဖွဲ့အစည်းများကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့အား ခရီးသွားခွင့်ပိတ်ပင်ခဲ့သည်။

ယင်းနောက် နိုဝင်ဘာလအတွင်းတွင် ကျောက်တော်နှင့်ပေါက်တောမြို့နယ်တို့ကို ခရီးသွားလာခွင့်ထပ်မံ ကန့်သတ်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည် အတွင်းက မြို့နယ်...

မောင်တောတွင် မွတ်ဆလင်တစ်ဦး သေနတ်ပစ်ခတ်ခံရ

Admin 02 Dec 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ ရွာမ (မွတ်ဆလင်) ကျေးရွာမှ ဒေသခံတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး မောင်တောခရိုင် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများ (နိုဝင်ဘာလ ၂၃ မှ ၃၀ ထိ)

Admin 01 Dec 2022

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျရောက်သည့် (၆)ကြိမ်မြောက် ခမီတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ကို မြောက်ဦးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် ပွဲတက်ရောက်သူ နည်းပါးကာ အကျဉ်းချုံ့မျှသာ ပြုလုပ်ခဲ့ကြရသည်။

စစ်တပ်စစ်ဆေးရေးဂိတ်များတွင်ပျောက်ဆုံးနေသော ရခိုင်ဒေသခံသုံးဦးနှင့် အဆက်အသွယ် ပြတ်တောက်နေ

Admin 01 Dec 2022

ရခိုင်ပြည်၊ကျောက်တော်နှင့်မောင်တောမြို့နယ်ရှိ မြန်မာစစ်တပ်စစ်ဆေးရေးဂိတ်များတွင် ပျောက်ဆုံးနေသော ဒေသခံသုံးဦးနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ သတင်းအစအနမရရှိသေးကြောင့် မိသားစုဝင်များ စိုးရိမ်ပူပန် နေကြသည်။

အပစ်ရပ်စဲထားသော်လည်း မောင်တောနယ်စပ် ကုန်သွယ်မှု ပုံမှန်မလည်ပတ်နိုင်သေး

Admin 01 Dec 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အပစ်အခတ် ရပ်စဲထားသော်လည်း အငူမော်- မောင်တောကားလမ်းကို မြန်မာစစ်တပ်က ပိတ်ပင်ထားဆဲ ဖြစ်သည့်အတွက် မောင်တောနယ်စပ် ကုန်သွယ်မှု ပမာဏမှာ ၅ ရာခိုင်နှုန်းသာ လည်ပတ်နိုင်သေးကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

မောင်တောတွင် မွတ်ဆလင်တစ်ဦး သေနတ်ပစ်ခတ်ခံရ

Admin 01 Dec 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ ရွာမ (မွတ်ဆလင်) ကျေးရွာမှ ဒေသခံတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး မောင်တောခရိုင် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်က မြို့နယ်အချို့တွင် မိုးထောင်ငရုတ်နှင့် ကျောက်စိမ်းငရုတ် စမ်းသပ်စိုက်ပျိုးမှု ၇၅ ရခိုင်နှုန်းအောင်မြင်

Admin 01 Dec 2022

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့်မြို့နယ်များတွင် မိုးထောင်ငရုတ်နှင့် ကျောက်စိမ်းငရုတ် စမ်းသပ်စိုက်ပျိုးမှုမှာ ၇၅ ရာခိုင်နှုန်းခန့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း တောင်သူများထံမှ သိရသည်။

ရခိုင်တွင် အပစ်ရပ်ပြီး ရေလမ်းအချို့ဖွင့်ပေးသော်လည်း ကုန်းလမ်းမဖွင့်သေး

Admin 01 Dec 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ လူသား ချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်ရပ်မှုကို အလွတ်သဘောတူခဲ့ကြသည်။

ပလမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဒေသခံ ၃၉ ဦး ဖမ်းဆီးခံရ

Admin 30 Nov 2022

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ အောင်သီရိလမ်း အမှတ်(၃)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနေအိမ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ရခိုင်တွင် မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ၊ ရာဇသတ်ကြီးပုဒ်မများနှင့် အမှုဖွင့်ခံရသူ လေးလအတွင်း ၄၆ ဦးအထိရှိ

Admin 30 Nov 2022

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦးအထိ ရှိခဲ့သည်။

Showing 2,261-2,280 of 8,345 items.