မရမ်းချောင်းစစ်ဆေးရေးဂိတ်အနီး တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ဒေသခံတစ်ရာကျော် နေထိုင်ရေးနှင့် စားသောက်ရေးအခက်ခဲရှိနေ

17 Mar 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်းစစ်ဆေးရေးဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တိမ်းရှောင်နေရသော ဒေသခံ တစ်ရာကျော်မှာ နေထိုင်ရေးနှင့် စားသောက်ရေးတို့ အခက်အခဲရှိနေကြောင်း သိရသည်။

စစ်ပွဲကာလက ပျောက်ဆုံးတင်းမရွာသား ၁၈ ဦးကိစ္စကို ကော်မရှင်ဖွဲ့စစ်ဆေးသည်ဆိုသော်လည်း ၂ နှစ်ကျော် ကြာသည့်တိုင် ထူးခြားမလာသေး

17 Mar 2022

တပ်မတော်ကဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသည့် ကျောက်တော်မြို့နယ် တင်းမကျေးရွာသား ၁၈ ဦးကိစ္စနှင့်ပတ်သက်၍ မြောက်ဦးခရိုင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးသည်ဆိုသော်လည်း လက်ရှိအချိန်ထိ ၂ နှစ်ကျော်ကြာသည့်တိုင် တစုံတရာထူးခြာမလာသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

(၈)ကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုပေးပွဲကို ဧပြီလတွင်ကျင်းပမည်

17 Mar 2022

(၈)ကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ လာမည့်ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မင်းပြားတွင် ဝေသာလီခေတ်လက်ရာ စတူပါတစ်ဆူ တွေ့ရှိ

17 Mar 2022

နှစ်ပေါင်းတစ်ထောင်ကျော်ကြာ သက်တမ်းရှိသည့် ဝေသာလီခေတ် ရှေးဟောင်းလက်ရာ စတူပါတစ်ဆူကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဇိုင်ချောင်းကျေးရွာချောင်းထဲမှ ယနေ့(မတ်လ ၁၇ ရက်)က ဆယ်ယူတွေ့ရှိခဲ့ကြောင်း ဒေသခံများနှင့် ရခိုင်သမိုင်းသုတေသီများထံမှ သိရသည်။

လိုပြသက်သေများကို စစ်ဆေးပြီး၍ လာမည့်ရုံးချိန်းတွင် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို စတင်စစ်ဆေးမည်

17 Mar 2022

အကြမ်းဖက်မှုဥပဒေနှင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် တရားလိုနှင့် လိုပြသက်သေများကို စစ်ဆေးပြီးဖြစ်၍ လာမည့်ရုံးချိန်းတွင် ၎င်းတို့နှစ်ဦးကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

စစ်တပ်က တရားစွဲဆိုထားသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကို စွဲချက်တင်

17 Mar 2022

မြန်မာစစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်အမှုကို ယနေ့(မတ်လ ၁၇ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး အမှုကိုစွဲချက်တင်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မာန်အောင်တွင် ဓနိဖက်သုံးစွဲမှု အနည်းငယ်မြင့်တက်လာ

17 Mar 2022

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် နေအိမ်အမိုးပြုလုပ်ရာ၌အသုံးပြုသော ဓနိဖက်ကို သုံးစွဲသူပြန်လည်မြင့်တက်လာနေသည်ဟု ဓနိဖက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ဆက်လက်အားကောင်းလာနိုင်ဟု မိုး/ဇလခန့်မှန်း

17 Mar 2022

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် လာမည့်မတ်လ ၂၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ဆက်လက်အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ရိက္ခာပြတ်လပ်နေ

17 Mar 2022

စစ်ဘေးရှောင်ဦးရေ ၆၀၀ ကျော်နေထိုင်သည့် ပုဏ္ဏားကျွန်းစက်မှုဇုန် စစ်ဘေးရှောင်စခန်းတွင် ရိက္ခာပြတ်လပ်နေသည်မှာ နှစ်လခန့်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မြန်မာစစ်တပ်မှ ကရင်နီဒေသသို့ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှုများရှိနေ

16 Mar 2022

ကယား(ကရင်နီ)ပြည်နယ်အတွင်း မြန်မာစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ၌ မီးလောင်ဗုံးအမျိုးအစား(FAB)အသုံးပြုမှုကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှုများရှိလာကြောင်း ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူများမှ ဆိုသည်။

မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာရှိ နေအိမ်တစ်အိမ်မှ ရွှေထည်ပစ္စည်းအများအပြား ခိုးယူခံရ

16 Mar 2022

ရခိုင်ပြည် မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာတွင် ရှိသည့် နေအိမ်တစ်အိမ်မှ ရွှေထည်ပစ္စည်းအမြောက်အများ ခိုးယူခံခဲ့ရကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရှိရသည်။

မာန်အောင်မှ ဟိုတယ်ဝန်ထမ်းတစ်ဦးသေဆုံးမှု တစ်လကျော်ကြာသည့်တိုင် ထူးခြားမှုမရှိသေး

16 Mar 2022

မာန်အောင်မြို့နယ်တွင် အသစ်ဖွင့်လှစ်ခဲ့သည့်ဟိုတယ်မှ ဝန်ထမ်းတစ်ဦးသေဆုံးမှုမှာ တစ်လကျော် ကြာသည့်တိုင် ထူးခြားမှုတစ်စုံတစ်ရာမရှိသေးသဖြင့် အမှုမှန်ပေါ်ပေါက်အောင် အမြန်ဆုံးလုပ်ဆောင်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မွန်ပြည်နယ်က မြို့နယ်အချို့တွင် ရေရရှိရန်ခက်ခဲနေ

16 Mar 2022

မွန်ပြည်နယ်ကမြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် သုံးစွဲရေရရှိရန် ခက်ခဲလာနေကြောင်း ဒေသခံများထံမှသိရသည်။

စစ်တွေပွိုင့်ကမ်းခြေတွင် ရခိုင်ရိုးရာသျှစ်သောင်းမြောက်ပွဲ(သဲပုံစေတီပွဲ)ကျင်းပ

16 Mar 2022

ယနေ့တပေါင်းလပြည့်(မတ်လ ၁၆ ရက်) နေ့လယ် (၁)နာရီတွင် စစ်တွေမြို့ပွိုင့်ကမ်းခြေ၌ ရခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲ(သဲပုံစေတီပွဲ)ကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဂွမြို့နယ်မှ အမျိုးသမီးငယ်နှစ်ဦးပျောက်ဆုံးနေမှု ၁၀ ရက်ကြာသည့်တိုင် မိသားစုနှင့်အဆက်သွယ်မရသေး

16 Mar 2022

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆုံတွင်းကျေးရွာမှ အမျိုးသမီးငယ်နှစ်ဦးပျောက်ဆုံးနေသည့်မှာ ၁၁ ရက်ကျော်ကြာမြင့်လာသော်လည်း ယနေ့(မတ် ၁၆)ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင့် မိသားစုဝင်များထံမှသိရသည်။

စစ်တွေမြို့ရှိ သံတိုသံစ၊ ပလက်စတစ်အဟောင်းပစ္စည်းဝယ်ယူသည့် ဆိုင်ရှင်နှစ်ဦး ဖမ်းဆီးခံရ

16 Mar 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့(မတ်လ ၁၅ ရက်) နံနက်ပိုင်းက သံတိုသံစ၊ ပလက်စတစ်၊ ဘီယာဗူးခွံ၊ ပုလင်းခွံ စသည့်အဟောင်းပစ္စည်းများဝယ်ယူနေသော ဆိုင်ပိုင်ရှင်နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုထံမှသိရသည်။

ငပလီတွင် သက်ငယ်မုဒိန်းမှုဖြစ်ပွားပြီး ကျူးလွန်သူကို ဖမ်းဆီးအမှုဖွင့်ထား

16 Mar 2022

သံတွဲမြို့နယ်၊ ငပလီမြို့တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများထံမှသိရသည်။

နေအိမ်ဖယ်ရှားခံရသည့် စစ်တွေမှကျူးကျော်များကို အကူအညီပေးရန် စစ်ကောင်စီကို ALP တိုက်တွန်း

15 Mar 2022

နေအိမ်များဖယ်ရှားခံရ၍ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည့် စစ်တွေမြို့မှကျူးကျော်များကို လူသားချင်းစာနာမှုများ ဆောင်ရွက်ပေးရန် ပြည်နယ်စစ်ကောင်စီကို စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ယမန်နေ့(မတ်လ ၁၄ ရက်နေ့)တွင် တိုက်တွန်းလိုက်သည်။

ရခိုင်တောင်ပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့်ဒေသခံတချို့ကို AA နှင့်ဆက်စပ်မှု ရှိ၊မရှိ စစ်တပ်ကခေါ်စစ်

15 Mar 2022

ပြည်နယ်တွင်း ရက္ခိုင့်တပ်တော်(AA) သြဇာလွှမ်းမိုးမှုရှိလာသည်နှင့်အမျှ စစ်ကောင်စီကလည်း ၎င်းတို့အာဏာ တည်မြဲရေးအတွက် အသည်းအသန်ကြိုးပမ်းလျက်ရှိရာ ဒေသခံများ၊အုပ်ချုပ်ရေးမှူးများကို AA နှင့်ဆက်သွယ်မှု ရှိ၊မရှိ စစ်ဆေးမှုများဆက်တိုက်ရှိနေပြီး ယခုရက်ပိုင်းတွင်လည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် ယင်းသို့စစ် ဆေးမှုများရှိခဲ့သည်။

ရွာချောင်းကြီးတံတားဟောင်းမှာ အန္တရာယ်ရှိသဖြင့် တံတားသစ်မှ အမြန်ဆုံးသွားခွင့်ရရှိရေး ဒေသခံများလိုလားနေ

15 Mar 2022

ရခိုင်ပြည်နယ် မင်းပြား-ပေါက်တောကားလမ်းပေါ်ရှိ ရွာချောင်းကြီးတံတားဟောင်းမှာ သွားလာရေးအန္တရာယ်ရှိသဖြင့် ယခုဆောက်လုပ်ထားသည့်တံတားအသစ်မှ ကားများဖြတ်သန်းခွင့်ရရန် ဒေသခံများက လိုလားနေကြသည်။

Showing 3,601-3,620 of 8,345 items.