စစ်တွေတက္ကသိုလ်တွင် ဆရာ၊ဆရာမများအပါအဝင် ဝန်ထမ်း ၅၀ ကျော် ကိုဗစ်ပိုးကူးစက်ခံထားရ

16 Feb 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်မှ ဆရာ၊ဆရာမများအပါအဝင် ဝန်ထမ်း ၅၀ ကျော်တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး တက္ကသိုလ်ကိုပြန်ပိတ်ရန်မရှိသေးကြောင်း စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှ သိရသည်။

မြောက်ဦးဒေသ ယူနက်စကိုဝင်နိုင်ရေး ရေစီး၊ရေလာစနစ်ကောင်းမွန်အောင်လုပ်ဆောင်သင့်ဟု ရေအရင်းအမြစ်ကျွမ်းကျင်ပညာရှင် အကြံပြု

16 Feb 2022

မြောက်ဦးမြို့တွင် ချောင်းမြောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ယူနက်စကိုဝင်နိုင်ရေးအတွက် အခက်အခဲရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်အတွက်ပါ စိုးရိမ်ဖွယ်ရာဖြစ်သဖြင့် ရေစီး၊ရေလာစနစ် ကောင်းမွန်အောင်လုပ်ဆောင်သင့်သည်ဟု မြောက်ဦးဒေသသို့လေ့လာရန်ရောက်ရှိနေသည့် ရေအရင်းအမြစ်ကျွမ်းကျင်ပညာရှင်က အကြံပြုလိုက်သည်။

မာန်အောင်မှ ဟိုတယ်ဝန်ထမ်းသေဆုံးမှုတွင် သံသယရှိသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

16 Feb 2022

မာန်အောင်မြို့နယ်တွင် အသစ်ဖွင့်လှစ်ထားသည့် ဟိုတယ်မှ ဝန်ထမ်းတစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ရဲကဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် လျှပ်စစ်မီးဖြင့်အလုပ်လုပ်ကိုင်နေသူများ အခက်တွေ့

16 Feb 2022

သဘာဝဓာတ်ငွေ့များထွက်သည့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်မှုရှိနေသောကြောင့် လျှပ်စစ်မီးကို အဓိကအသုံးပြုပြီး လုပ်ကိုင်နေရသည့် အလူမီနီယံလုပ်ငန်းများ၊မိတ္တူနှင့်ကွန်ပျူတာ စသည့်လုပ်ငန်းများ ထိခိုက်နေသည်။

ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်တွင် သောက်သုံးရေအခက်အခဲနှင့်ကြုံနေရ

15 Feb 2022

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့။ ငလပွေ့ရပ်ကွက် ရွာသစ်ပိုင်းမှ ပြည်သူများမှာ ဆားငံဓာတ်ပါသည့်ရေများကို သုံးစွဲနေရသဖြင့် သုံးရေအခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံတို့ထံမှသိရသည်။

ကျောက်တော်-ပလက်ဝရေယာဉ်တွင် ဆန်အပါအဝင် ကုန်ပစ္စည်းအချို့ကို သယ်ယူခွင့်ကန့်သတ်ထားဟု ဒေသခံများပြော

15 Feb 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့သို့ ပြည်နယ်စစ်ကောင်စီ၏အစီအစဉ်ဖြင့်ပြေးဆွဲနေသည့် ရေယာဉ်ပေါ်တွင် ဆန်အပါအဝင် ကုန်ပစ္စည်း(၄)မျိုးကို သယ်ယူခွင့်ကန့်သတ်ထားသဖြင့် ဒေသခံအတွင်း ကုန်ဈေးနှုန်းမြင့်တက်ကာ စားဝတ်နေရေးအခက်ကြုံနေရကြောင်း ဒေသခံများကပြောသည်။

ရမ္မာဝတီ လှေလှော်ပြိုင်ပွဲကို မေလတွင်ကျင်းပမည်

15 Feb 2022

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ရခိုင်ရိုးရာလှေလှော်ပြိုင်ပွဲကို ယခုနှစ်မေလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

စစ်တွေတက္ကသိုလ်ကျောင်းဝင်းထဲတွင် မီးလောင်မှုဖြစ်ပွား

15 Feb 2022

စစ်တွေမြို့၊ ဘုမေရပ်ကွပ်ရှိ တက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။

စစ်တွေ-ပေါက်တောပြေးဆွဲနေသည့် ပေါက်တောတံခွန်အမြန်ရေယာဉ် အရှုံးပေါ်၍ ရပ်နားထားရ

15 Feb 2022

စစ်တွေ-ပေါက်တောသို့ ပြေးဆွဲနေသည့် ပေါက်တောတံခွန်အမြန်ရေယာဉ်မှာ အရှုံးပေါ်သဖြင့် ခရီးစဉ်ပြေးဆွဲမှုကို ယခုလအတွင်းရပ်နားလိုက်ရသည်ဟု ရေယာဉ်ပိုင်ရှင် ဦးရွှေဖော်သူက DMG သို့ပြောသည်။

လေယာဉ်စီးမည့်သူများ ကာကွယ်ဆေးထိုးထားသော်လည်း ကိုဗစ်စစ်ဆေးမှုခံယူရမည်

14 Feb 2022

မြန်မာနိုင်ငံအတွင်း ပြည်တွင်းလေယာဉ်စီးခရီးသည်မည်သူမဆို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး ၄၈ နာရီအတွင်း (Rapid Response Team-RPT)ဖြင့် ကိုဗစ်ပိုးစစ်ဆေးမှု ခံယူရမည်ဖြစ်‌ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မင်းပြားတစ်မြို့လုံးအတွက် ဖလောင်းပြင်ဆည်မှ ရေပေးဝေရန် အခက်အခဲရှိ

14 Feb 2022

ရေရှားပါးမှုနှင့်ရင်ဆိုင်နေရသည့် မင်းပြားမြို့တွင် ရပ်ကွက်အားလုံးကို ဖလောင်းပြင်ဆည်မှရေပေးဝေရန် အခက်အခဲရှိနေသေးသည်ဟု မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မော်လမြိုင်တွင် တက္ကသိုလ်ကျောင်းသူတစ်ဦး နိုင်ငံရေးပုဒ်မဖြင့်ဖမ်းဆီးခံရ

14 Feb 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်ပါဝင်သည်ဟုဆိုကာ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးကို နိုင်ငံရေးဥပဒေပုဒ်မဖြင့် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ ရက်)က ဖမ်းဆီးသွားကြောင်းသိရသည်။

AA နှင့်ဆက်စပ်သူ ၄၆ ဦးကို ပြန်လွှတ်မည်ဟုကြေညာထားသော်လည်း ၄ ဦးမှာ မလွတ်မြောက်သေး

14 Feb 2022

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသူ ၄၆ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လွှတ်မည်ဟုကြေညာခဲ့သော်လည်း လူ ၄ ဦးမှာ မလွတ်မြောက်နိုင်သေးကြောင်း လွတ်မြောက်မှုအခြေနှင့်ပတ်သက်ပြီး စာရင်းပြုစုနေသည့် စာရေးဆရာဝေဟင်အောင်ကပြောသည်။

သစ်ခိုးထုတ်မှုကို တားဆီးရေးတွင် လိုအပ်ချက်များစွာရှိနေဆဲ

13 Feb 2022

ရခိုင်ဒေသ၏ ထက်ဝက်ကျော်ကို သဘာဝပေါက်ပင်သစ်တောများဖြင့် ဖုံးလွှမ်းထားသည်ဆိုသော်လည်း သစ်တောများမှာ နှစ်စဉ်ပြုန်းတီးမှုနှင့်ကြုံတွေ့နေရသည်။ တပိုင်တနိုင်သစ်ခုတ်သူများထက် တရားမဝင် သစ်ခိုးထုတ်မှုများက သစ်တောသယံဇာတများပြုန်းတီးလာရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ထောက်ပြကြသည်။

ဘိလပ်မြေဈေး နှစ်ဆခန့်မြင့်တက်လာမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအခက်အခဲဖြစ်

13 Feb 2022

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အခြေခံလူသုံးကုန်ပစ္စည်းများအပါအဝင် ဘိလပ်မြေဈေးနှုန်းများလည်း နှစ်ဆခန့်မြင့်တက်လာသဖြင့် အိမ်ဆောက်မည့်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာ အခက်အခဲများနှင့်ကြုံတွေနေရကြောင်း သတင်းရရှိသည်။

AA နှင့်ဆက်စပ်၍ဖမ်းဆီးခံထားရသည့် လက္ကာရွာသားများအပါအဝင် ၄၆ ဦးလွတ်မြောက်ပြီ

12 Feb 2022

ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးကို အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးရာတွင် လက္ကာရွာသားများအပါအဝင် ၄၆ ဦးမှာ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနေ့ အခမ်းအနားသို့ ULA တက်ရောက်

12 Feb 2022

ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ ရက္ခိုင့်တပ်တော်(AA)၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က တက်ရောက်ခဲ့သည်။

ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းမှ စာသင်ကျောင်းဆောင် လေပြင်းတိုက်ခတ်မှုကြောင့်ပြိုပျက်

12 Feb 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ်(၂)မြို့မရပ်ကွက် လမ်းမဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းမှ စာသင်ကျောင်းဆောင်နှစ်ဆောင်လုံးမှာ ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုဒဏ်ကိုခံလိုက်ရသည်အတွက် ပြိုပျက်ခဲ့ကြောင်း သတင်းရရှိသည်။

လွှတ်ပေးမည်ပြောထားသည့် AA နှင့်ဆက်စပ်သူများ ညနေ ၃ နာရီအထိ မလွတ်မြောက်သေး

12 Feb 2022

ရက္ခိုင့်တပ်တော်(AA) အဖွဲ့ဝင်များနှင့်ဆက်စပ်သူ (၄၆)ဦးကို စစ်ကောင်စီလွှတ်ပေးမည်ဟု ကြေညာထားသောကြောင့် မိသားစုဝင်များမှ စစ်တွေအကျဉ်းထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းနေကြသော်လည်း နေ့လယ် ၂ နာရီကျော်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွှတ်ပေးခြင်းမရှိသေးဟု သတင်းရယူနေသည့် DMG သတင်းထောက်များကပြောသည်။

မောင်တောတွင် ညမထွက်ရအမိန့်ကို ၂ လသက်တမ်းတိုးထုတ်ပြန်

12 Feb 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ညမထွက်ရအမိန့်ပုဒ်မ-၁၄၄ ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး ဧပြီလအထိ ၂ လထပ်မံသက်တမ်းတိုးလိုက်ကြောင်း သတင်းရရှိသည်။

Showing 3,761-3,780 of 8,345 items.