ရခိုင်ကျောင်းသား ၇၁ ရာခိုင်နှုန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီး

21 Jun 2022

ရခိုင်ကမြို့နယ် အသီးသီးမှ ကျောင်းသား၊ ကျာင်းသူများကို ဇွန်လ ၂ ရက်နေ့ က စတင်ကာ ကိုဗစ်ကာကွ ယ်ဆေးထိုးပေးနေပြီး ဇွန်လ  ၁၉ ရက်နေ့အထိ ပထမအကြိမ် ဆေးထိုးပြီးသူ ဦးရေ ၇၁. ၅၂ % ထိရှိနေပြီး ဖြစ်ကြောင်း  ရခိုင်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတို့ထံမှ သိရသည်။

ကျောက်တော်မှ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းကို မြန်မာစစ်တပ်ဖမ်းဆီး

21 Jun 2022

ရခိုင်ပြည်၏ နိုင်ငံရေး၊ လူမှုရေးကိစ္စများတွင် တက်တက်ကြွကြွပူးပေါင်းပါဝင် လုပ်ဆောင်လေ့ရှိသော ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်း (ခေါ်) လူထုဇော်ဝင်းကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ယနေ့(ဇွန်လ ၂၁ ရက်)၊ နံနက် ၁၀ နာရီကျော် ဝန်းကျင်ခန့်က ဖမ်းဆီးသွားကြောင်း သိရသည်။

မြန်မာစစ်သားတစ်ဦး ဖမ်းဆီးခံရပြီးနောက် ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်း ပိတ်ထား

21 Jun 2022

မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တစ်ဦးကို ဇွန်လ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးပြီးနောက်တွင် ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းကို မြန်မာစစ်တပ်က ပိတ်ဆို့တားဆီးထားသောကြောင့် သယ်ယူပို့ဆောင်ရေး ပြုလုပ်နေသူများနှင့် ဒေသခံများမှာ အခက်ကြုံတွေ့နေရသည်ဟု သိရသည်။

ကျောက်တော်မှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲသုံးဦးကို AA က ဖမ်းဆီး

20 Jun 2022

မြန်မာစစ်တပ်နှင့် သဘောထားတင်းမာနေသည့် ရက္ခိုင့်တပ်တော်(AA)သည် ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ယနေ့(ဇွန်လ ၂၀ ရက်) ညနေ ၆ နာရီခန့်က ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှသိရသည်။

တိုက်ပွဲဆက်မဖြစ်ရန် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့တွင် စစ်ဘေးရှောင်များတောင်းဆို

20 Jun 2022

ယနေ့(ဇွန်လ ၂၀ ရက်နေ့)တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့တွင် စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များက ရခိုင်ပြည်အတွင်း တိုက်ပွဲများ ထပ်မံမ ဖြစ်ပွားကြ ရန် တောင်းဆိုလိုက်ကြသည်။

မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးထားကြောင်း AA ပြော

20 Jun 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့မှ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးထားသည့်အတွက် အပြန်အလှန် ဖမ်းဆီးရခြင်းဖြစ် ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခ က DMG ကို အတည်ပြုပြောဆိုသည်။

မိုင်းပေါက်ကွဲမှုကြောင့် ပလက်ဝ စစ်ဘေးရှောင်၂ ဦးဒဏ်ရာရ၊ တစ်ဦးဒဏ်ရာပြင်းထန်

20 Jun 2022

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှစ်ဦးမှာ ယနေ့ (ဇွန်လ ၂၀) ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်က မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိရာမှ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရမှု ရခိုင်ပြည်နယ်စစ်ကောင်စီ တိတိကျကျမသိသေးဟုဆို

20 Jun 2022

မောင်တောမြို့နယ်တွင် ပျောက်ဆုံးနေသော ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် ကျောင်းဆရာမတစ်ဦးတို့ကိစ္စကို ရခိုင်ပြည်နယ်စစ်ကောင်စီအနေဖြင့် ကြားရုံသာကြားရသေးပြီး တိကျသေချာစွာမသိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က DMG ကို ယနေ့ ပြောလိုက်သည်။

WSSV ဗိုင်းရပ်စ် ပိုးမတွေ့သည့် ရခိုင် ဂဏန်း၊ ပုဇွန်အချို့ကို ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြု

20 Jun 2022

ရခိုင်ပြည်မှ White Spot Syndrome Virus (WSSV) ပိုးမတွေ့ရှိသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်လုပ်ငန်းရှင် အချို့အား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ပြုထားပြီဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

စစ်ကောင်စီက အာဏာသိမ်းမှုပြဿနာကို ထိန်းသိမ်းမရဖြစ်လာသဖြင့် EAOs များအား ချဉ်းကပ်နေခြင်းဟု KNU ပြော

20 Jun 2022

စစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်နေမှုမှာ အာဏာသိမ်းမှုနောက်ဆက်တွဲပြဿနာကို ထိန်းသိမ်းမရဖြစ်လာနေသည့်အတွက် ချဉ်းကပ်နေခြင်းသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောကြားလိုက်သည်။

အရက်အတူတူ သောက်ရာမှ ရန်ဖြစ်ပြီး လူသတ်အလောင်းဖျောက်မှု သံတွဲတွင် ဖြစ်ပွားခဲ့

19 Jun 2022

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ က သူငယ်နှင်း ၂ ဦးသည် အရက်အ တူတူထိုင်သောက်ပြီး စကားများရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ကာ သေဆုံးသူ၏ ရုပ်အလောင်းကို မြေမြှုပ် ဖျောက်ထားမှု တခုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ဆောင်မှုကို AA အားပေးနေ

19 Jun 2022

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့ သဘောတူမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူများအတွက် အကျိုးရှိမည်ဆိုပါက တစ်စုံတစ်ရာ ကန့်ကွက်မည်မဟုတ်ကြောင်း AA ခေါင်းဆောင်က ပြောသည်။

စစ်ဘေးရှောင်များအတွက် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ဆန်များကို အာဏာပိုင် ခွင့်ပြုချက်မရသဖြင့် ရပ်နားထားရ

19 Jun 2022

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းလိုက်သော ဆန်များကို မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများမှ ခွင့်ပြုချက်မရသဖြင့် ဆန်ပေးဝေရေး အစီအစဉ်ကို ရပ်နားထားရကြောင်း သတင်းရရှိသည်။

ဒေါက်တာဇော်မြင့်မောင်ကို အဂတိမှုဖြင့် ထောင်ဒဏ် ၂၁ နှစ်ချမှတ်

18 Jun 2022

NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မအမှု (၅) မှုအတွက် မနေ့က ဇွန် ၁၇ ရက်နေ့ မန္တလေးအိုးဘိုအကျဉ်းထောင် အထူးတရားရုံးကနေ  ထောင်ဒဏ် (၂၁) နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းတွင် ဒေသခံ ငါးဦးခန့် ဖမ်းဆီးခံထားရ၊ မြို့တွင်းတွင် စစ်ဆေးရေးတင်းကျပ်နေ၍ နေအိမ်မှ အပြင်ကို မထွက်ရဲကြ

18 Jun 2022

ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်က ယခုရက်ပိုင်းအတွင်း ဒေသခံငါးဦးခန့်ကို ဖမ်းဆီးထားပြီး လက်ရှိတွင်လည်း လမ်းသွား၊ လမ်းလာ ပြည်သူများကို တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများက ပြောကြသည်။

ထားဝယ် - ကော့သောင်း လမ်းတွင် စစ်ဆေးမှု တင်းကျပ်နေ

18 Jun 2022

တနင်္သာရီတိုင်း တနင်္သရီမြို့မှ ကော့သောင်း အဆင်းလမ်းနှင့် ထားဝယ်မြို့တို့တွင် ဇွန် ၁၆ နေ့မှ စတင်ကာ ယခုအချိန်ထိ စစ်ကောင်စီ တပ်သားများက စစ်ဆေးရေး တင်းကြပ်စွာ လုပ်ဆောင်နေ ကြောင်း ဒေသခံများ ထံမှသိရသည်။

ကေအန်ယူ ထိန်းချုပ်နယ်မြေရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ကျောင်းသုံးပစ္စည်းများလိုအပ်နေ

18 Jun 2022

ကေအန်ယူ တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများတွင် ကျောင်းသားများ ပညာသင်ကြားနိုင်ရေးအတွက် အထောက်အကူပြု ပြုပစ္စည်းများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

တိန်ညိုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို AA ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

17 Jun 2022

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ တိန်ညို ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ယနေ့ ဇွန်လ (၁၇) ရက်နေ့ နံနက် (၇) နာရီခန့်တွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ ထံမှ သတင်းရရှိသည်။

ရခိုင်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ လေးသောင်းကျော်ရှိသည့်အနက် နှစ်သောင်းနီးပါးအောင်မြင်

17 Jun 2022

ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ  ၄၁၇၅၅ ရှိသည့် အနက် ၁၉၇၂၉ ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

ပျောက်ဆုံးနေသည့် မောင်တောက ပညာရေးဝန်ထမ်းနှစ်ဦးကို ရှာမတွေ့သေး

17 Jun 2022

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ မူလတန်းကျောင်းအုပ်တစ်ဦးနှင့် ကျောင်းဆရာမတစ်ဦးသည် မနေ့က ဇွန်လ ၁၆ ရက် နေ့လည် ၁ နာရီခန့်ကပင် ပျောက်ဆုံးနေပြီး  လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း သိရသည်။

Showing 3,141-3,160 of 8,345 items.