ထိုင်းနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု နှစ်ရက်ဆက် တဟုန်ထိုးမြင့်တက်၊ ကန့်သတ်ချက်များ ချမှတ်
06 Jan 2021
ပြည်တွင်းကူးစက်မှု မရှိသလောက်နှေးကွေးနေသည်မှာ နှစ်ဝက်နီးပါး ရှိနေပြီဖြစ်သည့် ထိုင်းနိုင်ငံ၌ ဇန်နဝါရီလ ၄ ရက် တနင်္လာနေ့တွင် ကူးစက်မှုအသစ် ၇၄၅ ခု စစ်ဆေးတွေ့ရှိခဲ့သည်။ ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက နိုင်ငံတွင် တစ်နေ့တာကူးစက်မှု အများဆုံးအရေအတွက်ဖြစ်သည်။