ရခိုင်တွင် ရေချိုပုစွန်သားဖောက်စခန်းတစ်ခုကို ပထမဆုံးအကြိမ်စမ်းသပ်လုပ်ဆောင်ရန်စီစဉ်နေဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူပြော

05 Oct 2021

ရခိုင်ပြည်နယ်တွင် ရေချိုပုဇွန်သားဖောက်စခန်းတစ်ခုကို ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင်ရန် စီစဉ်နေကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက DMG သို့ ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုစွဲဆိုထားသည့် အမှုများထဲမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန်ရှိ

05 Oct 2021

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားသည့် အမှုများထဲမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန်ရှိကြောင်း ၎င်း၏ရှေ့နေထံမှ သိရသည်။

ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်က ကျောင်းသားလေးဦး၏အမှုကို ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်

05 Oct 2021

ထောင်ဒဏ် (၂)နှစ်နှင့်ခြောက်လ ချမှတ်ခံထားရသည့် ရခိုင်က ကျောင်းသားလေးဦး၏အမှုကို အောက်တိုဘာလ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်ခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

အေအေ၏အုပ်ချုပ်ရေးနဲ့ပတ်သက်၍ မြန်မာစစ်တပ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ မလုပ်သင့်သည့်ကိစ္စဟု အေအေပြောခွင့်ရသူဆို

04 Oct 2021

ရက္ခိုင့်တပ်တော်(AA)မှ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ မလုပ်သင့်သည့်ကိစ္စဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အောက်တိုဘာ ၄ ရက်နေ့တွင် DMG သို့ပြောသည်။

မုတ်သုံဆုတ်ခွာသည့်ကာလတွင် မိုးတိမ်တောင်အန္တရာယ် ဂရုပြုရန် မိုးဇလသတိပေး

04 Oct 2021

လက်ရှိကာလတွင် မုတ်သုံသည် မြန်မာနိုင်ငံမှစတင်ဆုတ်ခွာစပြုနေပြီဖြစ်သဖြင့် မိုးတိမ်တောင်အန္တရာယ်ကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ ပြောသည်။

ရခိုင်က အမျိုးသားပြက္ခဒိန်ထုတ်ဝေရောင်းချနေခြင်းကို ရပ်နားရမည့် အခြေအနေနှင့်ကြုံနေရ

04 Oct 2021

လတ်တလောတွင် ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများမှာ အဆမတန်မြင့်တက်လာနေသည့်အတွက် ရခိုင်က အမျိုးသားပြက္ခဒိန်ထုတ်ဝေရောင်းချနေသည်များကိုလည်း ဆက်လက်လည်ပတ်ရန်အခက်အခဲရှိသဖြင့် ရပ်တန့်ရမည့် အနေအထားဖြစ်နေကြောင်း သိရသည်။

တောင်ကုတ် ဂူတာရပ်ကွက်တွင် ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၆ လုံးပျက်စီး

03 Oct 2021

တောင်ကုတ်မြို့နယ် ဂူတာရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁ နာရီက ချောင်းကမ်းပါးမြေ ပြိုကျကာ လူနေအိမ် ၆ လုံး ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တော ငန်းချောင်းကျေးရွာမှ နေအိမ်တစ်အိမ်ဓါးပြတိုက်ခံရပြီး အိမ်ရှင်အား ပြန်ပေးဆွဲ

02 Oct 2021

မောင်တောမြိုနယ်မြောက်ပိုင်း ငန်းချောင်းမွတ်ဆလင်ကျေးရွာမှ မော်လဗီတစ်ဦးနေအိမ်အား အောက်တိုဘာလ ၂ ရက်နေ့ သန်ခေါင်ကျော် အချိန်၌ ဓါးပြတိုက်ခံရပြီး အိမ်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။

ရခိုင်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရန်အတွက် အရပ်အဖွဲ့အစည်း ငြိမ်းချမ်းရေးကော်မတီ စတင်ဖွဲ့စည်း

02 Oct 2021

ရခိုင်တွင်ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍပိုမိုအားကောင်းလာစေရန် အရပ်အဖွဲ့အစည်း ငြိမ်းချမ်းရေးကော်မတီကို စစ်တွေမြို့၌ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း သိရသည်။

မြောက်ဦးတွင် ကျေးရွာ ၁၀ ခန့် အသုံးပြုနေသည့် ရွှေကျင်ပြင်နှင့် တိန်ညိုကြားလမ်း ပြုပြင်ရန်လိုအပ်

02 Oct 2021

မြောက်ဦးမြို့နယ်၊ တိန်ညိုစံပြကျေးရွာသို့ သွားသည့် ရွှေကျင်ပြင် လမ်းပျက်စီးနေ၍ ကျေးရွာပေါင်း ၁၀ ခန့်မှ ဒေသခံများအခက်အခဲဖြစ်နေပြီး လမ်းအား အမြန်ဆုံးပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လမ်းအရှည်မှာ ပေ ၃၀၀ ခန့်ရှိပြီး ကွန်ကရစ်လမ်း ပြုလုပ်ရန် တောင်းဆိုနေကြသည်။

မင်းပြားမြို့နယ်တွင် ကျေးရွာ ၁၀ ကျော် အသုံးပြုသွားလာနေသည့် တံတားပျက်စီးနေ၍ ဒေသခံများ အခက်တွေ့

02 Oct 2021

မင်းပြားမြို့နယ်တွင် ကျေးရွာ ၁၀ ကျော် အသုံးပြုသွားလာနေသည့် တံတားပျက်စီးနေ၍ ဒေသခံများ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

လက္ကာရွာသားများကို စွဲဆိုထားသည့် အမှုသုံးခုအနက် လက်နက်အရေးပေါ် (ယာယီ) အမှုအတွက် လာမည့်ရုံးချိန်းတွင် စွဲချက်မိန့်ချမည်

02 Oct 2021

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသားများကို စွဲဆိုထားသည့်အမှုသုံးခုအနက် ၁၉၄၉ လက် နက်ရေးအပေါ်(ယာယီ) ဥပဒေပုဒ်မ ၂၁ (က) အမှုအား လာမည့်ရုံးတွင် စွဲချက်မိန့်ချသွားမည်ဖြစ်ကြောင်း မင်းထီး Law Firm ရှေ့နေ အဖွဲ့မှ သိရသည်။

မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဒေသတွင် ကျူးကျော်နေအိမ်များနှင့် မြေနေရာတိုးချဲ့လာခြင်းကြောင့် ယူနက်စကိုဝင်ရေး ထိခိုက်နိုင်

02 Oct 2021

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း (UNESCO) ဝင်ရန် ကြိုးပမ်းနေသည့် မြောက်ဦးယဉ်ကျေးမှုဒေသတွင် ကျူးကျော်နေအိမ်များ၊ လမ်း၊ အဆောက်အအုံများနှင့် မြေနေရာများ တိုးချဲ့လာခြင်းကြောင့် UNESCO  ဝင်ရေးမှာ ထိခိုက်မှုရှိနိုင်သည်ဟု ရှေး/သုနှင့် သုတေသန ပညာရှင်များက ပြောဆိုကြသည်။

AA မှ ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်မှုကြောင့် တရားစွဲခံရသူ တရားသေလွတ်မြောက်

01 Oct 2021

ရက္ခိုင့်တပ်တော်(AA)မှ ကျဆုံးသွားသည့် ဗိုလ်လောင်း ၈ ဦးအား စစ်တွေမြို့တွင် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်မှုကြောင့် တရားစွဲဆိုခံရသူ ဦးအစံမောင်မှာ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်း ရှေ့နေထံမှ သိရသည်။

ရသေ့တောင်မြို့နယ်က အထက်တန်းကျောင်း တစ်ကျောင်းတွင် ဖောက်ထွင်းမှုဖြစ်

01 Oct 2021

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ကျေးရွာက အ.ထ.ကစာသင်ကျောင်းတွင် ပညာရေးဝန်ထမ်းအချို့နေသည့် အဆောင်တစ်ခု ဖောက်ထွင်းခံလိုက်ရကြောင်း သတင်းရရှိသည်။

ပြည်မဖက်မှ စပါးဝယ်ယူမှုနည်းလာသည့်အတွက် ရခိုင်တွင် စပါးဈေးနှုန်းများ ကျဆင်းနေ

01 Oct 2021

ပြည်မဖက်သို့ စပါးဝယ်ယူမှုနည်းလာသည့်အတွက် ရခိုင်တွင် စပါးဈေးနှုန်းများ ကျဆင်းလာနေကြောင်း စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ကျောက်တော်-ပလက်ဝသွားလာနေသည့် စက်လှေများ အလှည့်ကျစနစ်ဖြင့်သာ ပြေးဆွဲနေရ

01 Oct 2021

ကျောက်တော်-ပလက်ဝသွားလာနေသည့် စက်လှေများမှာ အလှည့်ကျစနစ်ဖြင့်သာ ပြေးဆွဲနေရကြောင်း စက်လှေပြေးဆွဲနေသူများထံမှ သိရသည်။

အကြမ်းဖက်အမှုမှပြန်လွတ်လာသည့် ကျောက်တော်ဒေသခံ (၅)ဦးကို စစ်ဘေးရှောင်စခန်းများမှလက်မခံသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်နေ

30 Sep 2021

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရပြီးနောက် ပြန်လွတ်လာသည့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာသား (၅)ဦးကို ၎င်းတို့နေထိုင်ခဲ့သည့် စစ်ဘေးရှောင်စခန်းမှ ပြန်လက်မခံသဖြင့် လက်ရှိတွင် စားဝတ်နေရေးအခက်အခဲရှိဖြစ်နေကြောင်း ကာယကံရှင်များက DMG သို့ပြောသည်။

ဟိုတယ်နှင့် တည်းခိုရိပ်သာများအားစစ်ဆေးပြီး COVID-19 Safe Service အသိအမှတ်ပြုတံဆိပ်များ ပေးသွားမည်

30 Sep 2021

ဟိုတယ်နှင့် တည်းခိုရိပ်သာများအား အချက်နှစ်ချက်ဖြင့်စစ်ဆေးပြီး COVID-19 Safe Service အသိအမှတ်ပြုတံဆိပ်များ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Showing 4,361-4,380 of 8,345 items.