မြန်မာကို ဒဏ်ခတ်အရေးယူမည့် အစီအစဉ်အား ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတွင် တရုတ်ပယ်ချ

Foreign Desk 01 Apr 2021

တရုတ်သည် မြန်မာနိုင်ငံတွင် “ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေး” တစ်ရပ် လိုလားကြောင်း၊ သို့သော်လည်း ဒဏ်ခတ်အရေးယူမည့် အစီအစဉ်များကိုမူ ပယ်ချကြောင်း မတ်လ ၃၁ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတွင် တရုတ်က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရွှေလီတွင် ကိုဗစ်ကူးစက်ထားသူ ၉ ဦးထက်မနည်း တွေ့ရှိသဖြင့် တစ်မြို့လုံးကို ကိုဗစ်စစ်မည်

Foreign Desk 01 Apr 2021

မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသည့် တရုတ်ဘက်ခြမ်း ရွှေလီမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ကိုးဦးထက်မနည်း စစ်ဆေးတွေ့ရှိထားကြောင်း တရုတ်ကျန်းမာရေး အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

မီးလောင်ခဲ့သည့် မူဆလင်ဒုက္ခသည်စခန်းကို ထောင်ပေါင်းများစွာသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါး ကုလထောက်ပံ့

01 Apr 2021

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ မူဆလင်ဒုက္ခသည်စခန်းမှ လူဦးရေ ၄၈,၀၀၀ ကို ထောင်ပေါင်းများစွာသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးအထောက်အပံ့များ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပံ့ပိုးကူညီနေသည်။

မြန်မာ့အရေး အဆောတလျင် အဖြေရှာကြရန် အရေးကြီးကြောင်း ကုလပြော

31 Mar 2021

တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်အာဏာရယူပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၅၀၀ ကျော် သေဆုံးနေ၍ မြန်မာ့အရေး အဆောတလျင် အဖြေရှာကြရန် အလွန်ပင်အရေးကြီးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။

အင်အားအသုံးပြုခြင်းနှင့် သေနတ်အသုံးပြုခြင်းကို တင်းကျပ်စွာထိန်းချုပ်ထားရန် လုပ်ခြုံရေးတပ်ဖွဲ့ဝင်များကို ICRC တိုက်တွန်း

29 Mar 2021

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်များနှင့် မြိုနယ်များ၌ ဆက်လက်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုအခြေအနေများတွင် အင်အားအသုံးပြုခြင်းနှင့် သေနတ်များအသုံးပြုခြင်းကို တင်းကျပ်စွာထိန်းချုပ်ထားရန် လိုအပ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က တိုက်တွန်းလိုက်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကို အမေရိကန်နှင့် မဟာမိတ် ၁၁ နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များ ရှုတ်ချ

Foreign Desk 29 Mar 2021

မြန်မာနိုင်ငံအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သေစေနိုင်သည်အထိ အင်အားသုံး ဖြိုခွင်းနေမှုများအား အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ ထိပ်တန်း စစ်ဘက်ခေါင်းဆောင်များ စုပေါင်းပြီး ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။ မြန်မာစစ်တပ်သည် လူထု၏ ယုံကြည်မှုကိုလည်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်တပ်ပိုင် ဦးပိုင်နှင့် MEC ကုမ္ပဏီများကို ဗြိတိန်နှင့် အမေရိကန် ပိတ်ဆို့အရေးယူ

Foreign Desk 29 Mar 2021

အမေရိကန်နှင့် ယူကေသည် မြန်မာစစ်တပ်အား ဖိအားပေးမှုကို အရှိန်မြှင့်သည့် အနေဖြင့် စစ်တပ်ပိုင်လုပ်ငန်းကြီးနှစ်ခုကို အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့ CDM လှုပ်ရှားမှုအား နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်း

Foreign Desk 27 Mar 2021

မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာရယူမှုအား အကြမ်းမဖက်ဘဲ အာဏာဖီဆန်နေသော လူထုလှုပ်ရှားမှု တစ်ခုဖြစ်သည့် CDM လှုပ်ရှားမှုအား ၂၀၂၂ ခုနှစ်၏ နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်း တင်သွင်းထားကြောင်း နော်ဝေအစိုးရပိုင် NRK သတင်းဌာန၏ ဝက်ဘ်ဆိုက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းအထိ ထိုးကျနိုင်ကြောင်း ကမ္ဘာ့ဘဏ်သတိပေး

Foreign Desk 27 Mar 2021

မြန်မာနိုင်ငံအတွင်း မငြိမ်သက်မှုများကြောင့် ယခုနှစ်အတွင်း နိုင်ငံစီးပွားရေးသည် ၁၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးလိုက်သည်။ သောကြာနေ့က ထုတ်ပြန်သည့် သုံးသပ်ချက်အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားများ လွှဲပြောင်းမည့်အစီအစဉ် အာဆီယံအစည်းအဝေးပြီးချိန်ထိ မလေးရှားဆိုင်းငံ့

Foreign Desk 26 Mar 2021

မလေးရှားတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများအား လွှဲပြောင်းပေးမည့်အစီအစဉ်ကို လတ်တလော မြန်မာ့အကျပ်အတည်းကို ဆွေးနွေးညှိနှိုင်းရန် အဆိုပြုထားသည့် ဒေသတွင်း အရေးပေါ်ထိပ်သီး အစည်းအဝေး ပြီးဆုံးချိန်အထိ ရွှေ့ဆိုင်းရန် မလေးရှားအစိုးရက မတ်လ ၂၄ ရက် နေ့တွင် ဆုံးဖြတ်လိုက်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

တီဘီရောဂါ တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုများ ကိုဗစ်ကပ်ဘေးကြောင့် ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

Foreign Desk 26 Mar 2021

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကန့်သတ်ပိတ်ဆို့မှုများနှင့် ကြားဖြတ် ကျန်းမာရေး အစီအစဉ်များကြောင့် တီဘီရောဂါ ကုသရေးနှင့် စမ်းသပ်ရှာဖွေရေး ကိစ္စရပ်များ ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကမ္ဘာ့ကူးစက်မြန် တီဘီရောဂါ ပပျောက်ရေး ရန်ပုံငွေအစီအစဉ်ဖြစ်သည့် Stop TB Partnership က မတ်လ ၂၄ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့တွင် သတိပေး ပြောကြားလိုက်သည်။

ပဋိပက္ခဇုန်များတွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေး တုံ့ပြန်မှု အားနည်းသည့်ဒဏ် ခံနေရ

Foreign Desk 25 Mar 2021

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပြင်းထန်စွာ ရင်ဆိုင်နေရသော နိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ဘေးကို တုံ့ပြန်နိုင်စွမ်းအားနည်းသဖြင့် ခံစားရသော ဆိုးကျိုးသည် ချမ်းသာကြွယ်ဝသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း မြင့်မားကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် လခြမ်းနီအဖွဲ့တို့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အစ္စရေးနှင့် ပါလက်စတိုင်းခေါင်းဆောင်များအား တရုတ်သို့ ဖိတ်ခေါပြီး စေ့စပ်ပေးမည်ဟုဆို

Foreign Desk 24 Mar 2021

တရုတ်အစိုးရသည် အစ္စရေးနှင့် ပါလက်စတိုင်း အကြား စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန်အတွက် နှစ်ဘက်ခေါင်းဆောင်များအား ဖိတ်ကြားရန် စီစဉ်နေကြောင်း အယ်လ်အာရေဗီးယား ရုပ်သံလိုင်းက ကြေညာသည်။

သြစတြေးလျတွင် ရေကြီးမှုကြောင့် ပိတ်မိနေသူများအား စစ်ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်

24 Mar 2021

သြစတြေးလျနိုင်ငံ အရှေ့ပိုင်း ကမ်းခြေတစ်လျှောက်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှုကြောင့် ပိတ်မိနေသော ပြည်သူများအား အင်္ဂါနေ့၌ စစ်ရဟတ်ယာဉ်များ၊ ရေလွှာလျှောစီးယာဉ်များနှင့် ရော်ဘာလှေများ ဖြန့်ကြက်စေလွှတ်ကာ ကယ်ဆယ်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီးလောင်၊ ၇ ဦးသေ၊ ၅ သောင်းနီးပါး အိုးအိမ်မဲ့ဖြစ်

24 Mar 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ မူဆလင်ဒုက္ခသည်စခန်းတစ်ခု တနင်္လာနေ့က မီးလောင်မှုကြောင့် သေဆုံးသူစုစုပေါင်းမှာ လက်ရှိအချိန်အထိ ရရှိထားသော စာရင်းများအရ ၇ ဦးရှိသွားပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်နှင့် ဆက်နွယ်သူ ၁၁ ဦးအား ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှု ချမှတ်မည်

23 Mar 2021

မြန်မာစစ်တပ်နှင့် ပတ်သက်နေသူ ၁၁ ဦးအား ဥရောပသမဂ္ဂ (အီးယူ) က အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘောရဲလ်က ပြောကြားလိုက်သည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှ သုံးနိုင်ငံသို့ ခရီးထွက်မည်

22 Mar 2021

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်သည် ယခုသီတင်းပတ်အတွင်း ဘရူနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ခွာရန်ပြင်ဆင်နေသည့် သြစတြေးလျနိုင်ငံသား နှစ်ဦး ထိန်းသိမ်းခံရ

22 Mar 2021

မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေသည့် သြစတြေးလျ နိုင်ငံသားနှစ်ဦးသည် သောကြာနေ့က ထိန်းသိမ်းခံလိုက်ရကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာဘက်မှ အိန္ဒိယသို့ တိမ်းရှောင်သူ စုစုပေါင်း ၁ ထောင်ကျော်ပြီ

21 Mar 2021

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာရယှုမှု ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ တိမ်းရှောင်လာသူ စုစုပေါင်း ၁ ထောင်ကျော်သွားပြီဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆန္ဒပြမှုများအား ဆက်လက်အကြမ်းဖက်ဖြိုခွင်းနေမှု ကုလအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန်ရှုတ်ချ

21 Mar 2021

မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းနေမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

Showing 1,261-1,280 of 1,643 items.