အမ်းမြို့နယ်တွင် မြန်မာစစ်တပ်က လက်နက်ကျည်ဟောင်းများ နှစ်ရက်ကြာဖောက်ခွဲမည်
09 Feb 2022
ပုဂ္ဂလိကချေးငွေရုံးကို YPDF ဗုံးခွဲ သတိပေး
09 Feb 2022
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ရှိ ပုဂ္ဂလိကချေးငွေရုံးအား ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)မှ ဖေဖော်ဝါရီလ ၈ ရက် ညနေပိုင်းက ဗုံးခွဲသတိပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၃ နှစ်ခန့်ကြာချုပ်နှောင်ခံထားရသည့် လက္ကာကျေးရွာသားများ၏ အမှုကို အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များတောင်းဆို
09 Feb 2022
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ၃ နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာ ကျေးရွာသား ၂၀ ကျော်အမှုကို အပြီးသတ်အမိန့်ချမှတ်ရန် ရွှေ့ဆိုင်းထားသည်မှာ ၁၃ ကြိမ်မြောက်ရှိလာသဖြင့် အမြန်ဆုံး အမိန့်ချမှတ်ပေးရန် မိသားစုဝင်များက လိုလားနေကြသည်။
ထားဝယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်အပစ်ခတ်ခံရပြီး သေဆုံး
08 Feb 2022
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နေ့လည် ၁၂ နာရီအချိန်က အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။
စိုက်ပျိုးရေးလုပ်ငန်း အားနည်းလာခြင်းကြောင့် ရခိုင်ဒေသထွက်ကုန်များ ပြည်ပတင်ပို့မှု ကျဆင်းနေရ
08 Feb 2022
မြန်မာနိုင်ငံအနှံ့မှ ဒေသထွက်ကုန်များကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြသည်။
ပေါက်တောတွင် လမ်းမကြီးရေမြောင်းဖောက်ရာ၌ အညစ်အကြေးများစုပုံထားမှုကြောင့် လမ်းသွားလမ်းလာများ သွားလာရေးအခက်တွေ့
08 Feb 2022
ပေါက်တောမြို့၏ အထင်ကရဦးဥတ္တမလမ်းမကြီး ရေမြောင်းအသစ်ပြန်လည်ပြုလုပ်ရာ၌ လမ်းဘေးဝဲယာတွင် အညစ်အကြေးများစုပုံထားသည်မှာ တစ်ပတ်ကျော်ကြာသည့်တိုင် လာရောက်ရှင်းလင်းခြင်းမရှိသေးသဖြင့် သွားလာသူများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။
ကယားပြည်နယ်က စစ်ဘေးရှောင်အချို့ နေရပ်ပြန်
08 Feb 2022
မောင်တောတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံနှစ်ဦးသေဆုံး
08 Feb 2022
မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာနှင့် ငန်းချောင်း(မွတ်ဆလင်)ကျေးရွာအကြားတွင် ယမန်နေ့(ဖေဖော်ဝါရီလ ၇ ရက်) ညနေ ၁၁ နာရီကျော်ခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
CDM လုပ်ဆောင်သည့် မြောက်ဥက္ကလာပမှ ရဲမှူးနေအိမ် ချိတ်ပိတ်ခံရ
08 Feb 2022
စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဘဲ CDM လုပ်ဆောင်နေသည့် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ရဲမှူး၏ နေအိမ်ကို ချိတ်ပိတ်ခံလိုက်ကြောင်း ရဲအသိုင်းအဝန်းထံမှသိရသည်။
မင်းဂံအကွက်(၈)ဈေးမှ ဆိုင်ခန်း ၂၀ ခန့်ကို ဖယ်ရှားပေးရန် မီးသတ်ဌာနမှ သတိပေး
08 Feb 2022
စစ်တွေမြို့၊ မင်းဂံအကွက်(၈)ရပ်ကွက်ဈေးမှ ဈေးဆိုင် ၂၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားပေးရန် ဖေဖော်ဝါရီ(၆)ရက်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ သတိပေးစာစောင်များပေးခဲ့ကြောင်း ဆိုင်ရှင်များထံမှသိရသည်။
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့်တွေ့ခွင့်ရရေး မိသားစုတောင်းဆို
07 Feb 2022
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အဂတိလိုက်စားမှုတို့ဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး လက်ရှိတွင်လည်း တခြားပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် တွေ့ခွင့်ရရှိရေးအတွက် မိသားစုဝင်များက တောင်းဆိုလိုက်သည်။
တောင်ကုတ်လူငယ်ကွန်ယက် ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုတွင် လိုပြသက်သေများကို စတင်စစ်ဆေး
07 Feb 2022
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုမှ လိုပြသက်သေများကို ယနေ့(ဖေဖေါ်ဝါရီလ ၇ ရက်)တွင် စတင်စစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။
ဘူးသီးတောင်တွင် မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦးအသတ်ခံရမှုမှ ကျူးလွန်သူကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ဖမ်းဆီးအရေးယူ
07 Feb 2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်အုပ်စု၊ ဆင်သေပြင်(မွတ်ဆလင်)ကျေးရွာမှ အသက် ၁၀ အရွယ်မိန်းကလေးငယ်တစ်ဦးအသတ်ခံရမှုတွင် ကျူးလွန်သူကိုဖမ်းဆီးထားပြီး ရဲလုပ်ငန်းဆိုင်ရာကိစ္စများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း ယနေ့(ဖေဖော်ဝါရီ ၇ ရက်)တွင် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည်။
အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ကမ်းရှိ စစ်ဘေးရှောင်များ အခက်အခဲဖြစ်
07 Feb 2022
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနားသို့ တိမ်းရှောင်လာခဲ့သည့် ကရင်ဒေသခံစစ်ဘေးရှောင်များရှိရာနေရာများ၌ နှစ်ရက်ကြာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် နေထိုင်ရေးအခက်အခဲများကြုံနေရကြောင်း သိရသည်။
ရခိုင်က မြို့နယ်တစ်ချို့တွင် ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်ပြန်
07 Feb 2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စသည့်မြို့နယ် ၃ မြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ကာ နှစ်လသက်တမ်းကြာမြင့်မည့် ညမထွက်ရအမိန့်ကို သက်တမ်းတိုးထုတ်ပြန်လိုက်သည်ဟု DMG က စုံစမ်းသိရှိရသည်။
လူပေါင်းခြောက်သောင်းကျော်နေထိုင်သည့် တောဖျားချောင်းဒေသတွင် ဖုန်းတာဝါတိုင်မရှိသောကြောင့် ဒေသခံများ အခက်တွေ့
07 Feb 2022
ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် လူမှုဆက်သွယ်ရေးတွင်အလွန်အရေးပါသည့် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ မရရှိသေးသောကြောင့် ဒေသခံများအလွန်အခက်ခဲကြုံတွေ့နေရသဖြင့် ဖုန်းတာဝါတိုင်တည်ဆောက်ပေးရန် လိုအပ်နေသည်။
ရှမ်းတောင် ဟဲဟိုးမြို့သို့ စစ်ကောင်စီအတွင်းရေးမှူး လာရောက်သဖြင့် လုံခြုံရေးတိုးမြှင့်
07 Feb 2022
ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်သို့ စစ်ကောင်စီ၏ အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လာရောက်မည်ဖြစ်သောကြောင့် လုံခြုံရေးများ အထူးတိုးမြှင့်ထားပြီး လမ်းဘေးဈေးဆိုင်များကို ၃ ရက်တိုင် ပိတ်ခိုင်းထားသည်။
မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း AA ပြော
07 Feb 2022
မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီလ ၆ ရက်) နေ့လည် ၃ နာရီခန့်က မြန်မာစစ်တပ်နှင့်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။
ဒေသတည်ငြိမ်မှုမရှိဟုဆိုကာ ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်
07 Feb 2022
ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည်ဟုဆိုကာ ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်အား ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မာန်အောင်အများပိုင်ကုမ္ပဏီမှ ပျောက်ဆုံးနေသည့်ဝန်ထမ်း ဒဏ်ရာများဖြင့်သေဆုံးလျှက်တွေ့ရှိ
06 Feb 2022