ငပလီကမ်းခြေ၌ ဆောင်းဦးပွဲတော်ကို ယခုလဒုတိယအပတ်တွင်ကျင်းပမည်

08 Nov 2021

ကိုဗစ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် ကျဆင်းနေသည့်ခရီးသွားလုပ်ငန်းကို ပြန်ဦးမော့လာစေရန်ရည်ရွယ်ပြီး ငပလီကမ်းခြေ၌ ယခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဆောင်းဦးပွဲတော်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရားသူကြီးအပြောင်းအလဲရှိ၍ ကျောက်ဆိပ်ရွာသား ၅ ဦးအမှုကို စစ်ဆေးခြင်းမရှိခဲ့

08 Nov 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို ယနေ့ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးအပြောင်းအလဲကြောင့် အမှုကိုစစ်ဆေးခြင်းမရှိခဲ့ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

မြောက်ဦးမြို့ နန်းတော်ရာကုန်းကွင်းတွင် ခရီးသည်တင်ယာဉ်ရပ်နားစခန်း ယာယီပြုလုပ်မည်

08 Nov 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နန်းတော်ရာကုန်းကွင်းတွင် ခရီးသည်တင်ယာဉ်ရပ်နားစခန်းကို ယာယီပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မြောက်ဦးမြို့အဝင်/အထွက်မုခ်ဦးကို ခေတ်လေးခေတ်လက်ရာဖြင့် တည်ဆောက်မည်

07 Nov 2021

ရှေးဟောင်းမြို့ဖြစ်သည့်မြောက်ဦးမြို့က မြို့အဝင်/အထွက်မုခ်ဦးကို ခေတ်လေးခေတ်၏လက်ရာများဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ရခိုင်ပြည်မှ တက္ကသိုလ်နှင့်ကောလိပ် ကျောင်းသူ၊ကျောင်းသား သုံးထောင်ကျော် ကိုဗစ်ကာကွယ်ဆေးထိုးရန် စာရင်းပေးထား

06 Nov 2021

စစ်ကောင်စီမှ တက္ကသိုလ်နှင့်ကောလိပ်များ မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ လက်ရှိရခိုင်ပြည်နယ်တွင် ကျောင်းသူ၊ ကျောင်းသားသုံးထောင်ကျော်မှာ ကာကွယ်ဆေးထိုးရန် စာရင်းပေးထားသည်။

ရခိုင်တွင် ယခုနှစ်အတွင်း မီးလောင်မှုကြောင့် သေဆုံးသူသုံးဦးရှိ

06 Nov 2021

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)ခုတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း မီးလောင်မှုကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ရခိုင်က ဆန္ဒမဲတစ်ကြိမ်ထက်ပိုပေးခဲ့သူ ခြောက်ဦးကို အမှုဖွင့်ထား

06 Nov 2021

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းက ဆန္ဒမဲတစ်ကြိမ်ထက်ပို၍ပေးခဲ့သူ ခြောက်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အမ်းမြို့ပေါ်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ၃၀၀ ကျော်နေရပ်ပြန်

06 Nov 2021

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ၃၀၀ ကျော်မှာ ယနေ့(နိုဝင်ဘာလ ၆ ရက်)နံနက်ပိုင်းက နေရပ်သို့ ပြန်သွားကြကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ရခိုင်မှ အကျဉ်းသားနှင့်အချုပ်သား ၆၀၀ ကျော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး

06 Nov 2021

ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များ၌ အကျဉ်းကျနေသူများနှင့် အချုပ်သား ၆၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

အမိန့်ချရန်သာကျန်တော့သည့် လက္ကာကျေးရွာသား ၂၀ ကျော်အမှု ရုံးချိန်းထပ်ရွှေ့

05 Nov 2021

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုတွင် စစ်ဆေးမှုအားလုံးပြီးစီး၍ အမိန့်ချရန်သာကျန်သော်လည်း ယနေ့(နိုဝင်ဘာ ၅ ရက်နေ့)တွင် အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုထံမှ သိရသည်။

လက္ကာရွာသား ၂၀ ကျော်အမှု အမိန့်ချမည့်နေ့ ထပ်မံရွှေ့ဆိုင်း

05 Nov 2021

အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုတွင် စစ်ဆေးမှုအားလုံးပြီးစီးပြီဖြစ်သော်လည်း ယနေ့(နိုဝင်ဘာ ၅ ရက်နေ့)ရုံးချိန်းတွင် အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ပြည်သူလူထု၏ အိုးအိမ်၊ ဘာသာရေးအဆောက်အအုံများအပေါ် စစ်ကောင်စီမှ ပစ်မှတ်ထားတိုက်ခိုက်နေမှုကို ရှုတ်ချကြောင်း PPST ထုတ်ပြန်

05 Nov 2021

လက်ရှိနိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီအနေဖြင့် ပြည်သူလူထု၏အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကျောင်းသားတစ်ထောင်ကျော်ရှိသည့် သံတွဲမြို့ ဘကကျောင်းမှ ကျောင်းသားအများစုမှာ ကိုဗစ်ကာကွယ်ဆေးမထိုးရသေး

05 Nov 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် ကျောင်းသားအများစုမှာ ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

အမ်းမြို့နယ်တွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်၊ နှစ်ဦးသေဆုံး

05 Nov 2021

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တောင်စောက်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၅ ရက် နံနက်အစောပိုင်းက ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ နှစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်းအထိ ကုန်သွယ်နိုင်ခဲ့

05 Nov 2021

ရခိုင်ပြည်နယ်၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစန်းမှ နှစ်ပတ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှတ်ခြင်းဥပဒေကို စစ်ကောင်စီမှ ပြောင်းလဲပြင်ဆင်လိုက်ခြင်းမှာ အွန်လိုင်းသတင်းဌာနများကို ထိန်းချုပ်ရန်ဟု ရှုမြင်ကြ

04 Nov 2021

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို စစ်ကောင်စီမှပြင်ဆင်ပြီး ပြစ်ဒဏ်ကိုလည်း မူလက ငွေဒဏ်အစား ထောင်ဒဏ်အဖြစ်တိုးမြှင့်လိုက်ခြင်းမှာ အွန်လိုင်းသတင်းဌာနများကို ထိန်းချုပ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မီဒီယာအသိုင်းအဝိုင်းမှ ရှုမြင်ကြသည်။

ရခိုင်က မြို့နယ်နှစ်ခုရှိ မသန်စွမ်းသူများကို ရွှေမင်းသားဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့်ဆေးဝါးများ လေးလစာထောက်ပံ့မည်

04 Nov 2021

ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့်ဆေးဝါးများကို လေးလစာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံတွဲဒေသခံအမျိုးသမီး ၃ ဦးကို PDF နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထား

04 Nov 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ဒေသခံအမျိုးသမီး ၃ ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် နိုဝင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

အကြိမ်ကြိမ်တောင်းဆိုသော်လည်း အဆင်မပြေသည့် တင်းမကျေးရွာသားများနေရပ်ပြန်ရေး စစ်ကောင်စီဥက္ကဋ္ဌထံ စာပေးပို့တောင်းဆိုထား

03 Nov 2021

အကြိမ်ကြိမ်တောင်းဆိုသော်လည်း အဆင်မပြေသေးသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများ နေရပ်ပြန်ခွင့်ရရှိရေးအတွက် ယခုတစ်ကြိမ်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပေးပို့တောင်းဆိုထားကြောင်း တင်းမကျေးရွာမှ ဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားသည်။

စစ်ကောင်စီမှထုတ်ပြန်သည့် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်မှာ စစ်တပ်ထောက်ခံပွဲပြုလုပ်သူများအပေါ် သက်ရောက်မှုမရှိ

03 Nov 2021

ကိုဗစ်ကာလအတွင်း လူဦးရေ ၁၀၀ ထက်ပို၍စုဝေးပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ညွှန်ကြားစာထုတ်ပြန်ထားသည်။

Showing 4,221-4,240 of 8,345 items.