အာဖဂန်စစ်ပွဲ ပြီးဆုံးပြီဟု တာလီဘန်တို့ ကြေညာ

Foreign Desk 16 Aug 2021

ကဘူးရှိ သမ္မတနန်းတော်ကို သိမ်းပိုက်ပြီးနောက် အာဖဂန်စစ်ပွဲ ပြီးဆုံးပြီဟု တာလီဘန်တို့က ကြေညာလိုက်ပြီ ဖြစ်သည်။ လက်ရှိတွင် အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားပြီဖြစ်သလို အနောက်နိုင်ငံများသည်လည်း ၎င်းတို့၏ နိုင်ငံသားများအား နိုင်ငံမှ ခေါ်ယူရန် အလောတကြီး စီစဉ်လျက်ရှိသည်။

အာဖဂန်အခက် တရုတ်အချက်

မေမိုး 15 Aug 2021

ဆီးရီးယားစစ်ပွဲအတွင်း ETIM ၏ လက်အောက်ခံ အစိတ်အပိုင်း အများစုသည် TIP အဖြစ် ဆီးရီးယား-တူရကီ နယ်စပ်သို့ ပြောင်းရွှေ့ခဲ့သည်။ TIP သည် အခြားသော တူရကီ ကျောထောက်နောက်ခံပြုသည့် ဂျီဟတ် အဖွဲ့များနှင့် ပူးပေါင်းထားသည့် တပ်ဖွဲ့များရှိရာ ဆီးရီးယားရှိ Idib တွင် အခြေစိုက်သည်။ TIP ခေါင်းဆောင်သည် အယ်ကေဒါ Shura ကောင်စီဝင်တစ်ဦးဖြစ်သည့် Abdul Haq al-Turkistani ဖြစ်သည်။

ဟေတီတွင် ငလျင်အကြီးအကျယ် လှုပ်ခတ်မှုကြောင့် ၃၀၄ ဦးထက်မနည်း သေဆုံး

Foreign Desk 15 Aug 2021

ဟေတီနိုင်ငံတွင် သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ အနည်းဆုံး ၃၀၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၈၀၀ ကျော်အထိ ရှိထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံတို့ မက္ကစီကိုတွင် ဆွေးနွေးမှုများ စတင်

Foreign Desk 14 Aug 2021

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံတို့သည် သြဂုတ်လ ၁၃ ရက် သောကြာနေ့တွင် မက္ကစီကို၌ ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၉/၁၁ နှစ်ပတ်လည်နေ့အကြို အကြမ်းဖက်မှုသတိပေးချက် အမေရိကန်ထုတ်ပြန်

Foreign Desk 14 Aug 2021

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု နှစ်ပတ်လည်နေ့နှင့် နီးကပ်လာချိန်၌ အကြမ်းဖက်မှုအန္တရာယ် အကြံပေးချက်တစ်ရပ်ကို အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။

ရုရှားအတွက် စပိုင်လုပ်မှုဖြင့် ယူကေသံရုံး ဝန်ထမ်းတစ်ဦး ဂျာမနီတွင် ဖမ်းဆီးခံရ

13 Aug 2021

ဂျာမနီနိုင်ငံဆိုင်ရာ ယူကေသံရုံးဝန်ထမ်း တစ်ဦးအား  ဂျာမနီအစိုးရက ရုရှားအတွက် စပိုင်လုပ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရက မြန်မာအတွက် ဒေါ်လာသန်း ၅၀ ကူညီမည်

13 Aug 2021

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ပေးအပ်ကူညီသွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့ (သြဂုတ် ၁၀) တွင် ပြောကြားလိုက်သည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးတို့ ကိုဗစ်ရောဂါဖြင့် ဆေးရုံတက် ကုသနေ

13 Aug 2021

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသဖြင့် ဆေးရုံတက် ကုသမှုခံယူနေကြောင်း အရာရှိတစ်ဦးထံမှ သိရသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်ခေါင်းဆောင် အာဏာဆက်လက် ချုပ်ကိုင်ရန် ရည်ရွယ်ထားပုံပေါ်ကြောင်း ကုလပြော

12 Aug 2021

မြန်မာစစ်တပ်ခေါင်းဆောင်များသည် အာဏာကို ခိုင်ခိုင်မာမာ ထိန်းချုပ်ရန် ဆုံးဖြတ်ထားပုံ ပေါ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သြဂုတ်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံသားများ စစ်မှုထမ်းပြီး နိုင်ငံချစ်စိတ်ပြကြရန် အီသီယိုးပီးယားဝန်ကြီးချုပ် တိုက်တွန်း

12 Aug 2021

နိုင်ငံတွင်း နေရာအများအပြားတွင် တိုက်ပွဲများ အရှိန်မြင့်လာနေသည့် အီသီယိုးပီးယား၌ အသက်အရွယ်ပြည့်မီသူ နိုင်ငံသားများအားလုံး စစ်မှုထမ်းကြရန် ဝန်ကြီးချုပ် အဘီအာမက်က သြဂုတ်လ ၁၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

သေဆုံးနှုန်းမြင့်သည့် မားဘက်ရောဂါပိုး ကူးစက်မှုအသစ် အနောက်အာဖရိကတွင် တွေ့ရှိ

11 Aug 2021

မားဘက်ရောဂါ လူနာတစ်ဦးအား တွေ့ရှိထားကြောင်း ဂီနီနိုင်ငံက အတည်ပြုသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့တွင် ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု ယနေ့စတင်

10 Aug 2021

ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေကြသော မွတ်ဆလင်ဒုက္ခသည်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်များ သြဂုတ်လ ၁၀ ရက်နေ့တွင် စတင်နေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်တွင် တစ်ကျော့ပြန် ကိုဗစ်ပျံ့နှံ့မှု၌ တာဝန်ရှိသူအရာရှိ ဒါဇင်ပေါင်းများစွာ ပြစ်ဒဏ်ပေးခံရ

10 Aug 2021

တရုတ်ပြည်တွင် တစ်လနီးပါး ကာလအတွင်း နိုင်ငံတစ်ဝန်း လူ ၉၀၀ ခန့်အထိ ဒဲလ်တာကိုဗစ်မျိုးစိတ် ကူးစက်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူ အများအပြားကို တရုတ်အာဏာပိုင်များက ပြစ်ဒဏ်ပေးခဲ့ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၈၆ သန်းအထိ လိုအပ်နေကြောင်း WFP ပြော

07 Aug 2021

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသူများအား နောက်ထပ် ၆ လတာ ကူညီထောက်ပံ့ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၆ သန်း လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) က သြဂုတ်လ ၆ ရက်၊ သောကြာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ့အရေးအတွက် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှု ကုလအကြီးအကဲ ကြိုဆို

Foreign Desk 06 Aug 2021

မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အကျပ်အတည်းကို ကူညီအဖြေရှာရေးအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်လိုက်ခြင်းအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်သည်။

မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြံစည်မှုဖြင့် မြန်မာနှစ်ဦးကို အမေရိကန်တွင် ဖမ်းဆီး

Foreign Desk 06 Aug 2021

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား လုပ်ကြံရန် သို့မဟုတ် အန္တရာယ်ပြုရန် ကြံစည်မှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးအား နယူးယောက်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း အမေရိကန်အာဏာပိုင်များက သောကြာနေ့တွင် ပြောကြားလိုက်သည်။

တောင်တရုတ်ပင်လယ်တွင် အိန္ဒိယက စစ်သင်္ဘောများ တပ်ဖြန့်

Foreign Desk 06 Aug 2021

အိန္ဒိယနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ မဟာမိတ်ဆက်ဆံရေးကို တိုးမြှင့်နိုင်ရန်အတွက် ယခုလအတွင်း တောင်တရုတ်ပင်လယ်၌ ရေတပ် လုံခြုံရေးတစ်စိတ်တစ်ခုကို နေရာချထားကြောင်း အိန္ဒိယအရာရှိများက သြဂုတ်လ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

ကိုရိုနာ စတင်တွေ့ရှိရာ ဝူဟန်မြို့တွင် ကူးစက်မှုအသစ် ထပ်တွေ့သဖြင့် တစ်မြို့လုံးကို ကိုဗစ်စစ်မည်

04 Aug 2021

တစ်နှစ်ကျော်ကာလအတွင်း ဝူဟန်တွင် ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်း ကိုဗစ်ကူးစက်မှု စစ်ဆေး တွေ့ရှိရသဖြင့် တစ်မြို့လုံးကို ကိုဗစ်စစ်ဆေးရန် စီစဉ်နေကြောင်း ဝူဟန်အာဏာပိုင်များက သြဂုတ်လ ၃ ရက် အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား ခန့်အပ်

Foreign Desk 04 Aug 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အာဝင်ယူဆော့ (Erywan Yusof) ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အာဆီယံအဖွဲ့ကြီးက ယနေ့ ပြောကြားလိုက်သည်။

မြန်မာ့ရွေးကောက်ပွဲ အစီအစဉ်သည် အာဆီယံဘက်က ထပ်တိုး အားစိုက်ဆောင်ရွက်ရန် လိုအပ်မှုကို ပြသနေခြင်းဟု အမေရိကန် ပြော

Foreign Desk 04 Aug 2021

မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ထုတ်ပြန်လိုက်သည့် ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်သည် အချိန်ဆွဲသည့်လုပ်ရပ်သာ ဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် ဗိုလ်ချုပ်ကြီးများအပေါ် တိုးမြှင့်ဖိအားပေးရန် လိုအပ်သည်ကို ပြသနေခြင်းသာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

Showing 1,101-1,120 of 1,643 items.