ရခိုင်တွင် ကိုဗစ်ကူးစက်မှုကို အလေးထားဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများ တိုက်တွန်း

17 Dec 2021

ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်ကူးစက်ခံရသူများ ထပ်မံတွေ့ရှိလာသဖြင့် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများမှ တိုက်တွန်းပြောဆိုကြသည်။

လူငယ်စာရေးဆရာ မင်းဒီပါအမှုတွင် ပြန်ခေါ်သက်သေအဖြစ် တရားလိုကိုစစ်ဆေး

16 Dec 2021

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် စွဲချက်တင်ခံထားရသည့် မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါ၏အမှုကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်း ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ နေအိမ်အပြင်မထွက်ရန်ကြေညာ

16 Dec 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း ည ၁၀ နာရီမှ နံနက် ၅ နာရီအချိန်အတွင်း မလိုအပ်ဘဲနေအိမ်အပြင်မထွက်ကြရန် ဒီဇင်ဘာလ ၁၅ ရက်နေ့ညပိုင်းက မြို့ပတ်လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။

ထောင်ဒဏ်နှစ်နှစ်နှင့် ခြောက်လချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားလေးဦးကို ပြည်နယ်တရားလွှတ်တော်မှ ထောင်ဒဏ်တစ်နှစ်လျှော့ပြီး ပြင်ဆင်အမိန့်ချမှတ်

16 Dec 2021

ထောင်ဒဏ် ၂ နှစ်နှင့် ခြောက်လ အမိန့်ချမှတ်ခံထားရသည့် ရခိုင်ပြည်က ကျောင်းသားလေးဦးအမှု ပြင်ဆင်မှုကို  ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော်မှ အပြီးသတ်အမိန့်ချရာတွင် ပြစ်ဒဏ်တစ်နှစ်လျော့ချလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

မြန်မာစစ်တပ်နှင့် KNLA တို့ ယနေ့ နံနက်က တိုက်ပွဲဆက်လက်ဖြစ်ပွား

16 Dec 2021

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ ဖြစ်သည့် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်သို့ မြန်မာစစ်တပ်မှ စစ်အင်အား ထပ်မံဖြည့်ရန် စစ်ကြောင်းထိုးမှုကြောင့် ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ဖမ်းဆီးခံရ ၆ ဦးကျဆုံး KNLA နှင့် ပူပေါင်းသည့် PDF ၃ ဦးဒဏ်ရာရ

16 Dec 2021

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် မြန်မာစစ်ကောင်စီတပ်နှင့် ကေအန်ယူလက်အောက်ခံ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲအတွင်း လက်ရှိအချိန်အထိ စစ်ကောင်စီတပ်သားအချို့ ကျဆုံးခဲ့ပြီး ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူများရှိနေကာ ပူးပေါင်းအဖွဲ့ဖြစ်သည့် NUG လက်အောက်ခံ PDF အဖွဲ့မှ သုံးဦး အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်တွင် နွားမေထုန်မဲ့ သားစပ်လုပ်ငန်းကို စမ်းသပ်အကောင်အထည်ဖော်မည်

15 Dec 2021

ရခိုင်ပြည်နယ်တွင် နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရန် နွားမေထုန်မဲ့ သားစပ်လုပ် ငန်းတစ်ခုကို ဒီဇင်ဘာ မကုန်မီ စစ်တွေခရိုင်နှင့်  ပုဏ္ဏားကွျှန်းမြို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် သုံးရက်တိုင်ကျင်းပသော ရခိုင်ရိုးရာကျင်ပွဲမှ အနိုင်ရရှိသူများအား ဆုချီးမြင့်

15 Dec 2021

ယနေ့ ဒီဇင်ဘာ (၁၅)ရက်နေ့တွင် ကျရောက်သည့်(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် သုံးရက်တိုင်ကျင်းပသော ရခိုင်ရိုးရာကျင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသူများကို ဆုများချီးမြင့်ခဲ့ကြောင်းသိရသည်။

အမ်းစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများကို ယခင်ထက်စစ်ဆေးမှုတင်းကျပ်လာ၍ ယာဉ်မောင်းများနှင့် ကုန်သည်များအခက်ကြုံ

15 Dec 2021

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်း အမ်းစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများစစ်ဆေးမှုကို ယခင်ထက်ပိုမိုတင်းကျပ်စွာဆောင်ရွက်လာသဖြင့် ယာဉ်မောင်းနှင့်ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

လေးကေ့ကော်တွင် ယနေ့ နံနက်မှစပြီး KNU နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲစတင်

15 Dec 2021

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်တွင် ဒီဇင်ဘာ ၁၅ မနက်အစောပိုင်းမှ စတင်ပြီး KNLA နှင့် မြန်မာစစ်ကောင်စီတပ်ကြား တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း သိရသည်။

စစ်တွေမြို့ ဓညဝတီအားကစားကွင်းကို အဆင့်မြင့်တင်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

15 Dec 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျပ်သိန်းတစ်သောင်းခန့်ဖြင့် ဓညဝတီအားကစားကွင်းကို အဆင့်မြင့်အားကစားကွင်းအဖြစ်တည်ဆောက်လျက်ရှိရာ လတ်တလောတွင်လုပ်ငန်းပြီးစီးမှု ၈၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း Coral Akyab Group ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးလင်းကပြောကြားသည်။

လေးကေ့ကော်မြို့တွင် တိမ်းရှောင်နေသည့် လွှတ်တော်အမတ်အချို့နှင့် CDM များကို စစ်ကောင်စီကဖမ်းဆီး

14 Dec 2021

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ KNU တပ်မဟာ(၆) နယ်မြေဖြစ်သော လေးကေ့ကော်မြို့တွင် ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)က လွှတ်တော်အမတ်နှင့် CDM လုပ်ဆောင်နေသူများကို စစ်တပ်အင်အား ၂၀၀ ကျော်က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

KNU တပ်မဟာ ၆ နယ်မြေသို့ စစ်ကောင်စီတပ်ဝင်ရောက်မှုကြောင့် နှစ်ဖွဲ့အပြန်အလှန်စောင့်ကြည့်နေ

14 Dec 2021

ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ ၆ နယ်မြေများသို့ ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံး သီတင်းပတ်နှင့် ဒီဇင်ဘာ ပထမသီတင်းပတ်အတွင်း၌ စစ်ကောင်စီတပ်အင်အား အများအပြားဖြင့် စစ်ကြောင်းဝင်ရောက်မှုများရှိနေ၍ နှစ်ဖွဲ့အပြန်အလှန်စောင့်ကြည့်နေပြီး ဒေသခံပြည်သူများမှ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

ယခုလတွင် မောင်တောမှဘင်္ဂလာဒေ့ရှ်သို့ ကုန်စည်တင်ပို့မှုတန်ဖိုး ယခင်ထက် ခြောက်ဆကျော်မြင့်တက်လာ

14 Dec 2021

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေးရှိနိုင်ငံသို့ ကုန်စည်တင်ပို့မှုမှာ ယခင်လများထက် ယခုလ ကုန်စည်တင်ပို့မှုတန်ဖိုး ခြောက်ဆကျော်မြင့်တက်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က ပြောကြားသည်။

ဒုစရိုက်မှုတွေများလာသည့် စစ်တွေမြို့မှာ စစ်တပ်၊ ရဲနှင့် အရပ်ဖက်အဖွဲ့အစည်းတွေက လှည့်ကင်းဆောင်ရွက်မည်ဟုဆို

14 Dec 2021

ရခိုင်ပြည်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် ခိုးမှုအပြင် အခြားဒုစရိုက်မှုဖြစ်စဉ်များပါ ဆက်တိုက်ဖြစ်ပွားလာသောကြောင့် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းတွေမှ ပူးပေါင်းပြီး လုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်သွားမည်ဖြစ်သည်။

စိုင်းဒင်ရေတံခွန်တွင် အမှိုက်စွန့်ပစ်မှုများကို စနစ်တကျထိန်းသိမ်းရန်လိုအပ်လာ

14 Dec 2021

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းဒင်ရေတံခွန်သို့ အပန်းဖြေခရီးသည်များ လာရောက်မှုများလာသဖြင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်မပျက်စီးစေရန် အမှိုက်စွန့်ပစ်မှုကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ကြောင်း ဒေသခံများနှင့် စိုင်ဒင်တံခွန်လူငယ်ပရဟိတအသင်းတို့က ပြောဆိုကြသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီမှတာဝန်ယူရန် လူ့အခွင့်အရေးအဖွဲ့များပြော

14 Dec 2021

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီမှ တာဝန်ယူ၊တာဝန်ခံရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)-(ND-Burma)အဖွဲ့မှ ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)တွင် ထုတ်ပြန်လိုက်သည်။

တောင်ကုတ် မိုးပညာဒါနကျောင်းဥက္ကဋ္ဌ အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမည်

14 Dec 2021

မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ- ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်၏အမှုတွင် တရားလိုနှင့် လိုပြသက်သေများကိုစစ်ဆေးပြီးဖြစ်သောကြောင့် လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊မသင့်ကို အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရှေ့နေ့ထံမှသိရသည်။

တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦး ဖမ်းဆီးခံရ

14 Dec 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဋ္ဌဖြစ်သည့် ကိုမင်းကိုဦးကို ယနေ့(ဒီဇင်ဘာ ၁၄ ရက်)နံနက် ၉ နာရီခန့်တွင် အရပ်ဝတ်နှင့်လူ ၇ ဦးမှ ကားတစ်စီးဖြင့် နေအိမ်သို့လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဂွမြို့နယ်တွင် စာသင်ကျောင်းတစ်ကျောင်း မီးရှို့ခံရမှုဖြစ်ပွား

14 Dec 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၃ နာရီအချိန်က မီးရှို့ခံခဲ့ရကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

Showing 4,041-4,060 of 8,345 items.