မြန်မာ့အရေး မငြိမ်သက်မှုအပေါ် စိုးရိမ်မိကြောင်း ထိုင်းနိုင်ငံ ပြော
07 Jun 2021
မြန်မာနိုင်ငံ နေရာအနှံ့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းအပေါ် စိုးရိမ်မိကြောင်းနှင့် အာဆီယံခေါင်းဆောင်များနှင့် မြန်မာစစ်တပ်ခေါင်းဆောင်တို့ သဘောတူထားသည့် အချက်များ အကောင်အထည် ပေါ်လာသည်ကို မြင်တွေ့လိုကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။