ရသေ့တောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးဒဏ်ရာရ

17 Jun 2022

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ သာစည်ကုန်းကျေးရွာမှ လင်မယားနှစ်ဦးမှာ ယနေ့ (ဇွန်လ ၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြေမြှုပ် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစများ ထိမှန်သွားသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများထံ သိရသည်။

ပုဏ္ဏားကျွန်းတွင် စစ်သားတစ်ဦးကို AA ဖမ်းဆီး၊ စစ်တပ်ကလည်း ဒေသခံတစ်ဦးကို စစ်ဆေးရန်ခေါ်သွား

16 Jun 2022

ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ (ဇွန်လ ၁၆ ရက်နေ့)၊ ညနေ ၃ နာရီခန့်အချိန်က မြန် မာစစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြို့ခံတစ်ဦးကိုလည်း မြန်မာစစ်တပ်ဘက်က ခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

SEZ ကိစ္စနှင့် လယ်သမားအရေး ဦးဆောင်ခဲ့သူ ကိုထွန်းကြည်ကို ငြိမ်းစုစီပုဒ်မဖြင့် ငွေဒဏ်ချမှတ်

16 Jun 2022

ရခိုင်ပြည်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း (SEZ) ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံ လယ်သမားများ အခွင့်အရေး ရရှိရေးအတွက် ဟောပြောပွဲပြုလုပ်ရာတွင် ဦးဆောင်ခဲ့သူ ကျောက်ဖြူဒေသခံ ကိုထွန်းကြည်အား မြို့နယ်တရားရုံးမှ  ငြိမ်းစုစီပုဒ်မဖြင့် ငွေဒဏ် (၃၀၀၀၀) ကျပ်ကို ငွေဒဏ်အဖြစ် အမိန့် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စက်သုံးဆီနှင့် ဓာတ်မြေသြဇာဈေးနှုန်း မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းရှိ လယ်သမားများ အခက်ကြုံနေရ

16 Jun 2022

စက်သုံးဆီ ဈေးနှင့် ဓာတ်မြေသြဇာ ဈေးနှုန်းတို့ တဟုန်တိုး မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းရှိ လယ်သမား အများစုမှာ ယခုနှစ် မိုးရာသီ ထွန်ယက်စိုက်ပျိုးရေးတွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

နိုင်ငံတကာမှ လေကြောင်းခရီးနှင့် မြန်မာနိုင်ငံကို ဝင်ရောက်မည့်သူများအနေဖြင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးပါက ကိုဗစ် စစ်ဆေးစရာမလိုတော့

16 Jun 2022

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်နှင့် လိုက်ပါမည့်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးပြီဆိုပါက ကိုဗစ်ပိုးကူးစက်ခံရခြင်း ရှိ၊ မရှိကို စစ်ဆေးစရာမလိုတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြင့်တင်ရေးဌာန(ခွဲ)မှ သိရသည်။

ဒီး‌မော့ဆိုနှင့် ဖယ်ခုံမြို့နယ်တို့တွင် ဇွန်လ ပထမအပတ်အတွင်း လက်နက်ကြီးကျရောက်မှု၊ မိုင်းနင်းမှုတို့ကြောင့် ဒေသခံ ၆ ဦးသေဆုံး

16 Jun 2022

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်ပထမ ပတ်အ‌ကျော်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်မှုနှင့်ဒေသခံ (၅) ဦးနှင့် မိုင်းနင်းမိကြောင်း (၁) ဦး သေဆုံးခဲ့ပြီး နေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူတွင် တည်ဆောက်နေသည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး စက်ရုံကို ၂၀၂၃ တွင် အပြီးတည်ဆောက်မည်

16 Jun 2022

ကျောက်ဖြူမြို့နယ်၊ ကန့်ကော်တောဘုရားအနီးတွင်တည်ဆောက်နေသော သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို လာမည့် ၂၀၂၃ ခုနှစ်၊မေလတွင် အပြီးသတ်တည်ဆောက်သွားမည်ဟု ကျောက်ဖြူခရိုင်လျှပ်စစ်ဦးစီးဌာနမှ သိရသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

16 Jun 2022

- စစ်ကောင်စီက ခန့်အပ်ထားသော အမ်းမြို့ရှိ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်တို့ကို တစ်ဦးတည်း အုပ်ချုပ်နေသည့် အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင်မှာ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်မှုထမ်းဟောင်းရုံးအနီးတွင် ဓားထိုးဒဏ်ရာ ၂၁ ချက်ဖြင့် သေဆုံးသွားခဲ့သည်။

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၁၇ ရက်နေ့ထွက်မည်ဟု ရခိုင်ပညာရေးမှူးပြော

15 Jun 2022

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို လာမည့် ဇွန်လ ၁၇ ရက်နေ့တွင်  သက်ဆိုင်ရာ စာစစ် ဌာနအသီးသီးတွင် ထုတ်ပြန်ကြေငြာသွားမည်ဟု ရခိုင်ပြည်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ အတည် ပြုသည်။

မွတ်ဆလင်များ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေး

15 Jun 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့က ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်သတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြသည်။

စစ်တွေမြို့တွင် ရေမြောင်းပိတ်ဆို့မှုများရှိနေသည့်အတွက် ရပ်ကွက်တချို့ မကြာခဏ ရေမြုပ်မှုခံနေရ

15 Jun 2022

ရခိုင်ပြည် စစ်တွေမြို့တွင် ရေမြောင်းများ ပိတ်ဆို့နေခြင်း၊ ရေစီးရေ မကောင်းသည့်အတွက်  ရွေပြားရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ဆင်ကူးလမ်းရပ်ကွက်၊ လမ်းမတောင်ရပ်ကွက် စသည့်ရပ်ကွက်များတွင် မိုးရွာသွန်းသည်နှင့် ရေမြုပ်မူများ မကြာခဏဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNU တို့တိုက်ပွဲကြောင့် ဒေသခံ နေအိမ် (၇) လုံး မီးလောင်ပျက်စီး

15 Jun 2022

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက်နိမ့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ (၄) KNDO ပူးပေါင်းအဖွဲ့ကြားတိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသခံနေအိမ် (၇) လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံသတင်းအရင်း အမြစ်ထံမှ သိရသည်။

မာန်အောင်တွင် ရွာပေါင်း ၄၀ ကျော်ကို မီးကြိုးသွယ်တန်းပြီးဖြစ်သော်လည်း လေးနှစ်ကြာထိ မီးမပေးနိုင်သေး

15 Jun 2022

မာန်အောင်မြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်ကို မီးပေးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်ကပင် မီးကြိုးသွယ်တန်းမှု ပြီးစီးနေသော်လည်း လက်ရှိအချိန်ထိ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံက သိရသည်။

တိုင်းပြည်တည်ဆောက်ချင်သောကြောင့် တော်လှန်ရေးအဖွဲ့များ၊ NUG တို့နှင့် မိတ်ဆွေအဖြစ် ဆက်ဆံခြင်းဟု AA ပြော

14 Jun 2022

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ စစ်မှန်သည့် ဒီမိုကရေစီရရှိရေးကြိုးပမ်းနေမှုများကို အသိအမှတ်ပြု ပြီး တိုင်းပြည်တည်ဆောက်ချင်သောကြောင့် အဆိုပါအဖွဲ့အစည်းအပြင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် မိတ်ဆွေ အဖြစ် ဆက်ဆံခြင်းဟု  ယနေ့ (ဇွန်လ ၁၄ရက်)နေ့တွင်ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့် ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောလိုက်သည်။

နှစ်ဖက်တင်းမာမှုလျှော့ကျရန် ညှိနှိုင်းနေသော်လည်း အဆင်မပြေလျှင် စစ်ရေးပြင်းထန်မည်ဟု AA ပြော

14 Jun 2022

မြန်မာစစ်တပ်ဘက်က စစ်အင်အားတိုးချဲ့မှုများရှိနေသောကြောင့်  နှစ်ဖက်ပြေပြေလည်လည်ဖြေရှင်းနိုင်ရန် ကြားခံလူများမှတစ်ဆင့်ညှိနှိုင်းနေသော်လည်း အဆင်မပြေလျှင် စစ်ရေးပြင်းထန်လာမည်ဟု  ရက္ခိုင့်တပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ကင်မွန်းချောင်း ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ကျိုက်ထိုမြို့နယ်တဝိုက် စစ်ဆေးရေး တင်းကြပ်

14 Jun 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ နယ်မြေ ရဲစခန်း တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့ မှစပြီး လုံခြုံရေ စစ်ဆေးတင်းကြပ်မှုများကို စစ်ကောင်စီဘက်က ပိုမို တင်းကြပ်စွာ လုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှသိရသည်။

မိမိတို့၏ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရခြင်းဟု ULA/AA ပြောရေးဆိုခွင့်ရှိသူပြော

14 Jun 2022

စစ်ကောင်စီမှ ULA/AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းရှိသည့်အတွက်  စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ULA/AA မှ ဖမ်းဆီးရခြင်းဖြစ်ကာ ၎င်းအကျဉ်းသားများကို အချင်းချင်းဖလှယ်သွားမည်ဟု ယနေ့(ဇွန် ၁၄ ရက်နေ့)တွင် ပြုလုပ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

နေ/စားစရိတ် မြင့်မားမှုကြောင့် နယ်မှကျောင်းလာတက်သည့် အဝေးကျောင်းသားတချို့ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ကာ ပညာသင်ယူနေရ

14 Jun 2022

၂၀၂၂ခုနှစ် တက္ကသိုလ်ပညာသင်နှစ်၊ ရခိုင်ပြည်၊ စစ်တွေတက္ကသိုလ်ကို နယ်ဝေးမှကျောင်းလာတက်သည့် အဝေးသင် ကျောင်းသား/သူများမှာ နေစရိတ်၊ စားစရိတ်မြင့်မားမှုကြောင့် ကျောင်းသားတချို့မှာ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ပြီး ပညာသင်ကြားနေရကြောင်း သိရသည်။

ရေငုတ်သင်္ဘောကို စစ်ကောင်စီက ထုတ်ပြနေခြင်းမှာ AA ကို မီးကုန်ယမ်းကုန်တိုက်ခိုက်ရန်အတွက်ဟုဆို

14 Jun 2022

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်မှ လက်နက်အင်အားတိုးချဲ့နေခြင်းမှာ တိုက်ပွဲဖြစ်လာလျှင် မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ယနေ့(ဇွန်လ ၁၄) ရက်နေ့တွင် ပြုလုပ်သည့် တတိယ အကြိမ်မြောက် Online မှတဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် ULA / AA မှ ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောကြားလိုက်သည်။

ULA/AA အနေဖြင့် ရခိုင်ရှိ လုပ်ငန်းရှင်များအားလုံးကို အခွန်ကောက်ခံနေဟုဆို

14 Jun 2022

ရက္ခိုင်ပြည်သူ့အစိုးရ ULA/ AA အနေဖြင့် ရခိုင်တွင် နေထိုင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအားလုံးမှ အခွန်ကောက်ခံလျှက်ရှိကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် ULA/ AA ၏ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဆိုသည်။

Showing 3,161-3,180 of 8,345 items.