သမိုင်းဝင် ဆံတော်ရှင်ဘုရားသွားလမ်းတွင် စစ်တပ်မှ စစ်ဆေးနေသဖြင့် ဘုရားလာဖူးသူများ စိုးရိမ်နေ

06 Dec 2021

ရခိုင်ပြည်၊ ပေါက်တော်မြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရား သွားလမ်းတစ်လျှောက်တွင် မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆေးမှုများ ဆောင်ရွက်နေသဖြင့် ဘုရားဖူးသွား ဧည့်သည်များနှင့် ဒေသခံများမှာ စိုးရိမ်မှုရှိနေကြသည်။

PDF နှင့်ဆက်စပ်ပြီး ရခိုင်က အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးတို့ ဖမ်းဆီးခံထားရ

06 Dec 2021

ရခိုင်ပြည်နယ်အတွင်းတွင် လက်ရှိတည်ငြိမ်အေးချမ်းနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် သံတွဲခရိုင်မှ ခြောက်ဦး၊ မြောက်ဦးခရိုင်မှ တစ်ဦး၊ ကျောက်ဖြူခရိုင်မှတစ်ဦး၊ စုစုပေါင်းအမျိုးသမီးငါးဦးနှင့် အမျိုးသားသုံးဦးတို့ ဖမ်းဆီးခံထားရသည်။

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ယနေ့ ရုံးချိန်းတွင် ထောင်ဒဏ် ၄ နှစ်စီချမှတ်

06 Dec 2021

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ ရုံးချိန်းတွင် မြန်မာစစ်ကောင်စီမှ နေပြည်တော်ဇဗ္မူသီရိမြို့နယ်ရှိ အထူးတရားရုံး၌ ထောင်ဒဏ်လေးနှစ်ချမှတ်လိုက်ကြောင်းသိရသည်။

ကြည့်မြင်တိုင်သပိတ်ကို မြန်မာစစ်ကားဝင်တိုက်ပစ်ခတ်ဖမ်းဆီး လူငယ် ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ

06 Dec 2021

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်၌ မနေ့ ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီအချိန်တွင် ပန်းပင်ကြီး လမ်းပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်းကို စစ်ကောင်စီ ကားတစ်စီးမှ အရှိန်ပြင်းမောင်းနှင်ကာ ဝင်ရောက်တိုက်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆန္ဒပြလူငယ် ၂ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ ထုတ်ပြန် (သတင်းတို)

04 Dec 2021

ရခိုင်ပြည်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ယနေ့၊ မနက်ဖြန်နှင့် နောက်နှစ်ရက်အတွင်း ခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညနေက ထုတ်ပြန်ထားသည်။

စစ်တွေမြို့တွင် ခိုးဆိုးလုယက်မှုများလာသဖြင့် ရပ်ကွက်များအတွင်း ကင်းစောင့်နေရ

04 Dec 2021

ရခိုင်ပြည်နယ်မှ ပြည်နယ်အဆင့်ဌာနဆိုင်ရာရုံးများတည်ရှိရာ စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာသဖြင့် ရပ်ကွက်အချို့တွင် ညကင်းစောင့်ရသည်အထိဖြစ်လာနေသည်။

သရက်ချောင်းမှ CDM ပညာရေးဝန်ထမ်းနှစ်ဦး ကွယ်လွန်

04 Dec 2021

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၌ မြန်မာစစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သည့် ပညာရေးဝန်ထမ်းနှစ်ဦး ထွက်ပြေးတိမ်းရှောင်ရင်း ကျန်းမာရေးချို့တဲ့မှုကြောင့် ကွယ်လွန်ခဲ့ကြောင်း သရက်ချောင်းပညာရေးဘုတ်အဖွဲ့ (ယာယီ) ထံမှ သိရသည်။

မောင်တောတွင် နယ်ခြားစောင့်ရဲတစ်ဦးထွက်ပြေးသည့်ကိစ္စဖြင့် ဒေသခံတစ်ဦးကို ဖမ်းဆီးထား

04 Dec 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦး ဖမ်းဆီးခံထားရကြောင်း မိသားစုဝင်များကပြောသည်။

စစ်ကောင်စီမှ ဖမ်းဆီးမှုကြောင့် သာယာဝတီမြို့နယ်အတွင်း CDM ပညာရေးဝန်ထမ်း ၇ ဦး အထိရှိလာ

04 Dec 2021

ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း စစ်ကောင်စီမှဖမ်းဆီးမှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်း ၇ ဦးအထိ ရှိလာကြောင်း အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီအဖွဲ့ (သာယာဝတီ) ထံမှ သိရသည်။

၈ နှစ်အတွင်း ရခိုင်တွင် မြစိမ်းရောင်စီမံကိန်းချေးငွေ ကျပ်သန်း ၆၀၀ ခန့် ပြန်မရ

04 Dec 2021

ရခိုင်ပြည်နယ်တွင် အရင်းမပျောက်ချေးငွေ မြစိမ်းရောင်စီမံကိန်းကို ကျေးလက်ပြည်သူလူထုသို့ ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်ထုတ်ချေးခဲ့ရာတွင် ၈ နှစ်အတွင်း ချေးငွေကျပ်သန်းပေါင်း ၅၉၇ သန်း ပြန်မဆပ်ကြသေးကြောင်း ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

၅ ကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့ စစ်တွေမြို့တွင် ကျင်းပ (ဓါတ်ပုံသတင်း)

04 Dec 2021

၅ ကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့ အခမ်းအနားကို စစ်တွေမြို့ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ အလားတူ ရန်ကုန်မြို့တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အေးသာယာစာသင်တိုက်တွင်လည်း ပြုလုပ်ခဲ့ကြသည်။

မြောက်ဦးမှ လူငယ်စာရေးဆရာ၏အမှုကို လာမည့်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးမည်

03 Dec 2021

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာအမှုတွင် သက်သေအားလုံးစစ်ဆေးပြီးဖြစ်၍ လာမည့်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေလျှောက်လဲချက်ကြားနာသွားမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

လက္ကာကျေးရွာသားများအမှုကို အမိန့်မချဘဲ ဒုတိယအကြိမ် လျှောက်လဲချက်ပေးခဲ့ရ

03 Dec 2021

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုကာ သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်အမှုကို ယနေ့(ဒီဇင်ဘာလ ၃ ရက်)တွင် ရုံးထုတ်ရာ အမိန့်ချမဘဲ ဒုတိယအကြိမ် ပြန်လည်လျှောက်လဲချက်ပေးခဲ့ရကြောင်း ရှေ့နေထံမှသိရသည်။

ရခိုင်ရာဇဝင်သစ်ကျမ်းကိုရေးသားခဲ့သည့် အရှင်စန္ဒမာလာလင်္ကာရ၏ အထိမ်းအမှတ်ပွဲကို ရခိုင်တစ်ပြည်နယ်လုံးတွင်ပြုလုပ်ရန် ရမ်းဗြဲဒေသခံများလိုလား

03 Dec 2021

ရခိုင်ရာဇဝင်သစ်ကျမ်းကိုရေးသားပြုစုခဲ့သည့် ရမ်းဗြဲတောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာလင်္ကာရ ပျံလွန်တော်မူခြင်း နှစ်(၉၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ရမ်းဗြဲလူငယ်ကွန်ယက်မှ ဦးဆောင်ကာ ရမ်းဗြဲမြို့တွင် ယနေ့ပြုလုပ်ခဲ့သည်။

ဆောက်လုပ်ရေးဒုဝန်ကြီးဟောင်း၊ ညွှန်ကြားရေးမှုးချုပ် ၄ ဦး အပါအဝင် ပဲခူးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း တို့ကို အဂတိမှုဖြင့်အရေးယူ

03 Dec 2021

ယခင် NLD ပါတီ အရပ်သားအစိုးရ လက်ထက်တွင် ခန့်အပ်ခံထားရသည့် ဆောက်လုပ်ရေး ဒုဝန်ကြီးဟောင်း၊ ညွှန်ကြားရေးမှူးချုပ် ၄ ဦးနှင့် ပဲခူးတိုင်းလမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်းတို့ကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ကောင်စီမှ ဒီဇင်ဘာ ၁ ရက်တွင် အရေးယူလိုက်ကြောင်းသိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် မြေယာပါဝင်နေသည့် ဒေသခံတောင်သူများ ကျူးကျော်ဖြစ်မည့်အရေးကို စိုးရိမ်နေကြ

03 Dec 2021

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းတည်ဆောက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဧရိယာထဲတွင် မြေယာပါဝင်နေသည့်ဒေသခံတောင်သူများမှာ ကျူးကျော်ဖြစ်မည့်အရေးကို စိုးရိမ်နေကြကြောင်းပြောသည်။

မောင်တောခရိုင်မှ မွတ်ဆလင်ကျေးရွာ(၁၁)ရွာ၌ ၁၁ လအတွင်း မီးလောင်မှု ၁၃ ကြိမ်ဖြစ်ပွားခဲ့

02 Dec 2021

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ၁၁ လတာအတွင်း မီးလောင်မှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုများမှာ မွတ်ဆလင်ကျေးရွာ ၁၁ ရွာတွင်ဖြစ်ပွားခဲ့ကြောင်း မောင်တောခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကူးစက်မှုမရှိစေရေး သတိထားစောင့်ကြည့်နေကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီပြော

02 Dec 2021

ကိုဗစ်မျိုးကွဲဖြစ်သော ကူးစက်မြန် အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်ကူးစက်မှုမရှိစေရန် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ကို အဓိကထားကာ သတိထားစောင့်ကြည့်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

စစ်အာဏာသိမ်းမှု ၁၀ လတာအတွင်း သေဆုံးသူ ၁၃၀၀ ဦးရှိကြောင်း AAPP ထုတ်ပြန်

02 Dec 2021

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှု ၁၀ လတာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၃၀၀ ဦးနှင့် ဖမ်းဆီးခံရသူ ၁၀၅၉၆ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မောင်တောမှ ဆင်နင်းခံရသည့်အမျိုးသားတစ်ဦး ဆေးကုသရန် အကူအညီလိုအပ်နေ

02 Dec 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာမှ ဆင်နင်းခံရသည့် အမျိုးသားတစ်ဦးမှာ ဆေးကုသမှုခံယူရန် အကူအညီလိုအပ်နေကြောင်း မိသားစုများထံမှသိရသည်။

Showing 4,101-4,120 of 8,345 items.