ကျောင်းဖွင့်ချိန်အမီ မရောက်သည့် ဆရာ၊ဆရာမများကို အရေးယူမည်ဟု ပညာရေးဌာနကဆို

02 Jun 2022

အခြေခံပညာကျောင်းများကို ယနေ့(ဇွန်လ ၂ ရက်နေ့)မှစတင် ဖွင့်လှစ်ထားပြီဖြစ်သောကြောင့် မိမိတာဝန်ကျရာ စာသင်ကျောင်းများသို့ မရောက်ရှိသည့် ဆရာ၊ဆရာမများကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သတိပေးလိုက်သည်။

ရခိုင်တွင် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု မိနစ်အနည်းငယ်လှုပ်ခတ်ခဲ့

02 Jun 2022

ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်က အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

ရမ်းဗြဲတွင် အမှိုက်စနစ်ကို သေချာစွာကိုင်တွယ်ရန်လိုအပ်နေဟု ဒေသလူမှုအဖွဲ့အစည်းများပြော

01 Jun 2022

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့အတွင်း အမှိုက်များကိုစနစ်တစ်ကျစွန့်ပစ်ရန် ဌာနဆိုင်ရာနှင့်ပြည်သူများပူးပေါင်းကာ သေချာစွာကိုင်တွယ်ရန်လိုအပ်နေကြောင်း ရမ်းဗြဲဒေသခံလူမှုအဖွဲ့အစည်းများက ပြောဆိုသည်။

ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများ ပြည်တွင်းလေကြောင်းခရီးစဉ်လိုက်ပါရာတွင် ကိုဗစ်စစ်ဆေးရန်မလိုတော့ဟုဆို

01 Jun 2022

ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများအနေဖြင့် ကိုဗစ်ပိုးစစ်ဆေးရခြင်းမှ လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသူဆိုပါက စစ်ဆေးရန်မလိုတော့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကပြောသည်။

အမှုကို လေ့လာနေသည်ဟုဆိုကာ ကျောက်ဆိပ်ရွာသား ၅ ဦးအမှုကို အမိန့်ချမည့်ရက် ထပ်ရွှေ့ဆိုင်း

01 Jun 2022

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲ ဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၅)ဦး၏အမှုကို ယနေ့(ဇွန်လ ၁ ရက်)နေ့တွင် စစ်တွေခရိုင်တရားရုံးကမှ အမိန့်ချရန် အဆင်သင့်မဖြစ်သေးဟု အကြောင်းပြချက်ဖြင့် ထပ်မံရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

KNU တပ်မဟာ(၅)ခုရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေမြင့်တက်လာမှုကြောင့် အလုံးစုံအခက်အခဲရှိနေ

01 Jun 2022

KNU ထိန်းချုပ်နယ်မြေ(၅)ခုရှိ စစ်ရှောင်စခန်းများ၌ စစ်ဘေးရှောင်ဦးရေမြင့်တက်လာမှုကြောင့် နေရေးထိုင်ရေး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်လာသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ရခိုင်မှာ စစ်ရေးတင်းမာနေမှုကြောင့် တောတောင်ကိုအမှီပြုပြီး ဝမ်းစာရှာသူများ အခက်ကြုံနေရ

31 May 2022

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေမှုကြောင့် တောတောင်များကိုအမှီပြုကာ လုပ်ကိုင်စားသောက်နေကြရသည့် ဒေသခံများ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

စစ်ကောင်စီ၏ ရေငုတ်သင်္ဘော ရခိုင်သို့ရောက်ရှိနေဟု ဒေသခံများပြော

31 May 2022

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ဇစ်မြစ်အတွင်း စစ်ကောင်စီ၏ ရေငုပ်သင်္ဘော ရေပေါ်ပေါ်သွားလာနေသည်ကို ယနေ့(မေလ ၃၁ ရက်)နံနက်ပိုင်းက တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက DMG သို့ပြောသည်။

KNDF ကို AA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က ကူညီပေးသွာမည်ဟုဆို

31 May 2022

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ကို ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်ကြသော ရက္ခိုင့်တပ်တော်(AA)၊ တအဲာန်း(TNLA)နှင့် ကိုးကန့်(MNDAA)တို့က တတ်နိုင်သလောက်အကူအညီများ ပံ့ပိုးပေးသွားမည်ဟု ယနေ့(မေလ ၃၁ ရက်)နေ့တွင် ထုတ်ပြန်လိုက်သည်။

ကျောက်တော်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး

31 May 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ယနေ့(မေလ ၃၁ ရက်) နံနက်ပိုင်း ၇ နာရီအချိန်က မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အင်ဒိုနီးရှားမှ စားအုန်းဆီ ပြန်လည်တင်သွင်းခွင့်ရရှိသဖြင့် ဆီမလုံလောက်မည်ကို စိုးရိမ်ရန်မလိုတော့ဟုဆို

31 May 2022

အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကိုပြန်လည်တင်သွင်းနေပြီဖြစ်သဖြင့် မြန်မာနိုင်ငံတွင် စားအုန်းဆီ ပြတ်လပ်မည်ကို စိုးရိန်ရန်မလိုတော့ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးမှူးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ချိုက DMG သို့ပြောသည်။

တစ်ပတ်အတွင်းရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ)

31 May 2022

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အနောက်ဘက်ကမ်းရှိ အဘောင်သားကျေးရွာအနီးတွင် မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ ထုတ်ပြန်ခဲ့ကြခြင်း မရှိခဲ့ပေ။

ရခိုင်က စာသင်ကျောင်းများတွင် အိုမီခရွန်ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးမှုများပြုလုပ်ရန် ညွှန်ကြားထား

31 May 2022

ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် အဆိုပါစာသင်ကျောင်းများတွင် မျိုးဇပြောင်း အိုမီခရွန်ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကပြောသည်။

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဆယ်အိမ်မှူးနှစ်ဦးပြန်လွတ်လာ၊ အုပ်ချုပ်ရေးမှူးကို ပြန်မလွှတ်သေး

30 May 2022

မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ ဆယ်အိမ်မှူးနှစ်ဦး ပြန်လွတ်လာသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများကပြောသည်။

ရခိုင်တွင် ၅ နှစ်အထက် ကလေးငယ်သုံးသိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးမည်

30 May 2022

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုမှ အသက် ၅ နှစ်အထက်ကလေးငယ် (၃သိန်း ၈သောင်း ၆ထောင်ကျော်)ကို ဇွန်လ ၂ ရက်နေ့မှစ၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘူးသီးတောင် ညောင်ချောင်းဈေးမီးလောင်မှုတွင် ဆန်ဆိုင်၊ ကုန်စုံဆိုင်အပါအဝင် ဆိုင်ခန်းပေါင်း ၂၅ ခန်းကျော် မီးလောင်ဆုံးရှုံး

30 May 2022

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းဈေးအတွင်း မီးလောင်မှုတွင် ဆန်ဆိုင်၊ ကုန်စုံဆိုင်အပါအဝင် ဆိုင်ခန်းပေါင်း ၂၅ ခန်းကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်တွင် ငါးဖမ်းပိုက်များ၌ လိပ်လွတ်မြောက်ရေးကိရိယာ မတပ်ဆင်ထားသည့်စက်လှေများကို အရေးယူထား

30 May 2022

ရခိုင်တွင် ငါးဖမ်းပိုက်များအတွင်း လိပ်လွတ်မြောက်ရေးကိရိယာ -Turtle Excluder Device(TED) မတပ်ဆင်ထားသည့် ငါးဖမ်းစက်လှေ ၉ စီးကိုအရေးယူထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပလက်ဝမြို့နယ်တွင် မိုင်းပေါက်ကွဲပြီး ဒေသခံတစ်ဦး ပြင်းထန်စွာဒဏ်ရာရ

30 May 2022

ပလက်ဝမြို့နယ်၊ င/ရှကျေးရွာမှ ဒေသခံတစ်ဦးသည် ရွာအနီးတောင်တန်းမှ တောင်ယာလုပ်ကိုင်ပြီးပြန်လာစဉ် မိုင်းထိမှန်ပြီး ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိသွားသဖြင့် စစ်တွေဆေးရုံကြီးသို့ မေလ ၂၉ ရက်က အရေးပေါ်ပို့ဆောင်လိုက်ရသည်။

ကယား(ကရင်နီ)ပြည်နယ်မှ စစ်ရှောင်စခန်းများ၌ ကလေးငယ်များ ရာသီတုပ်ကွေးကူးစက်ခံနေရ

29 May 2022

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများ၌ ကလေးငယ်များ ရာသီတုပ်ကွေးကူးစက်ခံရမှုများပြားလာနေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

မာန်အောင်မြို့နယ်တွင် ခွေးများ ရောဂါဖြစ်ပြီးသေဆုံးနေ

29 May 2022

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းတွင် ခွေးအများအပြားရောဂါဖြစ်ပွားကာ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။

Showing 3,241-3,260 of 8,345 items.