စစ်ရေးပဋိပက္ခဒဏ်ခံခဲ့ရသော အမျိုးသမီးများ လက်ရှိအချိန်ထိ လုံခြုံရေးနှင့် အခြားကဏ္ဍများ ဆုံးရှုံးနေရဆဲဖြစ်ကြောင်းပြော

08 Mar 2022

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်ခန့်ကြာဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ ကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ နှစ်သိန်းကျော်ထဲတွင် အမျိုးသမီးနှင့် ကလေးအများစု ပါဝင်ခဲ့သည်။

ကျေးရွာ ၅ ရွာမှအပ ကျန်ကျေးရွာများမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ပြီဟု စစ်ကောင်စီပြော

08 Mar 2022

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်မည်ဆိုပါ လက်ရှိအခြေအနေရာ ပြန်နိုင်ပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားလိုက်သည်။

အမ်းနှင့်တောင်ကုတ်တို့ကို ခရိုင်မြို့အဖြစ်သတ်မှတ်

08 Mar 2022

ရခိုင်ပြည်နယ်အတွင်းက အမ်းနှင့် တောင်ကုတ်မြို့တို့ကို ခရိုင်အဖြစ်သတ်မှတ်လိုက်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှသိန်းက ယနေ့(မတ်လ ၈ ရက်နေ့)တွင် သတင်းထောက်များကို ပြောဆိုလိုက်သည်။

ရခိုင်ပင်လယ်ပြင်မှ ကမ်းဝေးငါးဖမ်းရေယာဉ်အစီးရေ ၂၃၀ ကို VMS စနစ်ဖြင့် စောင့်ကြည့်နေဟုဆို

08 Mar 2022

ရခိုင်ပင်လယ်ပြင်တွင် ငါးဖမ်းဆီးလျှက်ရှိသော ကမ်းဝေးငါးဖမ်းရေယာဉ်အစီးရေ ၂၃၀ ကို ရေယာဉ်စောင့်ကြည့် ထိန်းချုပ်သည့်စနစ်(Vessel Monitoring System– VMS)ဖြင့် စောင့်ကြည့်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

စစ်တွေဆေးရုံကြီးတွင် ကုသနေသည့် ကိုဗစ်ပိုးတွေ့လူနာများ နေထိုင်ရေးနှင့်သောက်သုံးရေ အဆင်မပြေကြောင်းပြော

08 Mar 2022

စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ကိုဗစ်ပိုးတွေ့လူနာများမှာ နေထိုင်ရေးနှင့် သောက်သုံးရေများ အခက်အခဲရှိနေသည်ဟု ဆေးကုသမှုခံယူနေသည့်လူနာများက DMG သို့ပြောသည်။

လေးမြို့မြစ်အတွင်း သဲကျွန်းများပေါ်လာမှုကြောင့် ရေလမ်းခရီးသွားလာသူများ အခက်အခဲဖြစ်လာ

08 Mar 2022

မင်းပြားမြို့နယ်၊ လေးမြို့မြစ်အတွင်းတွင် မြစ်လယ်တလျှောက်၌ သဲကျွန်းများ တောက်လျှောက်ပေါ်လာမှုကြောင့် ရေလမ်းခရီးသွားလာနေကြသူများမှာ သွားလာရအခက်အခဲ ဖြစ်နေကြသည်။

သိုင်းချောင်းဆည်မှရေကို အသုံးပြုခွင့်ပေးရန် ဒေသခံများတောင်းဆို

08 Mar 2022

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာအုပ်စုအတွင်း နွေရာသီရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် သိုင်းချောင်းဆည်မှရေကို အသုံးပြုခွင့်ရရှိရန် ဒေသခံများကလိုလားနေကြသည်။

နန္ဒဝန်ဥယျာဉ်ကို ပုဂ္ဂလိကသို့ငှားရမ်းကာ အပန်းဖြေဥယျာဉ်အဖြစ်ဖော်ဆောင်သွားမည်

08 Mar 2022

စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာရှိ နန္ဒဝန်ဥယျာဉ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းကာ ပြည်သူများအတွက် အပန်းဖြေဥယျာဉ်အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG သို့ပြောသည်။

ရခိုင်မှာ နှစ်လတာအတွင်း မီးလောင်မှု (၃၁)ကြိမ်ဖြစ်ပွားခဲ့၊ မီးဘေးအန္တရာယ်သတိပြုကြရန် တိုက်တွန်း

08 Mar 2022

ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင် မီးလောင်မှုစုစုပေါင်း (၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁  ဦးရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏စာရင်းအရ သိရသည်။

မြန်မာစစ်တပ်မှ အင်အားအလုံးအရင်းနှင့်ဝင်ရောက်လာမှုကြောင့် KNU ထိန်းချုပ်ရာနယ်မြေအချို့၌ တိုက်ပွဲထပ်မံဖြစ်ပွား

07 Mar 2022

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာ နယ်မြေအချို့၌ကို မြန်မာစစ်တပ်မှ အင်အားအလုံးအရင်းနှင့်ဝင်ရောက်လာမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားနေကြောင်း KNU သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဧပြီလ ၁ ရက်နေ့မှစတင်ပြီး မှတ်ပုံတင်ပါမှသာလျှင် ခရီးသွားလာခွင့်ပြုမည်ဟု စစ်ကောင်စီထုတ်ပြန်

07 Mar 2022

လာမည့်ဧပြီလ ၁ ရက်‌နေ့မှစတင်ကာ ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း နိုင်ငံသားကတ်(မှတ်ပုံတင်)သာ ပြသစစ်ဆေးခံရမည်ဟု စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကျောက်ဖြူသဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံသစ်မှ နိုင်ငံတော်ဓာတ်အားသို့ တိုးမြှင့်ထုတ်လုပ်ရန် လုပ်ဆောင်နေ

07 Mar 2022

ရခိုင်ပြည်နယ် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသစ်မှ ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ နိုင်ငံတော်သို့ လျှပ်စစ် ၁၅၀ မဂ္ဂါဝပ်အထိ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

သံတွဲတွင် ကျေးလက်နေလူထု စာတတ်မြောက်ရေး ဒေသတွင်းလူမှုအဖွဲ့အစည်းများမှဦးဆောင်ကာ သင်ကြားပေးနေ

07 Mar 2022

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အရှိုချင်းလူမျိုးတို့နေထိုင်ရာ အညစ်ကျေးရွာတွင် ကျောင်းမတက်ရောက်နိုင်သည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများစာတတ်မြောက်ရေးအတွက် ဒေသတွင်းလူမှုအဖွဲ့အစည်းများမှ ဦးဆောင်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအနီး ဆည်တည်ဆောက်ရန် မြေနေရာစမ်းသပ်မှုပြုလုပ်နေ

07 Mar 2022

ကျောက်ဖြူမြို့အတွင်း ရေပေးဝေနိုင်ရေးအတွက် အုန်းတောကျေးရွာနှင့် ပြိုင်းစိကေကျေးရွာအနီးတွင် ဆည်တစ်ခုတည်ဆောက်ရန် မြေနေရာစမ်းသပ်မှုများလုပ်ဆောင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

KNU တပ်မဟာ(၁)နယ်မြေတွင် တိုက်ပွဲများကြောင့် ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

05 Mar 2022

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေအတွင်း မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ဒေသခံနှစ်သောင်းကျော်မှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း AA ပြော

05 Mar 2022

လက်ရှိအာဏာသိမ်းစစ်ကောင်စီမှာ ပြည်သူက ရွေးချယ်ထားသည့် အစိုးရမဟုတ်သည့်အတွက် AA အနေဖြင့် စစ်ကောင်စီနှင့် နိုင်ငံရေးအပေးအယူကိစ္စဆွေးနွေရန် အဆင်မပြေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

AA နှင့်ဆက်စပ်၍ သံသယဖြင့်ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေဟု AA ပြော

05 Mar 2022

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် ကြားခံလူများမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

သံတွဲတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ရာ၌ ပါဝင်ခဲ့မှုဖြင့် လူငယ်တစ်ဦးကို ထောင်ဒဏ်တစ်နှစ်ကျော်ချမှတ်

05 Mar 2022

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်းဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့မှုဖြင့် လူငယ်တစ်ဦးမှာ ထောင်ဒဏ်တစ်နှစ်ကျော်ချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

PDF တပ်ဖွဲ့များကို AA ချီးကျုး

05 Mar 2022

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့၏ တိုက်ခိုက်စွမ်းရည်ကို ချီးကျူးကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ရခိုင်တွင်ဖြစ်ခဲ့သော လူထုစီးပွားထိခိုက်စေသည့် အမှုကိစ္စများကို စနစ်တကျကိုင်တွယ်နေဟု ULA ပြော

05 Mar 2022

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကဖြစ်ပွားခဲ့သော ရိတ်သိမ်းပြီးစပါး(ကောက်လှိုင်း)များ မီးရှို့ခံရမှု၊ ရိတ်သိမ်းခြွေလှည့်စက်များ မီးရှို့ခံရမှု၊ နွားများ ဓားဖြင့်အခုတ်ခံရမှု စသည့်လူထုအကျိုးစီးပွားကိုထိခိုက်စေသည့် အမှုကိစ္စရပ်များအား စနစ်တကျကိုင်တွယ်ဖြေရှင်းနေသည်ဟု ULA ကဆိုသည်။

Showing 3,661-3,680 of 8,345 items.