ဘူးသီးတောင်မြို့နယ်တွင် အာရဗီကျောင်းဆောင် မီးလောင်မှုဖြစ်

13 Nov 2021

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာရှိ အာရဗီကျောင်းဆောင်မှာ နိုဝင်ဘာလ ၁၃ ရက် နံနက် ၄ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မောင်တောခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

PDF ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်နှင့် လူငယ်စာရေးဆရာမင်းဒီပါကို အကြမ်းဖက်ဥပဒေဖြင့်တရားစွဲ

12 Nov 2021

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်နှင့် ဖမ်းဆီးခံထားရသည့် လူငယ်စာရေးဆရာမင်းဒီပါကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် မြောက်ဦးခရိုင်တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ မသန်စွမ်းသူများကို တစ်နှစ်ခွဲကြာ ကျန်းမာရေးဝန်ဆောင်မှုပေးရန်စီစဉ်

12 Nov 2021

ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ မသန်စွမ်းသူများကို တစ်နှစ်ခွဲကြာ ကျန်မာရေးဆိုင်ရာဝန်ဆောင်မှုပေးမည့် စီမံချက်တစ်ခုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်းဒေးရှင်း(မြန်မာ)မှ သိရသည်။

ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများအား ကိုဗစ်ပိုးရှိ/မရှိကို ကျန်းမာရေးဌာနက အခမဲ့စစ်ဆေးပေးမည်

12 Nov 2021

ပြည်တွင်းလေကြောင်းခရီးစဉ်နှင့်လိုက်ပါမည့်သူများအား ကိုဗစ်ရောဂါပိုးရှိ/မရှိကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပိတ်ရက်မရှိဘဲ အခမဲ့စစ်ဆေးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာမှ အသိပေးထုတ်ပြန်လိုက်သည်။

ဂွမြို့နယ်မှ စာသင်ကျောင်းများကို အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ဆောင်ရွက်နေဟုဆို

12 Nov 2021

ကိုဗစ်ကူးစက်မှုရှိနေသေးသဖြင့် လက်ရှိအချိန်ထိပိတ်ထားရဆဲဖြစ်သည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ အခြေခံပညာစာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း ဂွမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကပြောသည်။

ဒေါ်လာဈေးကျသော်လည်း ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲ

11 Nov 2021

လက်ရှိဒေါ်လာဈေးကျဆင်းလာသော်လည်း ကုန်စည်ဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။

မြောက်ဦးနန်းတော်ရာကုန်း တတိယတံတိုင်းဘေးကကွင်း ယာယီကားဂိတ်ပြုလုပ်မည်ကို သဘောထားကွဲလွဲနေ

11 Nov 2021

မြောက်ဦးမြို့ နန်းတော်ရာကုန်း တတိယတံတိုင်းဘေးကကွင်းပြင်၌ ယာယီကားဂိတ်ပြုမည်ကို သက်ဆိုင်ရာဌာန၊ ဒေသခံများ အချင်းချင်းကြားတွင် သဘောထားများကွဲလွဲနေကြသည်။

PPST ၏ထုတ်ပြန်ချက်ကို ပြန်ပြင်ရန် စစ်ကောင်စီကစာပို့

11 Nov 2021

ချင်းပြည်နယ်၊ ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း PPST မှ နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာစစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲဆက်ဖြစ်မည်ဟု AA ပြောကြား

11 Nov 2021

ရခိုင်ပြည်၊ မောင်တောမြို့တွင်ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲနှင့်ပတ်သက်၍ မြန်မာစစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲမှာဆက်ဖြစ်နေမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းတွင် ပြောကြားသည်။

ကျန်းမာရေးကိစ္စအတွက် အောက်ဆီဂျင်လိုအပ်ပါက စစ်တွေအောက်စီဂျင်စက်ရုံမှ အခမဲ့ရယူနိုင်

10 Nov 2021

ကျန်းမာရေးကိစ္စအတွက် အောက်စီဂျင်လိုအပ်ပါက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အောက်စီဂျင်စက်ရုံမှ အခမဲ့ရယူနိုင်ကြောင်း အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ရခိုင်တွင် စစ်ရေးကာလအတွင်းက မီးလောင်ပျက်စီးခဲ့သည့် နေအိမ်အများအပြား ဆောက်လုပ်ရန်ကျန်နေသေး

10 Nov 2021

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကာလအတွင်းက မီးလောင်ပျက်စီးခဲ့သည့်နေအိမ်အများအပြား ဆောက်လုပ်ရန်ကျန်ရှိနေသေးကြောင်း သိရသည်။

ဝန်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှု ၇၅ ရာခိုင်နှုန်းအထိ လျော့နည်းလာဟုဆို

10 Nov 2021

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဝန်ဖိုက်ဒီရေတောအား ပြည်သူများဝိုင်းဝန်းထိန်းသိမ်းမှုကြောင့် သစ်ခုတ်မှုနှင့် သစ်ခိုးထုတ်မှုများ ၇၅ ရာခိုင်နှုန်းအထိလျော့နည်းလာကြောင်း ဒေသခံများနှင့်ဖွဲ့စည်းထားသည့် ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

စစ်တွေမြို့တွင် ဆွမ်းစိမ်းလောင်းလှူပွဲအတွက် အရုပ်ကြီးဇနီးမောင်နှံဖြင့် လှည့်လည်အလှူငွေကောက်ခံ

10 Nov 2021

လာမည့်တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်တွေမြို့၌ သံဃာတော်အပါး ၅၅၀ ကို ဆွမ်းစိမ်းလောင်းလှူပွဲပြုလုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြသည်။

ရခိုင်တွင် ဆယ်လအတွင်း ကြိုးဆွဲချသေဆုံးမှုနှင့် အဆိပ်သောက်သေဆုံးမှု ၅၇ မှုရှိ

09 Nov 2021

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ ၁၀ လတာအတွင်း ကြိုးဆွဲချသေဆုံးမှုနှင့် အဆိပ်သောက်သေဆုံးမှု စုစုပေါင်း ၅၇ မှုရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

PDF နှင့်ဆက်စပ်ဖမ်းဆီးခံထားရသည့် သံတွဲမှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွဲကို သံတွဲမြို့နယ်တရားရုံးသို့တင်သွင်း

09 Nov 2021

PDF အဖွဲ့နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုတွဲကို သံတွဲမြို့နယ်တရားရုံးသို့ နိုဝင်ဘာ ၈ ရက်နေ့က တင်သွင်းလိုက်ကြောင်းသိရသည်။

ရခိုင်ကျောင်းသားလေးဦးအမှု ပြင်ဆင်တက်ရောက်ခြင်း ပထမအဆင့်လျှောက်လဲချက်ကို ပြည်နယ်တရားလွှတ်တော်က လက်ခံ

09 Nov 2021

ထောင်ဒဏ် ၂ နှစ်နှင့် ခြောက်လ အမိန့်ချမှတ်ခံထားရသည့် ရခိုင်ပြည်က ကျောင်းသားလေးဦး၏အမှု ပြင်ဆင်မှုတက်ရောက်ခြင်း ပထမအဆင့်လျှောက်လဲချက်ကို နိုဝင်ဘာလ ၉ ရက်က ပြည်နယ်တရားလွှတ်မှလက်ခံလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

AA မှ ဖမ်းဆီးထားသည့် ALP အရန်ဗဟိုကော်မတီဝင်ကို အမြန်ပြန်လွှတ်ပေးရန် တောင်းဆို

09 Nov 2021

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ အရန်ဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးကို ရက္ခိုင့်တပ်တော်(ULA/AA)မှ ဖမ်းဆီးထားသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ALP က တောင်းဆိုလိုက်သည်။

ရခိုင်သို့ ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ၂ သောင်းကျော် ထပ်မံရောက်ရှိ

09 Nov 2021

တရုတ်နိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ၂ သောင်းကျော် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၇ ရက်နေ့က ထပ်မံရောက်ရှိလာကြောင်း ပြည်နယ်ကျန်းမာဦးစီးဌာနထံမှ သိရသည်။

ရခိုင်က စစ်ရှောင်စခန်းများတွင် တုပ်ကွေးကူးစက်ခံရသူ အများအပြားရှိနေ

08 Nov 2021

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်အများအပြား ရာသီတုပ်ကွေးရောဂါကူးစက်ခံနေရကြောင်း သိရသည်။

Showing 4,201-4,220 of 8,345 items.