ဂွမြို့တွင် ဒေသန္တရအမိန့်ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို ဘေးစီမံဖြင့်အမှုဖွင့်ရန် စီစဉ်နေ

28 Aug 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ထုတ်ပြန်ထားသည့်ဒေသန္တရအမိန့်ကို ဖျောက်ဖျက်ကျူးလွန်မှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို ဘေးစီမံဥပဒေဖြင့်အရေးယူရန် စီစဉ်နေကြောင်း သိရသည်။

ရခိုင်တွင် သတင်းမီဒီယာများ သတင်းရယူရာ၌ ကန့်သတ်ခံရမှုများရှိလာ

28 Aug 2021

ရခိုင်ပြည်နယ်တွင် သတင်းမီဒီယာများမှ သတင်းရယူရာ၌ ကန့်သတ်ခံရမှုများရှိလာနေပြီး သတင်းရယူရေးအပိုင်းတွင် ယခင်နှင့်မတူသည့် အခက်အခဲများရှိလာကြောင်း ရခိုင်က သတင်းထောက်များက ပြောဆိုသည်။

ပလက်ဝတွင် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့ မထွက်ရန် ကန့်သတ်

28 Aug 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုး ရောဂါကူးစက်ခံရသူများလာသည့်အတွက် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့မထွက်ကြရန် ကန့်သတ်လိုက်ကြောင်း သိရသည်။

အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသူများနှင့် ၎င်းတို၏ မိသားစုဝင်များကို ကျပ်သိန်း ၁၀၀ ကျော်သုံးစွဲပြီးကူညီနေ

28 Aug 2021

ရခိုင်ပြည်နယ်အတွင်းက အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများ၊ တိုက်ပွဲကာလအတွင်း သတင်းအစအနေမရဘဲ ပျောက်ဆုံးသွားသူများ၏ မိသားစုဝင် စုစုပေါင်းအိမ်ထောင်စု(၂၀၀)ကျော်ကို ဝေဟင်အောင် ပရဟိတအဖွဲ့မှ ငွေကျပ်သိန်း(၁၀၀)ကျော်သုံးစွဲပြီး ကူညီထောက်ပံ့နေကြောင်း သိရသည်။

ကျောက်ဖြူ သိုင်းချောင်းကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်တပ်ချထားကြောင်း ကျေးရွာသားများပြော

27 Aug 2021

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာအတွင်းတွင် မြန်မာစစ်တပ်မှဝင်ရောက်ကာ တပ်စွဲနေထိုင်နေခြင်းအပေါ် ဒေသခံများအနေဖြင့်စိုးရိမ်နေကြပြီး အချို့မှာ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်းရှိကြောင်း ယင်းကျေးရွာသားများကပြောသည်။

မောင်တောတွင် ဆီဘောက်ဆာယာဉ်ဖြင့်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး အမြောက်အများဖမ်းမိ

27 Aug 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ကျီးကန်းပြင်စစ်ဆေးဂိတ်တွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဆီဘောက်ဆာယာဉ်ဖြင့်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးအမြောက် အများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စားဝတ်နေရေးအခက်ကြုံနေသည့်မိသားစုများအတွက် စားနပ်ရိက္ခာထောက်ပံ့ရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့ကို စစ်တပ်ကတားဆီး

27 Aug 2021

ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အိမ်ထောင်စု(၂၀၀)ကျော်အတွက် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့ကို ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် အမ်းမြို့နယ်ရှိ ခမရ(၃၇၃)တပ်ရင်းစစ်ဆေးရေးဂိတ်မှ ဖြတ်သွားခွင့်မပြုကြောင်း တားမြစ်ခံရသည့်ပရဟိတအဖွဲ့ထံမှ သိရသည်။

Lockdown ချထားသည့် ဘူးသီးတောင် ဂန္ဓာရုံစစ်ရှောင်စခန်းတွင် ရိက္ခာလိုအပ်

27 Aug 2021

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးထံ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် အသွားအလာကန့်သတ်ထားသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာအပြင် မီးဖိုချောင်သုံးပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

အာဏာသိမ်းမှုနောက်ပိုင်း ANP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအပါအဝင် နှုတ်ထွက်သူ ၅ ဦးအထိရှိလာ

27 Aug 2021

စစ်တပ်မှအာဏာသိမ်းပြီးနောက်တွင် ရခိုင်အမျိုးသားပါတီ(ANP)၏ ပါတီရပ်တည်ချက်၊ ပါတီမူဝါဒများကို မကြိုက်ဟုဆိုကာ ပါတီမှနှုတ်ထွက်သွားသူ ၅ ဦးအထိရှိလာကြောင်း ANP ပါတီ တာဝန်ရှိသူများထံမှ သိရသည်။

သက်ကယ်ပြင်မွတ်ဆလင်စခန်းအား မနက်ဖန်စတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးသွားမည်

27 Aug 2021

ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများ၊ တိုက်ပွဲရှောင်ယာယီစခန်းများနှင့်  မွတ်ဆလင်ဒုက္ခသည်စခန်း ၁၅ခုအား ကိုဗစ်ကာကွယ်ဆေး ထိုးသွားမည်ဖြစ်ကာ မနက်ဖန်သြဂုတ်လ ၂၈ ရက်နေ့တွင် စစ်တွေမြို့နယ် သက်ကယ်ပြင်မွတ်ဆလင်ဒုက္ခသည်စခန်းကို စတင်ထိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

တိုက်ပွဲကာလကမီးလောင်သွားခဲ့သည့် ပလက်ဝမြို့နယ်မှနေအိမ်များကို ပြန်ဆောက်ပေးနေသော်လည်း လူမနေထိုင်မီ ယိုယွင်းမှုများရှိသည်ဟု ဒေသခံများပြော

26 Aug 2021

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ရွာလုံးကျွတ်မီးလောင်သွားခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကြက်ဥဝကျေးရွာမှနေအိမ်များကို ပြန်လည်တည်ဆောက်ပေးသော်လည်း နေအိမ်များမှာ လူနေထိုင်မှုမပြုမီ ယိုယွင်းပျက်စီးမှုများရှိနေသည်ဟု ဒေသခံများကပြောသည်။

ရခိုင်က မြို့နယ်လေးခုတွင် ဒီရေတောပြုန်းတီးမှု ၇၉ ရာခိုင်နှုန်းခန့်အထိရှိလာကြောင်း ဒီရေတောထိန်းသိမ်းသူများပြော

26 Aug 2021

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ စသည့်မြို့နယ်လေးခုတွင် ဒီရေတောပျက်စီးပြုန်းတီးမှုမှာ ၇၉ ရခိုင်နှုန်းခန့်အထိရှိလာနေကြောင်း ရခိုင်ပြည်နယ်က ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များထံမှ သိရသည်။

စစ်တွေဆေးရုံကြီးတွင် COVID -19 Call Center ဖွင့်လှစ်ထား

26 Aug 2021

ရခိုင်ပြည်နယ်မှ ကိုဗစ်လူနာများအတွက် COVID -19 Call Center ကို စစ်တွေမြို့တွင် ဖွင့်လှစ်ပေးထားကြောင်း ပြည်နယ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက DMG သို့ ပြောသည်။

ULA/AA တရားရေးဌာနသို့ တိုင်ကြားသည့်အမှုများစွာရှိပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်နေကြောင်း AA့ပြော

26 Aug 2021

ULA/AA တရားရေးဌာနသို့ တိုင်ကြားသည့် အမှုများစွာရှိပြီး တရားမျှတမှုရှိအောင်ဆောင်ရွက်နေကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ပြောကြားသည်။

မာန်အောင်မှ တောင်ကုတ်သို့ အမြန်ရေယာဉ်ဈေး တစ်ဦးလျှင် ငါးသောင်းကျပ်အထိရှိနေ

26 Aug 2021

မာန်အောင်မြို့မှ တောင်ကုတ်မြို့သို့ ပြေးဆွဲနေသည့်အမြန်ရေယာဉ်ဈေးမှာ လူတစ်ဦးလျှင် ငါးသောင်းကျပ်အထိရှိနေ၍ ယခင်ထက် ငါးဆကျော်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်က အမြန်ရေယာဉ်ဈေးမှာ လူတစ်ဦးလျှင် ၉၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ကိုဗစ်ကာလအတွင်း ပုံမှန်ထက်များစွာဈေးမြင့်တက်နေကြောင်း ဒေသခံများကဆိုသည်။

ဂွမြို့နယ်တွင် နေ့လည် ၁၂ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့မထွက်ရန် ဒေသန္တရအမိန့်ထုတ်

25 Aug 2021

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများအပြား၌ ကိုဗစ်ပိုးတွေ့နှုန်းကျဆင်းလာသော်လည်း ဂွမြို့နယ်တွင် ကျဆင်းမှုမရှိသေးသဖြင့် နေ့လည် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရ ဒေသန္တရအမိန့်ကို သြဂုတ်လ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ရခိုင်တွင် Stay at Home ကာလသတ်မှတ်ခြင်းကို ပယ်ဖျက်ကြောင်း ULA ထုတ်ပြန်

25 Aug 2021

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာလအတွင်း (Stay at Home)ကာလ ထုတ်ပြန်သတ်မှတ်ခြင်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

AA ၏ တရားစီရင်ရေးနှင့် ကိုဗစ်ထိန်းချုပ်ရေးကိစ္စတို့ကို အသိပေးရန် ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ခေါ်ယူသတိပေးခြင်းမှာ မဖြစ်သင့်ကြောင်း AA ပြော

25 Aug 2021

ရက္ခိုင့်တပ်တော်(AA)ကပြုလုပ်သည့် တရားစီရင်ရေးကိစ္စများနှင့် ကိုဗစ်ထိန်းချုပ်ရေးစာများကပ်ပါက အသိပေးရန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်မှ သြဂုတ်လ ၂၃ နေ့က ခေါ်ယူသတိပေးခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။

ရခိုင်တွင် ပရဟိတအလှူငွေများကို လိမ်လည်မှု ရက်ဆက်ဖြစ်ပွားခဲ့သဖြင့် သတိထားကြရန် ငွေလိမ်လည်ခံရသူများပြော

25 Aug 2021

ရခိုင်ပြည်နယ်အတွင်းက ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူများတွင် အလှူရှင်များထံမှ လှူဒါန်းထားသည့်အလှူငွေများကို လိမ်လည်ခံရသည့်ဖြစ်စဉ်များ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း လိမ်လည်ခံရသည့်ကာယကံရှင်များထံမှ သိရသည်။

ရခိုင်ပြည်အတွင်းက ဒေသအချို့တွင် စစ်တပ်ကအင်အားတိုးချဲ့နေမှုအပေါ် အနီးကပ်စောင့်ကြည့်နေကြောင်း AA ပြော

24 Aug 2021

ရခိုင်ပြည်အတွင်းက ဒေသအချို့တွင် စစ်တပ်က အင်အားတိုးချဲ့နေသည့်အခြေအနေကို ရက္ခိုင့်တပ်တော်(AA)အနေဖြင့် အနီးကပ်စောင့်ကြည့်နေကြောင်း ယနေ့ (သြဂုတ် ၂၄ ရက်)တွင် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ပြောကြားသည်။

Showing 4,521-4,540 of 8,345 items.