စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့သည့် တောင်ကုတ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုးတို့ကို ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ အမိန့်ချမှတ်

17 Sep 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုးတို့နှစ်ဦးကို ယနေ့(စက်တင်ဘာ ၁၇ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ချမှတ်လိုက်ကြောင်း သိရသည်။

မင်းပြားမြို့တွင် ငွေကြေးအခက်အခဲရှိသူများအတွက်ရည်ရွယ်ပြီး သာလီစွအခမဲ့ဆေးခန်းဖွင့်လှစ် ဆေးကုသပေးနေ

17 Sep 2021

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းနှင့် YUNNAN AID တို့ ပူးပေါင်းပြီး သာလီစွအခမဲ့ဆေးခန်းတစ်ခုကို စက်တင်ဘာ ၁၆ ရက်နေ့ကဖွင့်လှစ်ကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် ANP Youth Wing ရှုံ့ချ

17 Sep 2021

ရခိုင်စစ်ပွဲအတွင်း အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်စွန့်ခွာရမှုတို့အတွက် ပြည်သူဖက်မှရပ်တည်ပြီး အစိုးရနှင့် စစ်တပ်အား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ပြစ်ဒဏ်ချမှတ်လိုက်သည့်အပေါ် ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း ရခိုင်အမျိုးသားပါတီ(ANP) Youth Wing က ထုတ်ပြန်လိုက်သည်။

သံတွဲတွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦး ထပ်မံသေဆုံး

17 Sep 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ ၂ ဦးမှာ ယနေ့(စက်တင်ဘာ ၁၇ ရက်)တွင် သေဆုံးသွားခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက DMG သို့ ပြောသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု

16 Sep 2021

စက်တင်ဘာလ ၉ ရက်နေ့တွင် ရောက်သည့် (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ဆရာတော်ဦးဥတ္တမရုပ်ထုရှေ့၌ ဒေသခံများမှ ဂါရဝပြူပူဇော်ထားခဲ့သည့် ပန်းခွေများမှာ နံနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ပြီး နေ့လည် ၁ နာရီခွဲခန့်တွင် အာဏာပိုင်များက လာရောက်ပြန်ထားသွားခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ၍ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို မနက်ဖြန် အပြီးသတ်အမိန့်ချမှတ်မည်

16 Sep 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့နှစ်ဦး၏အမှုကို မနက်ဖြန် စက်တင်ဘာ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချရန်ရှိကြောင်း ၎င်းတို့၏ရှေ့နေထံမှ သိရသည်။

မြောက်ဦးယဉ်ကျေးမှုဒေသ ယူနက်စကိုဝင်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို တင်သွင်း

16 Sep 2021

မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်(UNESCO)စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလ ဒုတိယအပတ်က တင်သွင်းလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကူးစက်မှုကို အလေးထားစောင့်ကြည့်နေရသည့် ဂွမြို့နယ်တွင် ကူးစက်မှုလျော့ကျလာ

16 Sep 2021

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အသီးသီးတွင် ကိုဗစ်ကူးစက်မှုလျော့ကျမှုရှိသော်လည်း ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်မှုလျော့ကျခြင်းမရှိသဖြင့် ဒေသန္တရအမိန့်ထုတ်ပြန်ကာ စည်းကမ်းတင်းကြပ်ထားခဲ့ရာ ယခုအခါ ကိုဗစ်ကူးစက်မှု အနည်းငယ်လျော့ကျမှုရှိလာပြီဖြစ်ကြောင်း သိရသည်။

စစ်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ကကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်

16 Sep 2021

စစ်ဆန့်ကျင်လှုပ်ရှားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်က ကျောင်းသားလေးဦးကို စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ကျခံရန် ယနေ့စက်တင်ဘာလ ၁၆ ရက်နေ့ရုံးချိန်းတွင် အမိန့်ချမှတ်လိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ၈ လခန့်အတွင်း သေဆုံးသူ ၁၀၀၀ ကျော်နှင့် ဖမ်းဆီးခံရသူ ၆၄၀၀ ကျော်အထိရှိလာကြောင်း AAPP ထုတ်ပြန်

16 Sep 2021

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၈၉ ဦးနှင့် ဖမ်းဆီးခံခဲ့ရသူဦးရေ ၆၄၇၇ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ စက်တင်ဘာ ၁၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

တစ်နှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရသည့် ရခိုင်က ကျောင်းသားလေးဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရ

16 Sep 2021

စစ်ရေးဆန့်ကျင်လှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံရပြီး တစ်နှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရသည့် ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများထံမှသိရသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၁၀ ကျော်ခန့် ယာယီရပ်နားထားရ

14 Sep 2021

ရခိုင်တွင် COVID -19 တတိယလှိုင်းအတွင်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၁၀ ကျော်ခန့် ယာယီရပ်နားထားရကြောင်း စစ်တွေမြို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ(မထသ) ဥက္ကဋ္ဌ ဦးချမ်းအေးက DMG သို့ ပြောသည်။

စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်နေသည့် ဆမီးမြို့သို့ ရခိုင်ဘက်မှ ဆန်ရိက္ခာများ သယ်ယူပို့ဆောင်

14 Sep 2021

ရိက္ခာသယ်ယူရာလမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် စားနပ်ရိက္ခာအခက်အခဲကြုံနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ရခိုင်ပြည်နယ်ဘက်မှ ဆန်ရိက္ခာများ သယ်ယူပို့ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်တွင် ကိုယ်ထူကိုယ်ထတည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံများထဲမှ မြို့နယ် ၂ ခုတွင် အောက်ဆီဂျင် မကြာမီထုတ်လုပ်နိုင်တော့မည်

14 Sep 2021

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးတွင် အလှူရှင်များ၏ထည့်ဝင်ငွေများဖြင့် အောက်ဆီဂျင်စက်ရုံများကို ကိုယ်ထူကိုယ်ထ တည်ဆောက်လျက်ရှိကြရာ မကြာမီတွင် မြို့နယ် ၂  ခုမှ အောက်ဆီဂျင်စက်ရုံများ စတင်လည်ပတ်ကာ အောက်ဆီဂျင် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဂွ-မကျည်းငူတံတားတည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

14 Sep 2021

ရခိုင်ပြည်နယ် ဂွနှင့် မကျည်းငူကိုဆက်သွယ်ဖောက်လုပ်နေသည့်တံတားမှာ လက်ရှိ ၈၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီး လာမည့် ၂၀၂၂ ခုနှစ်မတ်လတွင်'အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှု ၁၂ ရာခိုင်နှုန်းခန့်သာရှိတော့သော်လည်း ရောဂါဆက်လက်ကူးစက်မှုရှိနေသေးကြောင်း ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူပြောကြား

14 Sep 2021

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလူှိုင်းအတွင်း ပိုးစစ်ဆေးသူ ၁၀၀ တွင် ပိုးတွေ့ရှိသူ ၁၂ ရာခိုင်နှုန်းသာရှိတော့သော်လည်း ရောဂါကူးစက်မှု ဆက်လက်ရှိနေသည့်အတွက် ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာကြရန် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

လစာ နှစ်လစာမရရှိသေးသည့် တိုင်းရင်းသားစာပေသင်ကြားနေသည့် နေ့စားလပေးဆရာ/ဆရာမများ အခက်အခဲဖြစ်နေ

13 Sep 2021

ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားလပေး တိုင်းရင်းသားစာပေသင်ကြားနေသော ဆရာ၊ဆရာမများ(TA|LT)မှာ ဇူလိုင်လနှင့် သြဂုတ်လတို့အတွက် လစာကို ယနေ့အထိမရရှိသေးကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသောမုန်တိုင်းငယ်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းအရှိန်ကြောင့် ရခိုင်တွင် နေရာကွက်၍မိုးကြီးနိုင်

13 Sep 2021

လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ ပိုမိုအားကောင်းလာနေပြီး အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအားလုံး ဈေးနှုန်း ဆက်လက်မြင့်တက်နေ

13 Sep 2021

အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ် စသည့် စားသောက်ကုန်များ၏ ဈေးနှုန်းများနှင့် လူသုံးကုန်ပစ္စည်းများမှာ ဈေးနှုန်းဆက်လက်မြင့်တက်လာနေကြောင်း ဈေးဆိုင်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းကို ဆက်လက်ပိတ်ထားပါက စီးပွားရေးလုပ်ငန်းများအတွက် ထိခိုက်မှုများလာနိုင်ကြောင်းပြော

13 Sep 2021

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်မဖွင့်လှစ်ဘဲ ဆက်လက်ပိတ်ထားမည်ဆိုပါက ရေရှည်တွင် စီးပွားရေးလုပ်ငန်းများအတွက် ထိခိုက်မှုများရှိလာနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများက ပြောဆိုသည်။

Showing 4,441-4,460 of 8,345 items.