ရခိုင်တွင် စားအုန်းဆီဈေးထိန်းချုပ်နိုင်ရန် စားအုန်းဆီပိဿာ လေးသောင်းကျော် ဝယ်ယူထားဟုဆို

03 Nov 2021

ရခိုင်ပြည်နယ်တွင် စားအုန်းဆီဈေးမြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီ၏အစီစဉ်ဖြင့် စားအုန်းဆီ ၄၀၄၉၁ ပိဿာကို ဝယ်ယူထားကြောင်း ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက DMG သို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်တစ်ဦး ကိုဗစ်နှင့်သေဆုံးပြီး မိသားစုလေးဦးထံ ကိုဗစ်ပိုးတွေ့ရှိ

03 Nov 2021

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုဗစ်နှင့်သေဆုံးခဲ့ပြီး ၎င်း၏မိသားစုဝင် ၆ ဦးကို စစ်ဆေးရာတွင် ၄ ဦး၌ ကိုဗစ်ပိုးတွေ့ရှိရကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက DMG သို့ပြောသည်။

ရခိုင်တွင် ကျောင်းပြန်တက်သူ သုံးသိန်းသုံးသောင်းကျော်ရှိ

02 Nov 2021

သုံးလကျော်ကြာပိတ်ထားခဲ့ရသည့် အခြေခံပညာစာသင်ကျောင်းများကို ကိုဗစ်ကာကွယ်ဆေးထိုးပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထန်တလန်မြို့က မီးဘေးသင့်သူများကိုထောက်ပံ့နိုင်ရေး ရခိုင်တွင် အလှူငွေများကောက်ခံနေ

02 Nov 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့က မီးဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရခိုင်ပြည်နယ်က လူငယ်အချို့ဦးဆောင်ကာ အလှူငွေများ ကောက်ခံလျက်ရှိသည်။

ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များမှ အလှူငွေကောက်ခံ

02 Nov 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့မှ မီးဘေးသင့်ခံခဲ့ရသည့် ပြည်သူများအတွက် ရခိုင်လူငယ်များမှစုပေါင်းကာ စစ်တွေမြို့နှင့် ရသေ့တောင်မြို့နယ်တို့တွင် အလှူငွေများကောက်ခံလျှက်ရှိကြသည်။

ထန်တလန်မြို့နှင့်ပတ်သက်၍ စစ်ကောင်စီ၏လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

02 Nov 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးသွားပြီး ယင်းလုပ်ရပ်အပေါ်ပြင်းထန်စွာရှုတ်ချကြောင်း AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ (၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၃-၁၀-၂၀၂၁ မှ ၃၁-၁၀-၂၀၂၁ ထိ)

01 Nov 2021

မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှာ လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ကာ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရမန်ယူခဲ့သည်။

အခြေခံပညာစာသင်ကျောင်းများကို Social Distancing နှင့်အညီ ပြန်လည်ဖွင့်လှစ်

01 Nov 2021

ကိုဗစ်တတိယလှိုင်းကြောင့် သုံးလကျော်ကြာယာယီပိတ်ခဲ့သော ရခိုင်ပြည်နယ်မှ အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် Social Distancing နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

စစ်တပ်ထောက်ခံပွဲများကို ရခိုင်က မြို့နယ်အချို့တွင်ပြုလုပ်လာသည့်အပေါ် ဝေဖန်မှုများရှိနေ

01 Nov 2021

ရခိုင်ပြည်နယ်က မြို့နယ်အချို့တွင် စစ်တပ်ထောက်ခံပွဲပြုလုပ်လာသည့်အပေါ် ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများမှ ဝေဖန်ကြသည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုတွင် တရားလိုမှ ၇ လကြာသည်အထိ တရားရုံးသို့လာရောက်ခြင်းမရှိ

01 Nov 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကိုစွဲဆိုထားသည့်အမှုတွင် တရားလိုကိုစစ်ဆေးရန်အတွက် ခေါ်ယူထားသော်လည်း ၇ လခန့်ကြာသည်အထိ တရားရုံးသို့ လာရောက်ခြင်းမရှိသဖြင့် အမှုမှာကြန့်ကြာနေရကြောင်း သိရသည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုများနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ABSDF ထုတ်ပြန်

01 Nov 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ တိုက်ပွဲဝင်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)က နိုဝင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ရခိုင်က ပုဂ္ဂိကစာသင်ကျောင်းများနှင့် ဘကကျောင်းများတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

01 Nov 2021

ရခိုင်ပြည်နယ်တွင် အစိုးရအခြေခံပညာစာသင်ကျောင်းများကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မောင်တောမြို့နယ်တွင် ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ဟု ဒေသခံများပြော

01 Nov 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရနယ်မြေအပိုင် ဇီးပင်ချောင်းကျေးရွာဟောင်းအနီးတွင် ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ အောက်တိုဘာလ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ရခိုင်က အကြမ်းဖက်ဥပဒေဖြင့်တရားစွဲဆိုခံရသူ ၃၆ ဦးတို့၏ အမှုများကို ထပ်မံရုပ်သိမ်းပေးရန်ဆောင်ရွက်နေ

31 Oct 2021

ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ ၃၆ ဦးတို့၏ အမှုများကို ထပ်မံရုပ်သိမ်းပေးရန်ဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောင်းအပ်လက်ခံမည်

29 Oct 2021

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်တွင် အဝေးသင်ကျောင်းသားကျောင်းသူများကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံရန် ဗဟိုပညာရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

လေးတောင်မြို့တွင် အရက်ဆိုင်များပိတ်သိမ်းရေးအတွက် အမျိုးသမီးများ ဆန္ဒထုတ်ဖော်

29 Oct 2021

ရခိုင်ပြည်နယ်၊ လေးတောင်မြို့ အမှတ်(၁) ဆန်တင်မော်ရပ်ကွက်အတွင်း အရက်ဆိုင်များပိတ်သိမ်းရေးအတွက် ယနေ့(အောက်တိုဘာ ၃၀ ရက်) ညနေ ၃ နာရီကျော်က ရပ်ကွက်အတွင်းလှည့်လည်ကာ အမျိုးသမီးများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေသည့်စစ်ဘေးရှောင်များ မိမိဆန္ဒမပါဘဲ နေရပ်သို့ပြန်နေရ

29 Oct 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ထောက်ပံ့ငွေတစ်ချို့ပေးကာ နေရပ်သို့ပြန်ခိုင်းနေသည့်အတွက် မိမိသဘောဆန္ဒမပါဘဲနေရပ်ပြန်နေရသည်ဟု စစ်ဘေးရှောင်များကပြောဆိုသည်။

အချိုးကျကိုယ်စားပြုစနစ်အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များအားဆွေးနွေးမည့်ပွဲသို့ ရခိုင်မှ AFP ပါတီတက်ရောက်မည်

29 Oct 2021

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကျင်းပမည့် အချိုးကျကိုယ်စားပြုစနစ်(PR)အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များကို ဆွေးနွေးမည့်ပွဲအား ရခိုင်ပြည်နယ်မှ ရခိုင့်ဦးဆောင်ပါတီ(AFP) တက်ရောက်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်မှာ ၉ လအတွင်း အမှုကြီး ၉၈ မှုဖြစ်

29 Oct 2021

ရခိုင်ပြည်နယ်မှာ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လအတွင်း အမှုကြီး ၉၈ မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

အဓမ္မပြုကျင့်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူစေလိုကြောင်း အမျိုးသမီးအရပ်ဖက်အဖွဲ့များပြော

29 Oct 2021

ရခိုင်ပြည်နယ်တွင် အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို အရေးယူဆောင်ရွက်ရာ၌ အားနည်းမှုများရှိနေခြင်းကြောင့် ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုသည်။

Showing 4,241-4,260 of 8,345 items.