မြေဆီနှင့် မြေသြဇာဈေးမြင့်တက်မှုကြောင့် ရခိုင်ပြည်တွင် ယခုနှစ် စပါးအထွက်နှုန်းလျော့နည်းနိုင်

26 Oct 2021

ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ မြေဆီနှင့် မြေသြဇာဈေးနှုန်းမှာလည်း အဆမတန်ဈေးနှုန်းမြင့်တက်လာသောကြောင့် လယ်သမားများ စိုက်ပျိုးထွန်ယက်ရာတွင် ယခင်လို အသုံးမပြုနိုင်ခဲ့ရာ ယခုနှစ်စပါးအထွက်နှုန်းမှာလည်း လျော့နည်းကျဆင်းလာနိုင်ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

စာသင်ကြားချိန် လေးလသာကျန်ရှိ၊ ကျောင်းပြန်ဖွင့်ချိန်တွင် စာသင်ချိန် တိုးမြှင့်ပေးရန်လိုအပ်ဟုဆို

26 Oct 2021

ကိုဗစ်ရောဂါကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဆိုပါက စာသင်ကြားချိန် လေးလခန့်သာကျန်ရှိသဖြင့် စာသင်ချိန်ကို တိုးမြှင့်ပေးရန်လိုအပ်မည်ဟု ပညာရေးအသိုင်းမှ ပြောဆိုကြသည်။

AA ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ် အချိန်ကြန့်ကြာမှုရှိနေ

26 Oct 2021

ရက္ခိုင့်တပ်တော်(ULA/AA)ကို Covid-19 ရောဂါကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီမှပြောကြားထားသော်လည်း အချိန်ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

ရခိုင်တွင် ကျောင်းသား/သူများကို ကိုဗစ်ကာကွယ်ဆေးထိုးမှု (၇၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး ဆေးထိုးမှုပြီးစီးပါက စာသင်ကျောင်းများပြန်ဖွင့်မည်

26 Oct 2021

ရခိုင်ပြည်နယ်အတွင်းက အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေခြင်းမှာ (၇၁)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများအားလုံးကို ကာကွယ်ဆေးထိုးပြီးပါက စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

ရခိုင်ပြည်တွင် ယာဉ်မတော်တဆမှုကြောင့် သုံးရက်လျှင် တစ်ဦး နှုန်းသေဆုံး

26 Oct 2021

ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှုမှာ ယခင်နှစ်များထက် ကျဆင်းခဲ့သော်လည်း လူသေဆုံးမှုမှာ သုံးရက်လျှင် တစ်ဦးနှုန်းခန့်ရှိနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်စီးခ ဈေးနှုန်းမြင့်တက်လာသောကြာင့် လေယာဉ်ဖြင့် ခရီးသွားလာမှု ပိုများလာ

25 Oct 2021

စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေးသို့ ခရီးသွားလာမည့်သူများမှာ ယာဉ်စီးခဈေးနှုန်းမြင့်တက်လာသောကြောင့် လေကြောင်းခရီးစဉ်ဖြင့်သွားလာမှု ပိုမိုများပြားလာနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ မောင်တောသို့ဝင်ရောက်လာသည့် အမျိုးသမီးငယ် ၃ ဦးကို ကယ်ရီသမားနှစ်ဦးနှင့်အတူ လူကုန်တားရဲတပ်ဖွဲ့မှဖမ်းဆီး

25 Oct 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ဝင်ရောက်လာသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၃ ဦးကို ဆိုင်ကယ်ကယ်ရီသမားနှစ်ဦးနှင့်အတူ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သံတွဲမြို့မှ ဖမ်းဆီးခံထားရသည့် ကိုရဲနိုင်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား

25 Oct 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ လင်းသာရပ်ကွက်တွင်နေထိုင်သည့် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုရဲနိုင်ဦးကိုဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၂ (က)တို့ဖြင့် သံတွဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင် ကုန်တန်ချိန် ၃၀၀ ခန့်တင်ပို့နေ

24 Oct 2021

ရခိုင်ပြည်နယ်၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင် ကုန်ပစ္စည်းတန်ချိန် ၃၀၀ ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။

ရခိုင်မှ ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများကို လာမည့်သီတင်းပတ်မှစတင်ကာ ကိုဗစ်စစ်ဆေးပြီးမှ သွားလာခွင့်ပြုတော့မည်

23 Oct 2021

ရခိုင်ပြည်နယ်အတွင်းမှ ပြည်တွင်းလေကြောင်းခရီးသည်များကို လာမည့်သီတင်းပတ်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာ၏ ညွှန်ကြားချက်အတိုင်း ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှ သွားလာခွင့်ပြုရန်စီစဉ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။

လွတ်မြောက်ပြီးမှ ပြန်လည်ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အထိရှိ

23 Oct 2021

စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများထဲမှ လွတ်မြောက်ပြီးနောက်ပိုင်း စစ်ကောင်စီ၏ ပြန်လည်ဖမ်းဆီးခြင်းကိုခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရသိရသည်။

ရှေးခေတ်ရခိုင်မူအတိုင်းပြုလုပ်နေခြင်းကြောင့် မဟာမုနိဘုရားသိမ်တော်တိုင်များပြုပြင်ဆောက်လုပ်မှု အနည်းငယ်ကြန့်ကြာနေဟုဆို

23 Oct 2021

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရား သိမ်တော်တိုင်များကိုပြုပြင်ဆောက်လုပ်ရာတွင် ရှေးခေတ်ရခိုင်မူအတိုင်း ကနုတ်ပန်း၊ ရုပ်ထုများဖြင့် ပြန်လည်ဆောက်လုပ်နေရခြင်းကြောင့် အချိန်အနည်းငယ်ကြန့်ကြာနေခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

AA နှင့်ဆက်စပ်သူ ၆၁ ဦးကို လွှတ်ပေးသည်ဟုဆိုသော်လည်း ၅၈ ဦးသာ အမှန်တကယ်လွတ်မြောက်သေး

23 Oct 2021

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သူ ၆၁ ဦးတို့၏ အမှုများကိုပိတ်သိမ်းပြီး ပြန်လည်လွှတ်ပေးကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသော်လည်း အောက်တိုဘာလ ၂၁ ရက်နေ့အထိ အကျဉ်းထောင်အသီးသီးမှ အမှန်တကယ်လွတ်မြောက်လာသူ ၅၈ ဦးသာ ရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ခက်ခဲစွာကျောင်းတက်နေရသော ကျောင်းသားများအတွက် We Love Rakhine မှ စက်ဘီးများလှူဒါန်း

22 Oct 2021

ရခိုင်ပြည်နယ်၊ မြို့နယ် ၁၇ မြို့နယ်မှ လမ်းပန်းဆက်သွယ်ရေး ခက်ခဲစွာဖြင့် ကျောင်းတက်နေရသည့် ကျောင်းသား/ကျောင်းသူများအတွက် We Love Rakhine အဖွဲ့မှ ဂျပန်နိုင်ငံထုတ် စက်ဘီးအစီး ၃၀၀ ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထား

22 Oct 2021

စစ်ကောင်စီကိုတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာကိုအောင်နိုင်မြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် ထီရောင်းချရမှု ထက်ဝက်ကျော် ကျဆင်း

22 Oct 2021

မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အောင်ဘာလေထီရောင်းချရမှုမှာ ထက်ဝက်ကျော် ရောင်းအားကျဆင်းခဲ့ကြောင်း ထီရောင်းချနေသူများထံမှ သိရသည်။

စစ်ကောင်စီမှ ဖမ်းဆီးထားသည့်သတင်းသမား ၅၂ ဦးမှ ၁၇ ဦး လွတ်မြောက်

22 Oct 2021

စစ်ကောင်စီမှဖမ်းဆီးထားသည့် မြန်မာနိုင်ငံတစ်ဝန်းမှ သတင်းသမား ၅၂ ဦးတွင် ၁၇ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်းနှင့် မလွတ်မြောက်သေးသည့် သတင်းသမား ၃၅ ဦး ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံသတင်းသမားများ စာရင်းကောက်ယူနေသည့် Myanmar Press Freedom In-Depth မှ သိရသည်။

ရခိုင်ပြည် မြို့နယ် ၃ ခုမှ စစ်အာဏာရှင်ကို ကန့်ကွက်ဆန္ဒပြပြီး ထောင်ဒဏ်ချခံရသူ ၉ ဦး လွတ်မြောက်

22 Oct 2021

ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ ဂွမြို့နှင့် မာန်အောင်မြို့နယ်တို့မှ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပြီး ဖမ်းဆီးခံရသူများထဲမှ ၉ ဦးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မောင်တောမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များ ယနေ့စတင်ပို့ဆောင်

20 Oct 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့မှုကို ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းမှစ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောနယ်စပ်မှ ကုန်သွယ်မှုမစတင်နိုင်သေးသဖြင့် နစ်နာမှုရှိဟု ကုန်သည်များဆို

18 Oct 2021

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့လျက်ရှိသော်လည်း မောင်တောနယ်စပ်ကုန်သည်များမှာ ယနေ့(အောက်တိုဘာလ ၁၈ ရက်)အထိ ကုန်သွယ်မှုမပြုလုပ်နိုင်သေးကြောင်း မောင်တောကုန်သည်များထံမှ သိရသည်။

Showing 4,281-4,300 of 8,345 items.