ရန်ကုန်၊ ပဲခူး၊ မန္တလေးအပါအဝင် မကွေး၊ မွန် တို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ ရှာဖွေဖမ်းဆီးမှု ပိုမိုစိပ်လာ

14 Dec 2021

ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေးနှင့် မွန်ပြည်နယ်ရှိ မြို့နယ်များမှ လူငယ်များကို မြန်မာစစ်ကောင်စီတပ်များမှ ရှာဖွေကာ အတင်းအကျပ်ဖမ်းဆီးမှုများ ယခု ဒီဇင်ဘာလ ပထမအပတ်အတွင်း ပိုမိုများပြားလာကြောင်း သိရသည်။

ကျောင်းမတက်ရသေးသော ပုဏ္ဏားကျွန်းမြို့နယ်မှ (၁၀)တန်းကျောင်းသားများအတွက် အခမဲ့ပညာသင်ကျောင်းဖွင့်

13 Dec 2021

ဆင်းရဲနွမ်းပါး၍ လက်ရှိအချိန်ထိကျောင်းမတက်ရသေးသော ၁၀ တန်း ကျာင်းသားကျောင်းသူများအတွက် အခမဲ့ပညာသင်ကျောင်းကို ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ် ဂဏန်းတောင်ကျေးရွာ၌ ယနေ့(ဒီဇင်ဘာ ၁၃ရက်)တွင် ဖွင့်လှစ်ခဲ့သည်။

ဆံတော်ရှင်ဘုရားတက်လမ်း ပြုပြင်ပြီးသော်လည်း စစ်တပ်ကမပြန်သေးဟု ဒေသခံများပြော

13 Dec 2021

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရားတက်လမ်းမှ ပျက်စီးနေသည့်လမ်းများကို ပြုပြင်ရန်ရောက်ရှိနေသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ လမ်းပြုပြင်ပြီးသော်လည်း ယနေ့(ဒီဇင်ဘာ ၁၃ ရက်)အထိ မပြန်ကြသေးကြောင်း ဒေသခံများနှင့် ဘုရားဖူးဧည့်သည်များက ပြောဆိုသည်။

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ

13 Dec 2021

ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ယနေ့(ဒီဇင်ဘာလ ၁၃ ရက်)တွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ စတင်ကျင်းပလျက်ရှိသည်။

CDM ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်မဝင်လျှင် လျော်ကြေးပေးရန်နှင့် အလုပ်ထုတ်ပယ်မည်ဟု စစ်ကောင်စီဖိအားပေး

13 Dec 2021

မြန်မာစစ်ကောင်စီ အာဏာသိမ်းယူမှုအပေါ် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန်နှင့် မဝင်ရောက်ပါက လျှော်ကြေး သိန်း (၅၀) သို့မဟုတ် သိန်း (၁၀၀) ပေးဆောင်ရမည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံမှုပြလုပ်ခဲ့လျှင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထောင်ချခံရမည်ဟု စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန အမိန့်ညွှန်ကြားချက်အရ သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်တင်ပို့မည့်မော်တော်ဘုတ်မလုံလောက်၍ ကုန်အများအပြားသောင်တင်နေ

13 Dec 2021

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်တင်ပို့ရာတွင် မော်တော်ဘုတ်မလုံလောက်၍ ကုန်အများအပြား သောင်တင်လျက်ရှိနေသည်။

ကျောက်တော် လူငယ်များအစည်းအရုံးက ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို စစ်တပ်မှလာရောက်ဟန့်တား

11 Dec 2021

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် ရန်ပုံငွေရရှိရန်အတွက် ကျောက်တော်လူငယ်များအစည်းအရုံးက ဦးဆောင်ကာကျင်းပသည့် ရှိုးပွဲအား စစ်တပ်မှ အင်အား ၁၀၀ ခန့်ဖြင့် လာရောက်ဟန့်တားခဲ့ကြောင်း ကနဦး သိရသည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းရန် HRSJA ကတိုက်တွန်းထုတ်ပြန်

11 Dec 2021

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအပါအဝင် ပြည်တွင်းပြည်ပရှိအဖွဲ့အစည်းများအားလုံးက အမြန်ဆုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း လူ့အခွင့်အရေးနှင့် လူမှုတရားမျှတရေးမဟာမိတ်(HRSJA)မှ ထုတ်ပြန်လိုက်သည်။

လာနီညာ(အအေးလှိုင်း)ကြောင့် ယခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့နိုင်

11 Dec 2021

ယခုနှစ်တွင် လာနီညာ(အအေးလှိုင်း)ကြောင့် ဆောင်းရာသီကာလမှာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ညအပူချိန်လျောနည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာက အသိပေးထုတ်ပြန်ထားသည်။

ဂွမြို့နယ်မှ စေတီတစ်ဆူ ဒုတိယအကြိမ်မြောက် ဌာပနာဖောက်ထွင်းခံရ

11 Dec 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ချင်းကုန်းကျေးရွာအနီးရှိ လောဘသုခစေတီမှာ ဒုတိယအကြိမ်မြောက် ဌာပနာဖောက်ထွင်းခံရကြောင်း ယင်းကျေးရွာသားများက ပြောသည်။

ပုဏ္ဏားကျွန်း-ကျောက်တော်သွားလမ်းရှိ ယိုချောင်းတံတားဘေးတွင် တံတားသစ်တစ်စင်း တည်ဆောက်မည်

11 Dec 2021

ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့ကြားရှိ ယိုးချောင်းတံတားဘေးတွင် တံတားသစ်တစ်စင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လမ်း၊တံတားဦးစီးဌာနမှ သိရသည်။

ဝေါရဲစခန်းရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စစ်ကောင်စီတပ်များမှ ခရီးသည်ယာဉ်များကို စစ်ဆေးရေးတင်းကြပ်နေ

11 Dec 2021

ပဲခူးတိုင်း ဝေါမြို့နယ်ရဲစခန်းရှေ့ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့(ဒီဇင်ဘာ ၁၁ ရက်) နံနက်အစောပိုင်းချိန်မှစပြီး စစ်ကောင်စီတပ်အင်အားအများအပြားဖြင့် ခရီးသည်ယာဉ်များကို စစ်ဆေးရေးတင်းကြပ်လျက်ရှိနေကြောင်း သိရသည်။

တနင်္သာရီတွင် နည်းပညာတက္ကသိုလ်မှ ကျောင်းသူတစ်ဦးထပ်မံဖမ်းဆီးခံရ၊ မုံရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်

10 Dec 2021

တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ နည်းပညာတက္ကသိုလ်မှ ပဉ္စမနှစ် လျပ်စစ် အင်ဂျင်နီယာမေဂျာ ကျောင်းသူတစ်ဦးကို ယနေ့ ဒီဇင်ဘာ(၁၀)ရက်တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးသွားကြောင်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သည့် အနေအထားကိုရောက်ရှိလာကြောင်း AA ထုတ်ပြန်

10 Dec 2021

ရက္ခိုင့်တပ်တော်(ULA/AA)နှင့် စစ်ကောင်စီတပ်တို့ကြားတွင် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည့်အနေအထားကို ရောက်ရှိလာသောကြောင့် (ULA/AA)အနေဖြင့် စစ်ရေးသတိကြီးစွာဖြင့် အထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် AA က ထုတ်ပြန်လိုက်သည်။

ရခိုင်တွင် လမ်းတံတားဖြတ်သန်းကြေးများကို စတင်ကောက်ခံ

10 Dec 2021

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က ဖျက်သိမ်းခဲ့သော လမ်းတံတားဂိတ်ကြေးများကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြန်လည်ကောက်ခံလာသည်။

လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်ပုဒ်မ၅၀(ည)နှင့် စွဲချက်တင်

10 Dec 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာက လူငယ်စာရေးဆရာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင် စွဲချက်တင်လိုက်ကြောင်း ရှေ့နေထံမှသိရသည်။

ယနေ့လူ့အခွင့်ရေးနေ့တွင် တနိုင်ငံလုံးနီးပါး အသံတိတ်သပိတ်ကြောင့် တိတ်ဆိတ်နေ

10 Dec 2021

ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင်ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် မြန်မာတနိုင်ငံလုံးရှိ မြို့တိုင်းနီးပါး အသံတိတ်သပိတ်(silent strike)ပြုလုပ်လျက်ရှိနေပြီး လမ်းမများ၊ ဆိုင်များတွင် လူအသွားအလာများ လုံးဝမရှိဖြစ်နေသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကိုရပ်တန့်ရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆို

10 Dec 2021

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရပ်တန့်ရန် ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

တရုတ်အာကာသလွန်းပျံယာဉ်အစိတ်အပိုင်းတစ်ခု ရခိုင်ပင်လယ်ပြင်သို့ ကျရောက်

10 Dec 2021

တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်အပိုင်းတစ်ခုမှာ ယနေ့(ဒီဇင်ဘာ ၁၀ ရက်) နံနက် ၆ နာရီခွဲအချိန်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် မာန်အောင်မြို့နယ်အနီး ပင်လယ်ပြင်သို့ကျရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

Showing 4,061-4,080 of 8,345 items.