အာဆီယံအထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမည့်ပုံ မပေါ်

02 Oct 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးနိုင်မည့် အခြေအနေ မရှိကြောင်း မြန်မာစစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီကွေဒေါတွင် ထောင်တွင်းအဓိကရုဏ်းကြောင့် ၁၁၈ ဦး သေဆုံး

02 Oct 2021

အီကွေဒေါအကျဉ်းထောင်တစ်ခုအတွင်း အင်္ဂါနေ့က လူဆိုးဂိုဏ်းအဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အကျဉ်းထောင်တွင်း အရေးပေါ်အခြေအနေတစ်ရပ်ကို အီကွေဒေါသမ္မတက ထုတ်ပြန်ကြေညာ လိုက်သည်။

မသန်စွမ်းသူများ အန်းဒရွိုက်ဖုန်းများကို မျက်နှာအမူအရာဖြင့် အသုံးပြုနိုင်ပြီ

02 Oct 2021

ဆွံ့အသူများနှင့် ကိုယ်ကာယ မသန်စွမ်းသူများသည် အဆင့်မြှင့်ထားသည့် အန်းဒရွိုက်စမတ်ဖုန်းများအား လက်ကိုအသုံးပြုစရာ မလိုဘဲ မျက်ခုံးတစ်ခါပင့်ရုံ တစ်ချက်ပြုံးရုံဖြင့်  အသုံးပြုနိုင်ပြီဖြစ်ကြောင်း Google ကုမ္ပဏီက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ပြင်သစ်၏အရှုံးသည် တရုတ်အတွက် အင်ဒို-ပစိဖိတ်အောင်ပွဲ မဟုတ်

စောသန္တာအေး 02 Oct 2021

ပြင်သစ်သည် ထိုင်ဝမ်သို့ နည်းပညာရှင်များ စေလွှတ်ထားကြောင်း ပြီးခဲ့သောနှစ် မေလက သတင်းထွက်ပေါ်ခဲ့ချိန်၌လည်း တရုတ်သည် “တရုတ်-ပြင်သစ် ဆက်ဆံရေးကို မထိခိုက်စေရန်” ပြင်းထန်သော အသိပေးချက်တစ်ရပ် ပြင်သစ်ထံသို့ ပေးပို့ခဲ့သည်။ ပြင်သစ်ဘက်ကလည်း တရုတ်အနေဖြင့် ကိုဗစ်ကပ်ဘေး တိုက်ဖျက်ရေးကိုသာ အာရုံစိုက်သင့်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား နည်းပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်မည်

30 Sep 2021

အမေရိကန်နှင့် ဥပရောပသမဂ္ဂ အရာရှိများအကြား အဆင့်မြင့်အစည်းအဝေးများကို  အစည်းအဝေးကို ယခုသီတင်းပတ်အတွင်း နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားကြေညာ

30 Sep 2021

မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း မြောက်ကိုးရီးယားနိုင်ငံပိုင် သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

အီရန်နျူးကလီးယားလက်နက်အစီအစဉ်သည် “တားမြစ်ချက်အားလုံး” ချိုးဖောက်ခဲ့ဟု အစ္စရေးဝန်ကြီး ချုပ်ဆို

30 Sep 2021

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်က အီရန်သည် နျူကလီးယား လက်နက်အစီအစဉ်ကို ထိန်းချုပ်ရန် ချမှတ်ထားသည့် “တားမြစ်ချက်များအားလုံး” ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲပြော ကြားလိုက်သည်။ သို့စေကာမူ အစ္စရေးသည် အီရန်နျူကလီးယားလက်နက် ရရှိမည့်အရေးကို “ခွင့်ပြု မည်မဟုတ်” ဟုလည်း သူက ပြောကြားသည်။

ရုရှားကာကွယ်ရေးနည်းစနစ်များ ထပ်ဝယ်ရန် အစီအစဉ်ရှိကြောင်း တူရကီသမ္မတ အာဒိုဂန်ပြော

30 Sep 2021

တူရကီသည် ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဒုတိယအသုတ်အနေဖြင့် ဝယ်ယူရန် ရည်ရွယ်ထားဆဲ ဖြစ်ကြောင်း တူရကီသမ္မတ တေးယစ်အာဒိုဂန်က ပြောကြားလိုက်သည်။

ပီရူးတွင် ဓာတ်ငွေ့ပိုက်လိုင်းသွယ်ရင်း နှစ် ၈၀၀ သက်တမ်းရှိ ရုပ်အလောင်းများတွေ့

30 Sep 2021

ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေကြသော ပီရူးလူမျိုးလုပ်သားများသည် လွန်ခဲ့သောနှစ် ၈၀၀ ခန့်က ဘုံသင်္ချိုင်းတစ်ခုတွင် မြှုပ်နှံထားသော လူရှစ်ဦး၏ရုပ်ကြွင်းများကို စားသောက်ဖွယ်ရာများ၊ ဂီတတူရိယာများနှင့်အတူ တွေ့ရှိခဲ့ကြသည်ဟု ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

အာဖဂန်တွင် တာလီဘန်များ ရာဇဝတ်သားအလောင်းကို လူမြင်ကွင်းတွင်ချိတ်ဆွဲ

29 Sep 2021

တာလီဘန်များသည် ဝန်ချီစက်တစ်ခုပေါ်၌ လူသေအလောင်း တစ်လောင်းကို မြို့တော်ရင်ပြင်တွင် စနေ နေ့က ချိတ်ဆွဲထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါလုပ်ရပ်သည် အတိတ်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို ပြန်လည်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း တပ်လှန့်လိုက်သည့် မနှစ်မြို့ဖွယ်ရာ လုပ်ရပ်တစ်ခုဟုလည်း အေပီသတင်းက ဆိုသည်။

အရပ်သားနှင့် လက်ထပ်မည့် ဂျပန်တော်ဝင်မင်းသမီးမာကို ဒေါ်လာသန်းချီရပိုင်ခွင့် စွန့်လွှတ်မည်

29 Sep 2021

ဂျပန်နိုင်ငံ၏ တော်ဝင်မင်းသမီးမာကိုသည် တော်ဝင်အဆောင်အယောင်ကို စွန့်လွှတ်ခြင်းကြောင့် ရရှိမည့် အပြီးအစီးပေးအပ်ငွေ ဂျပန်ယန်း သန်း ၁၅၀ ခန့် (အမေရိကန်ဒေါ်လာ တစ်သန်းကျော်ပမာဏ) ကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ဂျပန်မီဒီယာများက စနေနေ့တွင် ဖော်ပြကြသည်။

နယ်စပ်ကုန်သွယ်မှု ပိတ်ပြီးနောက် မြန်မာနိုင်ငံမှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု ရပ်ဆိုင်း

28 Sep 2021

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်လိုက်ပြီးနောက် တရုတ်သို့ အိမ်နီးချင်းမြန်မာနိုင်ငံမှ မြေရှားသတ္တုများ တင်သွင်းမှုသည် သြဂုတ်လအတွင်း နည်းပါးသွားကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် တရုတ်အကောက်ခွန်စာရင်းများတွင် တွေ့ရသည်ဟု ရိုက်တာသတင်းတစ်ရပ်က ဖော်ပြသည်။

စင်္ကာပူတွင် တစ်နေ့တည်း ကိုဗစ်ကူးစက်သူ နှစ်ထောင်နီးပါး တွေ့ရှိ

28 Sep 2021

စင်္ကာပူနိုင်ငံတွင် တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ အစောပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုအသစ် စုစုပေါင်း ၁၉၃၉ ဦးအထိ ရှိခဲ့ကြောင်း စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြင်သစ်နှင့်အမေရိကန် တွေ့ဆုံခဲ့သည့်တိုင် နှစ်နိုင်ငံဆက်ဆံရေး ပြေလည်ရန် အချိန်ယူရမည် ဟုဆို

27 Sep 2021

ပြင်သစ်နှင့် သြစတြေးလျတို့ချုပ်ဆိုမည့် ဘီလီယံများစွာတန်သည့် ရေငုပ်သင်္ဘော စာချုပ်တစ်ခု ပျက်သွားခြင်းအပေါ် ပြင်သစ်၏ ဒေါသကို ဖြေလျှော့နိုင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် အချိန်ယူရမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲ အပြီး ပြင်သစ်နှင့် အမေရိကန် ထိပ်တန်းသံတမန်နှစ်ဦးလုံးက ပြောကြားလိုက်သည်။

မြန်မာနှင့် အာဖဂန်တာလီဘန်တို့ မိန့်ခွန်းပြောခွင့် မရဘဲ ကုလအထွေထွေညီလာခံ အဆုံးသတ်တော့မည်

27 Sep 2021

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးသည် ယနေ့ အဆုံးသတ်တော့မည် ဖြစ်သည်။ သို့သော်လည်း အာဖဂန်တွင် လက်ရှိ အာဏာကိုင်စွဲထားသည့် တာလီဘန်နှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တို့ မိန့်ခွန်းမပြောဘဲ အဆုံးသတ်တော့မည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်-အမေရိကန် သမ္မတနှစ်ဦး ဖုန်းခေါ်ဆိုမှု နောက်ကွယ်

25 Sep 2021

တရုတ်နှင့် အမေရိကန်တို့သည် အကြီးမားဆုံးသော ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအမြင့်ဆုံးနိုင်ငံများ အသီးသီးဖြစ်ကြရာ နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းစွာထိန်းသိမ်းနိုင်မည်လော ဆိုသည်မှာ ကမ္ဘာ့အနာဂတ်တွင် အရေးပါနေကြောင်းနှင့် ထိုအရာမှာ နှစ်နိုင်ငံလုံးအနေဖြင့် အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ထုတ်ပေးရမည့် “ရာစုနှစ်၏ပုစ္ဆာတစ်ခု” ဖြစ်နေကြောင်း တရုတ်သမ္မတက ထောက်ပြပြောဆိုခဲ့သည်။

သြစတြေးလျ၏ နျူကလီးယားရေငုပ်သင်္ဘောစာချုပ်ကိစ္စ တရုတ်၏အမြင်ကို မလေးရှား တောင်းခံ

25 Sep 2021

မလေးရှားသည် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သုံးနိုင်ငံပူးတွဲ၍ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့သစ် ဖွဲ့စည်းမှုအပေါ် တရုတ်၏ သဘောထားကို သိရှိရန် ကြိုးပမ်းနေကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါကိစ္စမှာ ဒေသတွင်း နျူကလီးယား လက်နက် အားပြိုင်မှုကို ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများရှိနေချိန်၌ မလေးရှားက ယခုကဲ့သို့ ထုတ်ပြန်ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံများအတွက် ကိုဗစ်ထိုးဆေး သန်း ၅၀၀ အမေရိကန် လှူဒါန်းမည်

25 Sep 2021

ကိုဗစ်ကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်ရန် ကြိုးစားနေရသော နိုင်ငံများအတွက် အမေရိကန်က ကိုဗစ်ထိုးဆေး သန်း ၅၀၀ ထပ်မံလှူဒါန်းသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကိုဗစ်-၁၉ ဖြေရှင်းရေး အစည်းအဝေးတွင် ပြောကြားလိုက်သည်။

မြန်မာ့အရေးတွင် နိုင်ငံတကာ၏ အားထုတ်မှုများ ကျရှုံးနေကြောင်း ကုလသံတမန် ပြောကြား

24 Sep 2021

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုဆိုးဝါးလာနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က လူ့အခွင့်အရေးကောင်စီအား ပြောကြားလိုက်သည်။

မွတ်ဆလင်ဆန့်ကျင်ရေးနှင့် ဆက်စပ်သည့်မှတ်တမ်းများ ဖေ့စ်ဘုတ်ဖက်က ထုတ်ပြန်ပေးရန် တရားရုံး အမိန့်ချ

24 Sep 2021

မြန်မာနိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသဖြင့် အသုံးပြုခွင့် ပိတ်ပင်ခဲ့သည့် အကောင့်များအား ဖေ့စ်ဘုတ်ကုမ္ပဏီဘက်က ထုတ်ပြန်ပေးရန် အမေရိကန် ပြည်ထောင်စုတရားရုံး တစ်ခုက အမိန့်ချမှတ်လိုက်ကြောင်း ဝေါစထရိသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Showing 1,041-1,060 of 1,643 items.