ရခိုင်မှ အကျဉ်းသားနှင့် အချုပ်သား ၅၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေး၊ ထပ်မံထိုးပေးရန်ရှိ

18 Oct 2021

ရခိုင်ပြည်နယ်အတွင်းက အကျဉ်းသားနှင့် အချုပ်သား ၅၀၀ ကျော်ကို တရုတ်နိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားပြီး ဆက်လက် ထိုးနှံပေးရန်ရှိကြောင်းလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

တရားလိုမရောက်၍ ကျောက်ဆိပ်ရွာသား ၅ ဦးအမှု ကြန့်ကြာနေ

18 Oct 2021

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားများ ၅ ဦးအမှုမှာ တရားလို မရောက်ရှိသည့်အတွက် ကြန့်ကြာနေကြောင်းသိရသည်။

ဆန္ဒပြမှုကြောင့် ပြစ်ဒဏ်ချခံထားရသည့် အကျဉ်းသား/သူ ၁၃၀၀ ကျော်ကို စစ်ကောင်စီမှပြန်လွှတ်၊ တရားစွဲဆိုခံထားရသူ ၄၃၀၀ ကျော်၏ ကြားနာစစ်ဆေးဆဲအမှုများကိုလည်းပိတ်သိမ်း

18 Oct 2021

ဆန္ဒပြမှုကြောင့် အရေးယူခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ (၁၃၁၆)ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀)ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအားအမှုမှလွှတ်ရန် ယနေ့အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။

ရခိုင်မြောက်ပိုင်း ၁၀ မြို့နယ်မှ ကျောင်းသား၊သူ တစ်သိန်းနှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး မနက်ဖြန်စထိုးမည်

16 Oct 2021

ရခိုင်ပြည်မြောက်ပိုင်း ၁၀ မြို့နယ်မှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူ တစ်သိန်းနှစ်သောင်းကျော်ကို အောက်တိုဘာ ၁၇ ရက်နေ့စ၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

အဆင့်မြင့်ဈေးဝယ်စင်တာများအပြင် ရုပ်ရှင်ရုံးများပါဝင်မည့် May Yu Shopping Complex ကို သင်္ကြန်ကာလမတိုင်မီ ဖွင့်လှစ်မည်ဟုဆို

16 Oct 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်တွင် ဆောက်လုပ်နေသော အဆင့်မြင့်ဈေးဝယ်စင်တာများပါဝင်မည့် May Yu Shopping Complex ကို လာမည့်သင်္ကြန်ကာလမတိုင်မီ ဖွင့်လှစ်သွားရန် ရည်ရွယ်ထားကြောင်း တည်ဆောက်ရေးကို တာဝန်ယူထားသည့် Western Shining Star ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်အောင်ဦးက DMG သို့ ပြောသည်။

မြောက်ဦးမြို့နယ်မှ လူငယ်တစ်ဦးကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးထား

16 Oct 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်တစ်ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလ ၁၅ ရက် နေ့လည် ၁ နာရီခန့်တွင်ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များကပြောသည်။

အချိုးကျကိုယ်စားပြုစနစ်အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များအားဆွေးနွေးမည့်ပွဲသို့တက်ရောက်ရန် ရခိုင်ပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ မဆုံးဖြတ်ရသေး

16 Oct 2021

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အချိုးကျကိုယ်စားပြုစနစ်(PR)အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များအား ဆွေးနွေးမည့်ပွဲသို့တက်ရောက်ရန် ရခိုင်နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ မဆုံးဖြတ်ရသေးကြောင်း ပြောဆိုသည်။

AA နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရထားရသူများထဲမှ ၄၇ ဦး ထပ်မံလွတ်မြောက်

16 Oct 2021

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားရင်ဆိုင်နေကြရသူများထဲမှ ၄၇ ဦး ထပ်မံလွတ်မြောက်လာကြောင်း ဖမ်းဆီးခံရသူစာရင်းကို ကောက်ယူနေသည့် အဖွဲ့အစည်းများမှ သိရသည်။

အကြမ်းဖက်မှုဖြင့် ဖမ်းဆီးစွဲဆိုခံထားရသည့် တောင်ကုတ်ဒေသခံ ၃ ဦး လွတ်မြောက်

16 Oct 2021

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရာစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ် လမူး၊ ကမာနှင့် ဆားပြင်ကျေးရွာ တို့မှ ဒေသခံ ၉ ဦးအနက် ၃ ဦးမှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၈-၁၀-၂၀၂၁ မှ ၁၅-၁၀-၂၀၂၁ ထိ)

16 Oct 2021

ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဖြူအကျဉ်းထောင်မှ ၃၇ ဦးနှင့် သံတွဲအကျဉ်းထောင်မှ ၃ ဦးတို့ကို  အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

တိုက်ပွဲကာလအတွင်းကပျက်စီးခဲ့သည့် သမိုင်းဝင်သုံးဆယ့်တစ်ဘုံဘုရားမှ အပျက်အစီးများကို ပြုပြင်ရန်ခက်ခဲနေ

15 Oct 2021

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံကိုးတောင်ကျေးရွာတွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံဘုရားမှာ တိုက်ပွဲကာလအတွင်းက ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးအား အပြည့်အဝဖော်ဆောင်ပေးနိုင်မည်မဟုတ်ဆိုသည့် အယူအဆပေါ် လက်တွေ့ကျကျသုံးသပ်ရန်လိုအပ်ကြောင်း EAOs အချို့အား အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

15 Oct 2021

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိအစိုးရအား ရွေးကောက်ခံအစိုးရမဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်မလိုဟူသည့် အယူအဆများ၊ ငြိမ်းချမ်းရေးအား အပြည့်အဝဗဖာ်ဆောင်ပေးနိုင်မည်မဟုတ်ဆိုသည့် အယူအဆများအပေါ်တွင် စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ရန်လိုအပ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီအနေဖြင့် ညီညွတ်ရေးအစိုးရဖွဲ့ပြီး အာဏာလွှဲပြောင်းကာ ပြည်တွင်းနိုင်ငံရေးပဋိပက္ခကိုဖြေရှင်းရန် KNU တိုက်တွန်း

15 Oct 2021

စစ်ကောင်စီအနေဖြင့် ညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာလွှဲပြောင်းကာ နှစ်ပေါင်း (၇၀)ကျော်ကြာမြင့်ခဲ့သည့် ပြည်တွင်းနိုင်ငံရေးပဋိပက္ခများ၏ အရင်းအမြစ်ပြဿနာများကို ညှိုနှိုင်းဖြေရှင်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ NCA  ၆ နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် ဆက်စပ်သူ ၁၀၀ ကျော်ကို လွှတ်ပေးသည့်အထဲတွင် AA မှ ၆၀ ကျော်ပါဝင်

15 Oct 2021

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ နိုင်ငံတော်အတွင်းတရားရုံး အသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား အမှုပိတ်သိမ်းရန် စစ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။

NCA သက်တမ်း (၆)နှစ်တာကာလအတွင်း မျှော်မှန်းထားသည့် ရလဒ်များမရရှိခဲ့ကြောင်း PPST ပြောကြား

15 Oct 2021

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည်မှာ ၆ နှစ်ပြည်ခဲ့ပြီဖြစ်သော်လည်း တိုင်းရင်းသားများမျှော်မှန်ထားသည့် ရလဒ်များမရရှိခဲ့ကြောင်း လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်(၁၀)ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

မောင်တောနယ်စပ်ကုန်သွယ်မှုကို ကညင်ချောင်းစီးပွားရေးဇုန်မှ POE ဝင်/ထွက်စခန်းသို့ ပြောင်းလဲကုန်သွယ်မည်

14 Oct 2021

ကညင်ချောင်းစီးပွားရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိနေ၍ မောင်တောနယ်စပ်ကုန်သွယ်မှုကို ယခင်ကုန်သွယ်မှုပြုခဲ့သည့် POE ဝင်/ထွက်စခန်းသို့ ပြောင်းလဲကုန်သွယ်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် ကျောက်မိုင်းခွဲမှုကြောင့် အနီးဝန်းကျင်ရှိ စေတီပုထိုးနှင့်ဘုန်းတော်ကြီးကျောင်းတို့တွင် အက်ကွဲရာများပေါ်လာဟုဆို

14 Oct 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကျောက်မိုင်းခွဲမှုများကြောင့် အနီးဝန်းကျင်ရှိ သရက်တောင်ဘုန်းတော်ကြီးကျောင်းတိုက်နှင့် စေတီပုထိုးတို့တွင် အက်ကွဲရာများဖြစ်ပေါ်လာနေကြောင်း သိရသည်။

စစ်တွေမြို့ ပွိုင့်ကမ်းခြေမှ သဲထုတ်နေသူများအား အရေးယူသွားမည်ဟုဆို

14 Oct 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပွိုင့်ကမ်းခြေမှ သဲထုတ်နေသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က DMG သို့ပြောသည်။

၃ နှစ်ခန့်ကြာ တရားရင်ဆိုင်နေကြရသည့် လက္ကာကျေးရွာသားအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

14 Oct 2021

သံသယဖြင့်ဖမ်းဆီးခံရပြီး ၃ နှစ်ခန့်ကြာ တရားရင်ဆိုင်နေကြရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား (၂၀)ကျော်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

ရခိုင်ပြည်နယ်မှ ရမ်ဆာဒေသတွင် အမဲလိုက်ခြင်းများမရှိစေရေးအတွက် ရှောင်တခင် ကင်းလှည့်စစ်ဆေးခြင်းများ လုပ်ဆောင်သွားမည်

14 Oct 2021

ရခိုင်ပြည်နယ်ရှိ ရမ်ဆာ(ရေဝပ်ဒေသထိန်းသိမ်းရေး)ဒေသဖြစ်သည့် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြားတွင် ရှိသည့် နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့တွင် အမဲလိုက်ခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်းမရှိစေရေးအတွက် ရှောင်တခင်ကင်းလှည့်စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးဌာနမှ သိရသည်။

Showing 4,301-4,320 of 8,345 items.