မြန်မာစစ်တပ်က ငှားရမ်းထားသည့် ကပြားလော်ဘီသမား ကန်ဒေါ်လာ ၂ သန်း ရရှိမည်

Foreign Desk 10 Mar 2021

မြန်မာစစ်တပ်က ငှားရမ်းထားသည့် အစ္စရေး-ကနေဒါကပြား လော်ဘီသမားသည် ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်း ရရှိမည်ဖြစ်ကြောင်း အမေရိကန် တရားရေးဌာန၏ မှတ်တမ်းဖိုင်တွဲတွင် ဖော်ပြထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တပ်မတော်အာဏာရယူမှုအပေါ် ပြည်တွင်းပြည်ပ စီးပွားရေးအုပ်စုများအကြား အမြင်အမျိုးမျိုးကွဲပြား

Foreign Desk 10 Mar 2021

မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာရယူမှုအပေါ် စီးပွားရေးအသိုင်းအဝိုင်းဘက်က သဘောထားများ အမျိုးမျိုးကွဲပြားနေကြောင်း Asia Times ဆောင်းပါးတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု သြစတြေးလျ ရပ်ဆိုင်း

Foreign Desk 09 Mar 2021

မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ်ပိန်းက မတ်လ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

ပါလက်စတိုင်းနယ်မြေတွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများအား အိုင်စီစီရှေ့နေ တရားဝင် စုံစမ်းစစ်ဆေးမည်

Foreign Desk 04 Mar 2021

ပါလက်စတိုင်းနယ်မြေရှိ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဘက်လုံးကို စုံစမ်းစစ်ဆေးမှုအား တရားဝင်စတင်သွားမည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ) ၏ ရှေ့နေက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

အင်ဒိုနီးရှား ဆီနာဘန်းမီးတောင်မှ ပြာပူများ ၇ ကီလိုမီတာ အမြင့်အထိ မှုတ်ထုတ်

Foreign Desk 04 Mar 2021

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားမြောက်ပိုင်း ခရိုင်ရှိ ဆီနာဘန်းမီးတောင်သည် အင်္ဂါနေ့တွင် မီးခိုးများနှင့် ပြာပူများအား ၇ ကီလိုမီတာ အမြင့်အထိ မှုတ်ထုတ်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။

အစ္စရေးပိုင်ကုန်တင်သင်္ဘောအား အီရန်တိုက်ခိုက်သည်ဟု ဝန်ကြီးချုပ်နေတန်ယာဟု စွပ်စွဲ

Foreign Desk 04 Mar 2021

အစ္စရေးပိုင်သင်္ဘောအား ပြီးခဲ့သည့်သီတင်းပတ်၌ အိုမန်ပင်လယ်ကွေ့တွင် အီရန်တို့ တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက စွပ်စွဲပြောကြားလိုက်သည်။

ပုပ်ရဟန်းမင်းကြီး အီရတ်သို့သွားမည်

Foreign Desk 03 Mar 2021

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အီရတ်သို့ ပထမဆုံး ခရီးစဉ်အဖြစ် မတ်လ ၅ ရက် သောကြာနေ့တွင် အလည်အပတ် သွားရောက်မည် ဖြစ်သည်။ ယခုခရီးစဉ်သည် တစ်စစ လျော့ပါးလာနေသည့် ခရစ်ယာန်အသိုင်းအဝိုင်းနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့် လုပ်ရပ်တစ်ခု ဖြစ်သလို မွတ်ဆလင်များနှင့် လက်ချင်းဆက် ငြိမ်းချမ်းရေးအတွက် သင်္ကေတတစ်ရပ်လည်း ဖြစ်သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ရုရှားအတွက် ပါလီမန်တွင် သူလျှိုလုပ်မှုဖြင့် ဂျာမန်တစ်ဦးကို တရားစွဲ

Foreign Desk 26 Feb 2021

ဂျာမနီပါလီမန် အဆောက်အအုံ ဖွဲ့စည်းပုံဒီဇိုင်းအား ရုရှားထောက်လှမ်းရေးသို့ ပေးပို့ခဲ့သည်ဟု သံသယရှိသူတစ်ဦးအား တရားစွဲဆိုထားကြောင်း  ဂျာမနီအစိုးရရှေ့နေများက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ယခုဖြစ်ရပ်သည် ဂျာမနီနှင့် ရုရှားအကြား တင်းမာနေသည့် အခြေအနေအား ပိုမိုဆိုးဝါးလာစေမည့် သဘောရှိသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြစတြေးလျပါလီမန်တွင် အဓမ္မပြုကျင့်ခံခဲ့ရဟု အမျိုးသမီးတစ်ဦးစွပ်စွဲ၊ တိုင်ကြားချက် ကိုင်တွယ် ဖြေရှင်းခဲ့ပုံကို ဝန်ကြီးချုပ်တောင်းပန်

Foreign Desk 25 Feb 2021

လွန်ခဲ့သည့်နှစ်နှစ်က ပါလီမန်တွင် အဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲထားသည့်အမျိုးသမီးတစ်ဦးကို ထိုအချိန်က သူ့တိုင်ကြားချက်အပေါ်  အစိုးရ၏ လုပ်ငန်းခွင်ယဉ်ကျေးမှုဓလေ့ကို စစ်ဆေးရန် စေခိုင်းခဲ့သည့် နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ပုံနှင့် စပ်လျဉ်းပြီး သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က အင်္ဂါနေ့တွင် တောင်းပန်လိုက်သည်။

ကိုဗစ်ကြောင့် အမေရိကန်တွင် သေဆုံးသူ ငါးသိန်းကျော်ပြီ

Foreign Desk 24 Feb 2021

အမေရိကန်ပြည်ထောင်စုသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ပထမဆုံး ထွက်ပေါ်ခဲ့သည့်အချိန်မှစ၍ တစ်နှစ်ကျော်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ အထိ ရောဂါပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅၀၀,၀၀၀ အထိ ရှိလာပြီဖြစ်သည်။

ကြက်ငှက်များတွင်သာ ဖြစ်ပွားလေ့ရှိသည့် H5N8 တုပ်ကွေး လူသားထံကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိ

Foreign Desk 23 Feb 2021

ကြက်ငှက်များတွင်သာ ဖြစ်ပွားလေ့ရှိသည့် H5N8 တုပ်ကွေးအမျိုးအစားအား လူသားထံတွင် ကူးစက်နေသည်ကို ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံမှ ပညာရှင်များ တွေ့ရှိခဲ့ရကြောင်း စနေနေ့တွင် ပြောကြားလိုက်သည်။

တရုတ်ပုံစံ အင်တာနက်ကန့်သတ်မှုများ ကမ္ဘောဒီးယားတွင် ကျင့်သုံးမည်

Foreign Desk 22 Feb 2021

ကမ္ဘာဒီးယားနိုင်ငံသည် အင်တာနက်သုံးစွဲမှုများအား ကန့်သတ်ထိန်းချုပ်ရန်အတွက် တရုတ်ပုံစံ အင်တာနက်စောင့်ကြည့်ရေးလမ်းကြောင်း (National Internet Gateway) တပ်ဆင်အသုံးပြုတော့မည် ဖြစ်ကြောင်း Asia Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အယ်ဂျာဇီးရားက ရိုက်ကူးသည့် ရုပ်သံမှတ်တမ်းဖိုင်အား အွန်လိုင်းမှပယ်ဖျက်ရန် ဘင်္ဂလားဒေ့ရှ်ဆုံးဖြတ်

Foreign Desk 19 Feb 2021

အယ်ဂျာဇီးရားသတင်းဌာနက ရိုက်ကူးပြီး ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ် အပေါ် ပြင်းထန်သောစွပ်စွဲချက်များ ပါဝင်သည့် ရုပ်သံမှတ်တမ်းဖိုင်တစ်ခုအား အင်တာနက်မှ ဖယ်ရှားရန် ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့တွင် အမိန့်ချမှတ်လိုက်သည်။

ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှု ပြီးခဲ့သည့် သီတင်းပတ်တွင် ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့

Foreign Desk 19 Feb 2021

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ အသစ်ကူးစက်မှုသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ၂.၇ သန်းသာရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်သည့် အချက်များအရ သိရသည်။

ဒေါ်လာ ၁.၃ ဘီလျံ ခိုးယူရန် ကြံစည်မှုဖြင့် မြောက်ကိုးရီးယားဟက်ကာများကို အမေရိကန် တရားစွဲ

Foreign Desk 19 Feb 2021

ဒီဂျစ်တယ်ငွေကြေးနှင့် ဘဏ်နှင့် အခြားနေရာများမှ သမားရိုးကျငွေကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံတန်ဖိုး ခိုးယူရန်ကြံစည်မှုဖြင့် မြောက်ကိုးရီးယား စစ်ထောက်လှမ်းရေး အရာရှိသုံးဦးအား အမေရိကန်တရားရေးဌာနက ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုလိုက်သည်။

ပြည်သူများ မရသေးမီ ကိုဗစ်ကာကွယ်ဆေး ကာကွယ်ဆေး စောလျင်စွာထိုးနှံခဲ့သည့် ပီရူးနိုင်ငံခြားရေးဝန်ကြီး ရာထူးမှနုတ်ထွက်

Foreign Desk 19 Feb 2021

ပီရူးတွင် ကိုဗစ်ကာကွယ်ဆေးအား ပြည်သူများ မရရှိသေးမီ နိုင်ငံရေးသမားများ စောစီးစွာ ထိုးနှံနေသည့် သတင်းများ ထွက်ပေါ်နေသည့် အချိန်၌ ပီရူး နိုင်ငံခြားရေးဝန်ကြီးသည် တနင်္ဂနွေနေ့တွင် ရာထူးမှုနုတ်ထွက်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိန္ဒိယတွင် တူးမြောင်းထဲသို့ ဘတ်စ်ကားပြုတ်ကျပြီး ၄၆ ဦးထက်မနည်း သေဆုံး

Foreign Desk 19 Feb 2021

အိန္ဒိယနိုင်ငံအလယ်ပိုင်း မာဒယာပရာဒက်ရှ်ပြည်နယ်တွင် အင်္ဂါနေ့က ဘတ်စ်ကားတစ်စီး တူးမြောင်းထဲသို့ ပြုတ်ကျပြီး ရေနစ်မှုကြောင့် ခရီးသည် ၄၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အောက်စဖို့၏ ကိုဗစ်ကာကွယ်ဆေး ကလေးများဖြင့် စမ်းသပ်တော့မည်

Foreign Desk 17 Feb 2021

အောက်စဖို့တက္ကသိုလ်က ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေးအား ကလေးများကို ထိုးနှံပေးနိုင်ခြင်း ရှိ မရှိ စတင်စမ်းသပ်တော့မည် ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုစမ်းသပ်ချက်သည် လူငယ်များထံတွင် ကိုဗစ်ကာကွယ်ဆေး အာနိသင်ရှိမရှိကို စမ်းသပ်မှုများအနက် နောက်ဆုံး စမ်းသပ်ချက်လည်း ဖြစ်သည်။

ရုရှားတွင် ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းက နိုင်ငံရေးမကျေနပ်မှုဖြစ်အောင် လှုံ့ဆော်ပေးနေ

Foreign Desk 17 Feb 2021

ကိုဗစ်ကပ်ဘေးကြောင့် နှေးကွေးနေရသည့် ရုရှားနိုင်ငံ၏ စီးပွားရေးနှင့်အတူ နိုင်ငံတွင်း ဆင်းရဲမွဲတေမှု မြင့်တက်လာနေသဖြင့် ပူတင်အစိုးရအပေါ် လူထု၏ မကျေနပ်မှုများ မြင့်တက်လာနေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သတင်းထောက်ကို ခြိမ်းခြောက်ခဲ့သည့် အိမ်ဖြူတော်ပြောခွင့်ရ လက်ထောက် ရာထူးမှနုတ်ထွက်

16 Feb 2021

သတင်းထောက်တစ်ဦးအား ခြိမ်းခြောက်ပြောကြားခဲ့သော အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရလက်ထောက် တီဂျေဒက်ကလိုသည် ရာထူးမှနုတ်ထွက်သွားပြီ ဖြစ်သည်။

Showing 1,301-1,320 of 1,643 items.