မြန်မာ့အာဏာသိမ်းမှု ရှုတ်ချသည့်အဆို အမေရိကန်အောက်လွှတ်တော် အတည်ပြု

20 Mar 2021

မြန်မာနိုင်ငံတွင် စစ်တပ်၏အာဏာသိမ်းမှုအား ပြစ်တင်ရှုတ်ချပြီး ဆန္ဒပြသူများအား ပြင်းထန်သော နည်းလမ်းများဖြင့် နှိပ်ကွပ်နေခြင်းကိုလည်း ဝေဖန်သည့် ဆုံးဖြတ်ချက်တစ်ရပ်အား အမေရိကန် အောက်လွှတ်တော်က တစ်ခဲနက် အတည်ပြုလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စာသင်ကျောင်းများအသုံးမပြုကြရန် တပ်မတော်နှင့်ရဲကို ယူနီဆက်အပါအဝင် ၃ ဖွဲ့တောင်းဆို

20 Mar 2021

မြန်မာနိုင်ငံတစ်ဝန်းရှိ ပညာရေးအဆောက်အုံများတွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ တပ်စွဲနေရာယူထားသည်မှာ ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်၍ စစ်တပ်သို့မဟုတ် လုံခြုံရေးဝန်ထမ်းများအနေဖြင့် စာသင်ကျောင်းများကို အသုံးမပြုကြရန် Save the Children၊ ယူနက်စကိုနှင့် ယူနီဆက်တို့မှ တောင်းဆိုလိုက်သည်။

မြန်မာဘက်မှ ထွက်ပြေးလာမည့်သူများအား လက်ခံရန် ထိုင်းနိုင်ငံပြင်ဆင်

20 Mar 2021

မြန်မာနိုင်ငံတွင်း ဆန္ဒဖော်ထုတ်မှုများအား အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာနယ်မြေများသို့ ထွက်ပြေးလာသူဦးရေ မြင့်တက်လာနေသဖြင့် ထိုင်းနိုင်ငံဘက်ကလည်း ဒုက္ခသည်များအရေး ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့အကြပ်အတည်း အာဆီယံနိုင်ငံများ အရေးပေါ်တွေ့ဆုံဆွေးနွေးရန် အင်ဒိုနီးရှားတိုက်တွန်း

19 Mar 2021

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော သွေးချောင်းစီးနှိမ်နင်းမှုများ ရပ်တန့်ရန်နှင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သောကြာနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။

သွေးမြေကျမှုအောင် နှိမ်နင်းမှုများ ရပ်တန့်ပေးရန် ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

18 Mar 2021

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော သွေးမြေကျမှုများ ရပ်တန့်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံလိုက်သည်။

မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာနှင့် လောင်စာဆီဈေး မြင့်တက်လာမှု ကုလသတိပေး

18 Mar 2021

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော် စစ်အာဏာရယူပြီးကတည်းက အစားအစာနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဆင်းရဲသော အခြေခံမိသားစုများ စားနပ်ရိက္ခာရရှိနိုင်မှု အခက်အခဲများကြုံတွေ့နေ ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက မတ်လ ၁၆ ရက်တွင် သတိပေးလိုက်သည်။

တရုတ်ပြည် ဘေဂျင်းတွင် ပြင်းထန်သောသဲမုန်တိုင်း တိုက်ခတ်

16 Mar 2021

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တနင်္လာနေ့က ပြင်းထန်သော သဲမုန်တိုင်း တိုက်ခတ်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

အမေရိကန် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ ဂျပန်နှင့်တွေ့ဆုံ

16 Mar 2021

အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် ဂျပန်အစိုးရနှင့် မတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်နှင့်မမှားအောင် ထိုင်ဝမ်အလံ ထောင်ထားရန် ထိုင်ဝမ်ကုမ္ပဏီများအား ထိုင်ဝမ်အစိုးရ သတိပေး

15 Mar 2021

မြန်မာနိုင်ငံတွင် ရှိနေသည့် ထိုင်ဝမ်ကုမ္ပဏီများအနေဖြင့် တရုတ်နှင့် မှားယွင်းပြီး ဖျက်ဆီးခံရမှုမျိုးမဖြစ်အောင် ထိုင်ဝမ်အလံများ လွှင့်ထူထားကြရန် ထိုင်ဝမ်အစိုးရက ယခု မတ်လ ၁၅ ရက်နေ့တွင် အကြံပြုထားသည်။

သမ္မတဘိုင်ဒန် ဂျပန်၊ အိန္ဒိယ၊ သြစတေးလျနိုင်ငံတို့နှင့် ထိပ်သီးဆွေးနွေးပွဲ ပထမဆုံးကျင်းပ

15 Mar 2021

အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒန်သည် သမ္မတတာဝန်ယူပြီး ပထမဆုံးအကြိမ် လေးနိုင်ငံထိပ်သီး တွေ့ဆုံမှုအဖြစ် သြစတေးလျ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့နှင့် ဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၏ သြဇာမြင့်တက်လာနေသည့်အပေါ်  စိုးရိမ်ပူပန်မှုများမြင့်တက်နေချိန်တွင် မိတ်ဖက် ဆက်ဆံရေးခိုင်မာစေရန် ကြိုးပမ်းမှု အရှိန်မြှင့်တင်သည့်အနေဖြင့် ယင်းကဲ့သို့ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

အိန္ဒိယတွင် မြန်မာဘက်မှ တိမ်းရှောင်လာသည့် ရဲ ၂၀၀ ခန့်နှင့် မိသားစုဝင်များရှိနေ

15 Mar 2021

မြန်မာနိုင်ငံတွင် အာဏာရယူမှုနောက်ပိုင်း မြန်မာရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ အိန္ဒိယသို့ အများအပြား ဝင်လာနေကြကြောင်း အိန္ဒိယလုံခြုံရေး အရာရှိများက မတ်လ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာ့ ပထမဆုံးဂြိုဟ်တုအား နိုင်ငံတကာ အာကာသစခန်းတွင် ထိန်းသိမ်းထား

13 Mar 2021

မြန်မာ့ပထမဆုံး ဂြိုဟ်တုအား နိုင်ငံတကာ အာကာသစခန်းတွင် ထိန်းသိမ်းထားမည်ဟု ဂျပန်တက္ကသိုလ်နှစ်ခုမှ တာဝန်ရှိသူများက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူမှု ဖြစ်ပွားနေပြီး အဆိုပါဂြိုဟ်တုအား ဂျပန်အာကာသအေဂျင်စီနှင့် ဂျပန်တက္ကသိုလ်က မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားသည်။

မြန်မာ့ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကူညီမည်ဟု အမေရိကန်နှင့် မဟာမိတ်နိုင်ငံများပြော

13 Mar 2021

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြည်လည်ရရှိရေးအတွက် လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်ခေါင်းဆောင်များက သောကြာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနှင့် စစ်ရေးအချက်အလက်ဖလှယ်မှု တောင်ကိုရီးယား ဆိုင်းငံ့မည်

Foreign Desk 12 Mar 2021

တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ ဖလှယ်မှုကို ဆိုင်းငံ့ကာ လက်နက်တင်ပို့ ရောင်းချမှုများလည်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဗြိတိန်နိုင်ငံသားများ မြန်မာနိုင်ငံမှ ထွက်ခွာကြရန် ဗြိတိန်အစိုးရ သတိပေး

Foreign Desk 12 Mar 2021

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော ဗြိတိန်နိုင်ငံသားများ နိုင်ငံမှ ထွက်ခွာကြရန် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးနှစ်ဦးနှင့် ၎င်းတို့၏ ကုမ္ပဏီများအား အမေရိကန်က အရေးယူပိတ်ဆို့

Foreign Desk 12 Mar 2021

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးနှစ်ဦးပိုင်ဆိုင်သည့် ကုမ္ပဏီခြောက်ခုအား အမေရိကန်ပြည်ထောင်စုက မတ်လ ၁၀ ရက်နေ့တွင် အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ကန်ဒေါ်လာ ၆ သိန်းနှင့် ရွှေများ တရားမဝင်လက်ခံခဲ့ဟုဆို

Foreign Desk 12 Mar 2021

ဒေါ်အောင်ဆန်းစုကြည်သည် ရာထူးရယူထားစဉ် အမေရိကန်ဒေါ်လာ ၆ သိန်းတန်ဖိုးရှိသည့် ငွေသားများနှင့် ရွှေများ လက်ခံရယူခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်နှိမ်နင်းမှုကိုရှုတ်ချရန် ကုလလုံခြုံရေးကောင်စီ သဘောတူညီမှုရရှိပြီ

Foreign Desk 11 Mar 2021

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအတွင်း ဆန္ဒဖော်ထုတ်မှုများအား စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ရှုတ်ချရန် အဖွဲ့ဝင်နိုင်ငံများအကြား ဗုဒ္ဓဟူးနေ့တွင် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။

အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောတူညီမှုမရ

Foreign Desk 11 Mar 2021

မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အာဏာသိမ်းမှုအား ရှုတ်ချကြောင်း ကြေညာရန်အတွက် ဗြိတိန်၏ အဆိုပြုတင်သွင်းချက်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ သဘောတူညီမှု မရခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာအပါအဝင် အာရှ ၂၄ နိုင်ငံအတွက် ကိုဗစ်အကူအညီ ယန်းငွေ ၄.၅ ဘီလျံ ဂျပန်ပံ့ပိုးမည်

Foreign Desk 11 Mar 2021

ဂျပန်နိုင်ငံသည် အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံ ၂၅ နိုင်ငံ၌  ကိုဗစ်ကာကွယ်ဆေးဖြန့်ဖြူးရန်အတွက် အအေးခန်းစနစ်ဖြင့် ဖြန့်ချိရေးကွန်ရက်တည်ဆောက်ရာတွင် ကူညီရန် ဂျပန်ယန်း ၄.၅ ဘီလျံကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှတစ်ဆင့် ပံ့ပိုးပေးမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

Showing 1,281-1,300 of 1,643 items.