02 Sep 2021
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု)
သြဂုတ် ၂၃
■ ရခိုင်ပြည်တွင် မိုးနည်းနေသော်လည်း ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လာပါကာ ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားခဲ့သည်။
■ မောင်တောမြို့နယ် မြောက်ပိုင်းမှာ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ရွာချင်းဆက်တံတား (၇) စင်းထဲမှ (၆) စင်းမှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
■ ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်းက မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၂၃ ရက်နေ့ ညရှစ်နာရီတွင် ရွာလုံးကျွတ်ဆီမီးထွန်းမှုများ ပြုလုပ်ခဲ့ကြသည်။
■ မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်းကို သြဂုတ်လ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း ကိုဗစ်ကာလ ရုံးပိတ်ရက်ဖြစ်နေသည့်အတွက် စစ်ဆေးမေးမြန်းခြင်းမရှိခဲ့ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းခဲ့သည်။
သြဂုတ် ၂၄
■ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့်...