၂၀၁၅ ခုနှစ်ကနေ အကောင်အထည်မပေါ်နိုင်သေးသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ပြန်လည်အသက်သွင်းနေဟု ပြည်နယ်စစ်ကောင်စီပြော

09 Oct 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တည်ဆောက်မည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဦးစားပေးဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

မြန်မာတွင် ၈ လအတွင်း မြေမြှုပ်မိုင်းကြောင့်သေဆုံးဒဏ်ရာရသူများ၏ ၆၇ ရာခိုင်နှုန်းမှာ ရခိုင်နှင့် ရှမ်းပြည်နယ်မှဖြစ်

09 Oct 2021

မြန်မာနိုင်ငံတွင် ၈ လတာအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့် မိုင်းဒဏ်သင့်သေဆုံးဒဏ်ရာရရှိသူစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှဖြစ်ကြောင်း United Nations OCHA Myanmar က ထုတ်ပြန်သည်။ 

AA အမာခံဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မအီမြို့မှ အမွှာညီအစ်ကိုနှစ်ဦးအမှု တရားလိုသက်သေများမရောက်၍ ကြန့်ကြာနေ

09 Oct 2021

ရက္ခိုင့်တပ်တော်(AA)၏ အမာခံဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ မအီမြို့မှ အမွှာညီအစ်ကိုနှစ်ဦး၏အမှုမှာ တရားလိုသက်သေများ ရုံးချိန်းလာရောက်ခြင်းမရှိသဖြင့် အမှုစစ်ဆေးမှုကြန့်ကြာနေရကြောင်း သိရသည်။

အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၂ သိန်းခန့်ကို ယခုလဒုတိယအပတ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

08 Oct 2021

ရခိုင်ပြည်အတွင်းက အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများကို ယခုအောက်တိုဘာလ ဒုတိယအပတ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားလိုက်သည်။

မောင်တောတွင် သံသေတ္တာ ၇ လုံးဖြင့် စစ်ကျန်လက်နက်များတွေ့

08 Oct 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်ရပ်ကွက်မှ သံသေတ္တာ ၇ လုံးဖြင့်ထည့်ထားသည့် စစ်ကျန်လက်နက်ဟောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

တင်းမရွာသားများနေရပ်ပြန်ရေး နယ်လုံနှင့်ဆွေးနွေးမှု ရလာဒ်ကောင်းခဲ့ဟုဆို

08 Oct 2021

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည့် တင်းမကျေးရွာသားများ ယခုလအတွင်း နေရပ်ပြန်နိုင်ရန် ကြိုးပမ်းပေးသွားမည်ဟု ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကပြောဆိုကြောင်း တင်းမဆရာတော်ထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်

08 Oct 2021

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)အတွက် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်ကြောင်း ရှေ့နေထံမှ သိရသည်။

အများပြည်သူအပန်းဖြေရာနေရာ BXT ဆိပ်ကမ်းတွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ လာရောက်စွန့်ပစ်မှုများရှိနေ

08 Oct 2021

စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ပြည်သူများသွားရောက်အပန်းဖြေရာနေရာတစ်ခုဖြစ်သည့် BXT ဆိပ်ကမ်း (ခေါ်) ကိုရီးယားဆိပ်ကမ်းတွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ လာရောက်ရောက်စွန့်ပစ်ထားကြောင်း DMG က တွေ့ရရှိသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ရပါက ရခိုင်က အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူ ၃၆ ဦးကို ထပ်မံလွှတ်ပေးသွားမည်

08 Oct 2021

အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ညွှန်ကြားစာရောက်ရှိပါက ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံထားရသူ ၃၆ ဦးထပ်မံလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောသည်။

စစ်တွေကမ်းခြေတွင် ရှားပါးမျိုးစိတ် ပြင်သာလိပ်(ပင်လယ်လိပ်ကြီး)တစ်ကောင် သေဆုံးလျက်တွေ့

07 Oct 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေတွင် ရှားပါးမျိုးစိတ် ပြင်သာလိပ်(ပင်လယ်လိပ်ကြီး)တစ်ကောင်ကို အောက်တိုဘာ ၆ ရက် ညပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

အလှကုန်ပစ္စည်းများ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်နေ

07 Oct 2021

အလှကုန်ပစ္စည်းများဖြစ်သည့် မျက်နှာသစ်ဆေး၊ လိုးရှင်း၊ တိုနာ၊ မိတ်ကပ်စသည့်ပစ္စည်းများမှာ ယခုလအတွင်း ၃၀ ရာခိုင်နူန်းအထိ ဈေးမြင့်တက်လာကြောင်း အလှကုန်ပစ္စည်း အရောင်ဆိုင်များထံမှ သိရသည်။

သံတွဲတွင် မိသားစုလေးဦး မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံး

07 Oct 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကညင်ကုန်းအုပ်စု၊ ရွာရှည်ကျေးရွာမှ မိသားစုလေးဦးမှာ အောက်တိုဘာ ၆ ရက်နေ့က သံတွဲချောင်းအတွင်း မိုးကြိုးပစ်ခံရကာ ၂ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှသတ်မှတ်ပေးသည့် အခြေခံစပါးဈေးနှုန်းမှာ တောင်သူများ အရှုံးပေါ်နိုင်

07 Oct 2021

စစ်ကောင်စီမှသတ်မှတ်ပေးသည့် အခြေခံစပါးဈေးနှုန်းမှာ တောင်သူများအတွက် အရှုံးပေါ်နိုင်သောနှုန်းထားဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်းက တောင်သူများမှ ဆိုကြသည်။

တောင်ကုတ် မိုးပညာဒါနကျောင်းဥက္ကဋ္ဌအမှုတွင် တရားလိုနှင့် လိုပြသက်သေများကို စတင်စစ်ဆေး

06 Oct 2021

မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းလှိုင်အမှုတွင် တရားလိုနှင့် လိုပြသက်သေတစ်ဦးတို့ကို ယနေ့(အောက်တိုဘာလ ၆ ရက်)နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

ရခိုင်မှ အသက် ၁၂ နှစ်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးရန်စီစဉ်နေ

06 Oct 2021

ရခိုင်ပြည်နယ်အတွင်းမှ အသက် ၁၂ နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ကျောင်းသူများကို တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရွှေဈေးမတည်ငြိမ်သည့်အခြေအနေကြောင့် ရွှေရောင်းအားများပြီး ဝယ်လိုအားနည်းပါးနေ

06 Oct 2021

ရွှေဈေးမတည်ငြိမ်သည့်အခြေအနေကြောင့် အရောင်းအဝယ်ပိုင်းတွင် ရောင်းလိုအားများနေပြီး ဝယ်လိုအားနည်းပါးနေကြောင်း ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။

ဓါတ်ဆီဈေးမြင့်တက်နေသည့်အတွက် စစ်တွေမြို့မှ သုံးဘီးယာဉ်မောင်းများ မိသားစုစားဝတ်နေရေးအခက်အခဲဖြစ်လာ

06 Oct 2021

ဓါတ်ဆီဈေးမြင့်တက်နေသည့်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သုံးဘီးမောင်းနှင်သူများမှာ အခက်အခဲဖြစ်လာနေသဖြင့် ၎င်းတို့၏ မိသားစုစားဝတ်နေရေးအတွက်လည်း ထိခိုက်မှုရှိနေကြောင်း သတင်းရရှိသည်။

ရခိုင်တွင် ကိုယ်ထူကိုယ်ထအောက်စီဂျင်စက်ရုံများမှ လာမည့်လမှစတင်ကာ အောက်ဆီဂျင်အိုးပေါင်း ၂၇၀၀၀ ကျော်ကို လစဉ်ထုတ်လုပ်လာနိုင်ခြေရှိ

06 Oct 2021

ရခိုင်ပြည်နယ်အတွင်းတွင် ဒေသခံများ၏အလှူငွေဖြင့် ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် မြို့နယ်(၁၀)ခုရှိ အောက်ဆီဂျင်စက်ရုံများမှာ လာမည့်လမှစတင်ကာ အောက်ဆီဂျင်အိုးစုစုပေါင်း ၂၇၁၀၀ ကျော် လစဉ်ထုတ်လုပ်နိုင်ခြေ ရှိနေသည်။

ခိုးမှု၊ လုယက်မှုများကို တိုင်ကြားလာပါက တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု အေအေပြော

05 Oct 2021

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ခိုးမှု၊ လုယက်မှုများနှင့် ဓားပြတိုက်မှုများကို တိုင်ကြားလာပါက အတတ်နိုင်ဆုံး တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။

Showing 4,341-4,360 of 8,345 items.