စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် အရပ်သားသေဆုံးသူ ၂၀၀၀ အထိရှိခဲ့ပြီ

23 Jun 2022

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်နှင့် ခြောက်လကျော်အကြာတွင် စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီမှ ပတ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူဦးရေ ၂၀၀၀ အထိရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏  ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ဖရူဆိုတွင် တပတ်အတွင်း ဘာသာရေးအဆောက်အအုံများနှင့် နေအိမ် ၂၀ ကျော်ပျက်စီး

23 Jun 2022

ကယား(ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လဒုတိယ အပတ်အတွင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အအုံ (၄) လုံးနှင့် ဒေသခံ နေအိမ်အလုံး (၂၀ ) ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ရန်အောင်မြေစစ်ရှောင်စခန်းအနီးတွင် တောင်မြေပြိုကျမှုကြောင့် စစ်ဘေးရှောင်အချို့စိုးရိမ်မှုများရှိနေ

23 Jun 2022

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် ရန်အောင်မြေစစ်ဘေးရှောင်စခန်းအနီး တောင်မြေပြိုကျမှုများဖြစ်ပေါ် နေသောကြောင့် တောင်အနီးအနားတွင်နေသည့် စစ်ဘေးရှောင်ပြည်သူအချို့မှာ စိုးရိမ်မှုများရှိနေကြကြောင်း စုံစမ်းသိရသည်။

ဧရာဝတီဘဏ်ကို ငွေလာလွှဲသည့် အမျိုးသား၏ ငွေစက္ကူများထဲမှ ငွေအတုသုံးသိန်းကျော်တွေ့ရှိ

22 Jun 2022

ရခိုင်ပြည် ၊ စစ်တွေမြို့ရှိ ဧရာဝတီဘဏ်တွင် ငွေလာလွဲသည့် အမျိုးသားတစ်ဦး၏ ငွေစက္ကူများထဲမှာ  ၁၀၀၀၀ကျပ်တန်ငွေတု သုံးသိန်းငါးသောင်းကျပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း  ဇွန်လ ၂၁ရက်နေ့တွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်သောရခိုင့်နေ့စဉ် Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ရမ်းဗြဲ ကျောက်နီမော်ရဲစခန်းမှ ရဲတပ်သားနှစ်ဦး ဖမ်းဆီးခံရ

22 Jun 2022

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးတို့ကို ယနေ့(ဇွန်လ ၂၂ ရက်) မွန်းလွဲ ၁၂ နာရီခန့်က လူ(၇)ယောက်ပါဝင်သောအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်နီမော် နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရသည်။

ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရမှုကိစ္စကြောင့် ရသေ့တောင်မြို့မှ စာသင်ကျောင်းတချို့သပိတ်မှောက်

22 Jun 2022

မောင်တောမြို့နယ်တွင် ဖမ်းဆီးခံရသည့် ပညာရေးဝန်ထမ်းနှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ကိုင်တွယ် ဖြေရှင်းမှုအပေါ် အားမရသဖြင့် ရသေ့တောင်မြို့နယ်မှ စာသင်ကျောင်း (၆) ကျောင်းခန့် ပိတ်ထားပြီး သပိတ်မှောက်ကြသည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် ပုဏ္ဏားကျွန်းဒေသခံ ၇ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များစိုးရိမ်နေ

22 Jun 2022

ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားသော ဒေသခံ ၇ ဦးနှင့် အဆက်အသွယ်မရသေးသောကြောင့် မိသားစုဝင်များမှာ စိုးရိမ်နေကြပြီး အမြန်ဆုံးတွေ့လိုသည်ဟု ပြောကြသည်။

မြောက်ဦးမြို့တွင် မြန်မာစစ်တပ်မှ စစ်ဆေးမှုရပ်တန့်ထားသော်လည်း ဖမ်းဆီးခံရသူများ ပြန်မလွတ်သေး

22 Jun 2022

မြောက်ဦးမြို့တွင်း၌ ဇွန်လ ၂၁ ရက်နေ့နှင့် ယနေ့ ဇွန်လ ၂၂ ရက်တို့တွင် ဖမ်းဆီးခံလိုက်ရသည့် ကျောင်းသားသုံးဦး အပါအဝင် ဒေသခံ ၃၀ ကျော်တို့မှာ ညနေပိုင်းအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံက သိရသည်။

AA ကို ရန်ပုံငွေကောက်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံ နှစ်ဦးကို မနက်ဖြန် ရုံးထုတ်မည်

22 Jun 2022

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA -AA) အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့ပေါ်မှ ဦးသန်းလှိုင် (၄၁) နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆) နှစ်ဦးတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်နေကြသည်။

ပလက်ဝက မိုင်းထိအမျိုးသမီး ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံတွင် ဆေးကုသခံနေရ

22 Jun 2022

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ မြေမြုပ်မိုင်းပေါက်ကွဲ မူကြောင့် ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ရခိုင်ပြည် စစ်တွေေ ဆးရုံကြီး၌ အရေးပေါ်ဆေးကုမှု ခံယူနေရကြောင်း မိသားစုဝင်ထံမှ သိရသည်။

တောင်ကုတ်တွင် ကိုယ်ထူကိုယ်ထ တည်ဆောက်နေသည့် တံတားတစ်စင်းအတွက် အလှူရှင်များလိုအပ်နေ

22 Jun 2022

တောင်ကုတ်မြို့နယ်၊ မြို့တောင်အုပ်စုတွင် ငွေကျပ်သိန်း ၃၀၀၀ ခန့်ကုန်ကျမည့်  တန်းလွဲချောင်းတံတားကို ကိုယ်ထူကိုယ်ထတည်ဆောက်နေသဖြင့် ငွေကြေးအခက်အခဲများပေါ်ပေါက်နေ၍ အလှူရှင်များလိုအပ် နေသည်ဟု သိရသည်။

မြောက်ဦးမြို့၌ ကျောင်းသားများအပါအဝင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထားရ

22 Jun 2022

မြောက်ဦးမြို့တွင် ဇွန်လ ၂၁ ရက်နေ့၊ ညနေပိုင်း မြန်မာစစ်တပ်မှ ထောက်လှန်းရေးအဖွဲ့ဝင် စ.ရ.ဖ သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးလိုက်ပြီးနောက် မနေ့ကညနှင့် ယနေ့ ဇွန်လ ၂၂ ရက်တို့တွင် ကျောင်းသားအပါအဝင် ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်တွင် မြန်မာစစ်တပ် ဖမ်းဆီးထားသူများထဲမှ အမျိုးသမီးလေးဦး ပြန်လွတ်၊ နောက်ထပ် ဒေသခံ အများအပြားကျန်ရှိနေသေး

22 Jun 2022

ကျောက်တော်မြို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံ ၂၀ ကျော်အနက် အမျိုးသမီးလေးဦးကို မနေ့က ဇွန်လ ၂၁ ရက် ညနေ ၁၀ နာရီကျော်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံများထံက သိရသည်။

လူမျိုးရေး - ဘာသာရေးပဋိပက္ခကို ဖြစ်စေနိုင်သည့်ကိစ္စရပ်များကို မပြုလုပ်ကြရန် အာရက္ခပြည်သူများကို ရက္ခိုင့်တပ်တော် တိုက်တွန်း

22 Jun 2022

အာဏာသိမ်း စစ်ကောင်စီတပ်သည် ၎င်းတို့၏ လက်ကိုင်တုတ် ရက္ခိုင်တချို့၊ အမျိုးသားသစ္စာဖောက်များနှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရက္ခိုင့်စကားပြောတတ်သူများကို အသုံးချကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ဦးတည်စေနိုင်သည့် ကိစ္စရပ်များကို ပြုလုပ်လာသည့်အတွက် အာရက္ခပြည်သူများအနေနှင့် သတိပြုဆင်ခြင်ကြရန် ရက္ခိုင့်တပ်တော် AA က ပြောဆိုလိုက်သည်။

မြောက်ဦးမြို့တွင် စစ်ဆေးရေးတင်းကျပ်၊ မြန်မာစစ်တပ်က ကျောင်းသားများပါ ဖမ်းဆီးနေဟု သတင်းထွက်ပေါ်

22 Jun 2022

မြောက်ဦးမြို့ပေါ်ရှိ အလယ်ဈေးရပ်ကွက်နှင့် ကျောက်ရာဇ်ကေရပ်ကွက်တို့တွင် မြန်မာစစ်တပ်က ကျောင်းသားများအပါအဝင် လမ်းသွားလမ်းလာများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

ရန်ကုန်တွင် ခိုးဆိုးလုယက်မှုနှင့် ဖောက်ထွင်းမှုများပြားလာ

21 Jun 2022

ရန်ကုန်ရှိ မြို့နယ်အချို့တွင် ယခင်လများထက် ယခုလ ဇွန်လဆန်းပိုင်းမှစပြီး ခိုးဆိုးလုယက်မှုနှင့် ဖောက်ထွင်းမှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသဖြင့် မြို့ခံများမှာ လုံခြုံရေးစိုးရိမ်နေရကြောင်း ပြည်သူများထံမှ သိရသည်။

မြန်မာစစ်တပ်က ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများရှိနေသောကြောင့် ကျောက်တော်မြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ်ထား

21 Jun 2022

ကျောက်တော်မြို့တွင် မြန်မာစစ်တပ်မှ နေရာအများအပြားတွင် နေရာယူပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများရှိနေသောကြောင့် မြို့ပေါ်ရှိ စာသင်ကျောင်းများအားလုံးကို ယနေ့(ဇွန်လ ၂၁ ရက်)တွင် ပိတ် ထားရသည်ဟု ဒေသခံများက ထံက သိရသည်။

ပုလော စစ်ရှောင်စခန်းများတွင် ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်နေ

21 Jun 2022

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင် ခန်းများတွင် စားနပ်ရိက္ခာ နှင့်ဆေးဝါးများ ပြတ်လပ်လာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံ မှ သိရသည်။

မောင်တောမှ ပညာရေးဝန်ထမ်းနှစ်ဦးကိစ္စ စစ်ကောင်စီကိုင်တွယ်ဖြေရှင်းမှု အားနည်းသည့်အပေါ် ဝေဖန်နေကြ

21 Jun 2022

မောင်တောမြို့နယ်က ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံထားရသည်မှာ ယနေ့ ဇွန်လ ၂၁ ရက်နေ့ဆိုလျင်  ၅ ရက်မြောက်အထိရှိလာခဲ့ပြီဖြစ်သော်လည်း ပြန်လည်လွတ်မြောက်ခြင်းမရှိသလို ၎င်းတို့နှစ်ဦးအားမည်သည့် နေရာတွင် ထိန်းသိမ်းထားခြင်းကိုပါ မသိရှိရသေးပေ။

Showing 3,121-3,140 of 8,345 items.