ကာဘူးတွင် တာလီဘန်တို့ အမေရိကန်လက်နက်များဖြင့် စစ်ရေးပြ

19 Nov 2021

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့တွင် တာဘီဘန်များသည် တနင်္ဂနွေနေ့က အမေရိကန်လုပ် သံချပ်ကာယာဉ်များ၊ ရုရှားလုပ် ရဟတ်ယာဉ်များဖြင့် စစ်ရေးပြပွဲ ကျင်းပကာ လက်နက်ကိုင်အဖွဲ့အဆင့်မှ တရားဝင်စစ်တပ်အဖြစ် အသွင်ပြောင်းလာမှုကို ပြသခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်တို့ ထိန်းချုပ်ထားသည့် အာဖဂန်ပိုင်ဆိုင်မှုများ ပြန်ခွင့်ပြုပေးရန် တာလီဘန် တောင်းဆို

19 Nov 2021

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် အမေရိကန်တို့ ထိန်းချုပ်လိုက်သည့် ပိုင်ဆိုင်မှုများအား ပြန်လည်ခွင့်ပြုပေးရန် အမေရိကန်လွှတ်တော်အမတ်များအား တာလီဘန်တို့က ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေလီတွင် မီးခိုးမြူများ ဆိုင်းနေသဖြင့် စာသင်ကျောင်းများ အချိန်အကန့်အသတ်မရှိ ပိတ်

19 Nov 2021

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုသည် အန္တရာယ်ရှိသည်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် နောက်ထပ် အသိပေးချက်တစ်စုံတစ်ရာ မထွက်မချင်း စာသင်ကျောင်းများကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီကွေဒေါထောင်တွင်း လူဆိုးဂိုဏ်းအဓိကရုဏ်းကြောင့် အနည်းဆုံး ၆၈ ဦး သေဆုံး

14 Nov 2021

အီကွေဒေါနိုင်ငံ၏ အကြီးဆုံးထောင်အတွင်း အကျဉ်းကျနေသည့် ပြိုင်ဘက်ဂိုဏ်းများအကြား စနေနေ့က သေနတ်ကိုင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၆၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၅ ဦးရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘိုင်ဒန်နှင့် ရှီကျင့်ဖျင်တို့ တနင်္လာနေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမည်

13 Nov 2021

ဘိုင်ဒန် သမ္မတဖြစ်လာပြီးနောက် တင်းမာမှုများ မြင့်တက်လာသော အမေရိကန်-တရုတ် ဆက်ဆံရေးကို ပြန်လည်ထိန်းညှိနိုင်ရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တနင်္လာနေ့ ညပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နယ်သာလန်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာသဖြင့် လော့ဒေါင်းစည်းကမ်းများ ပြန်လည်ချမှတ်

13 Nov 2021

ကိုဗစ်ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာနေသည့် နယ်သာလန်နိုင်ငံတွင် စနေနေ့မှစတင်၍ တစ်စိတ်တစ်ပိုင်း လော့ဒေါင်းစည်းကမ်းများ ပြန်လည်ချမှတ်တော့မည် ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားတွင် မွတ်ဆလင်များ ဒီဂျစ်တယ်ငွေကြေး (Crypto) သုံးစွဲခွင့် ဘာသာရေးကောင်စီ တားမြစ်

13 Nov 2021

ဒီဂျစ်တယ်ငွေကြေး (Crypto) အား ငွေကြေးစနစ်တစ်ခုအဖြစ် သုံးစွဲမှုကို မွတ်ဆလင်များအတွက် တားမြစ်ထားကြောင်း အင်ဒိုနီးရှား ဘာသာရေးခေါင်းဆောင်များ ကောင်စီထံမှ သိရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Frontier Myanmar သတင်းဌာနမှ အယ်ဒီတာဖြစ်သူ အမေရိကန်နိုင်ငံသားကို ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်

12 Nov 2021

Frontier Myanmar သတင်းဌာနမှ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာဖြစ်သူ အမေရိကန်နိုင်သား ဒန်နီဖန်စတာကို အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးမှ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ထောင်ဒဏ် ၁၁ နှစ်နှင့် ငွေဒဏ်ကျပ်တစ်သိန်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရန် အင်ဒိုနီးရှားနှင့် မလေးရှားခေါင်းဆောင်များ တိုက်တွန်း

11 Nov 2021

စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခကို ဖြေရှင်းရန်နှင့် မွတ်ဆလင်ဒုက္ခသည်များ မလေးရှားနိုင်ငံသို့ ထွက်ပြေးနေကြခြင်းကို ထိထိရောက်ရောက် တားမြစ်ရန် မလေးရှားနှင့် အင်ဒိုနီးရှား ခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ထူးချွန်ဆရာဆု ရွှေ့ပြောင်းကလေးငယ်များအား ပညာသင်ကြားနေသူ အမေရိကန် ဆရာမတစ်ဦး ဆွတ်ခူး

11 Nov 2021

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ထူးချွန်ဆရာဆုကို အမေရိကန် ဆရာမတစ်ဦး ဆွတ်ခူးရရှိသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်တွင် နှင်းမုန်တိုင်းကြောင့် စာသင်ကျောင်းများနှင့် လမ်းများ ပိတ်ထားရ

11 Nov 2021

တရုတ်ပြည် အရှေ့မြောက်ပိုင်းတွင် ရက်ပေါင်းများစွာကြာအောင် တိုက်ခတ်လျက်ရှိသော နှင်းမုန်တိုင်းတစ်ရပ်ကြောင့် စာသင်ကျောင်းများ ပိတ်ထားရသလို ယာဉ်များ ပြေးဆွဲမှုလည်း ဆိုင်းငံ့ထားရပြီး မှန်လုံအိမ်များ အက်ကွဲမှုများလည်း ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သံမဏိကြံ့ခိုင်မှုကို လိမ်လည်မှု ပေါ်ထွက်ပြီးနောက် အမေရိကန် ရေငုပ်သင်္ဘောများကို ပြန်လည်စိစစ်နေရ

10 Nov 2021

အမေရိကန်ရေတပ်သုံး ရေယာဉ်များအတွက် သံမဏိတင်ပို့သည့် ကုမ္ပဏီတစ်ခုကို စစ်ဆေးရသည့် သတ္တုဗေဒပညာရှင်တစ်ဦးသည် အရည်အသွေးစစ်ဆေးမှု ရလဒ်များကို လိမ်လည်ပြုပြင်ခဲ့ကြောင်း သိရပြီးနောက် အမေရိကန်ရေတပ်သည် ၎င်း၏ ရေငုပ်သင်္ဘောများအား စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်နေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပါလက်စတိုင်းမြို့တော်တွင် အစ္စရေးတို့ မျက်နှာဖတ် စောင့်ကြည့်ရေးကင်မရာများ အသုံးပြုနေ

10 Nov 2021

အစ္စရေးစစ်တပ်သည် ၎င်းတို့သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေရှိ နေရာအနှံ့အပြားတွင် ပါလက်စတိုင်းတို့ကို ပစ်မှတ်ထားပြီး မျက်နှာများကို မှတ်တမ်းတင်သည့် နည်းပညာဖြင့်  ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူ ၃ သန်းကျော် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကုလ ပြော

10 Nov 2021

မြန်မာနိုင်ငံ၌ အရေးပေါ်အကူအညီများ လိုအပ်နေသူ ၃ သန်းထံသို့ လွတ်လပ်စွာ ဆက်သွယ်ဆောင်ရွက်ပြီး ထောက်ပံ့ခွင့်ပြုရန် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး အကြီးအကဲက မြန်မာစစ်တပ်ခေါင်းဆောင်များအား တနင်္လာနေ့တွင် တိုက်တွန်းလိုက်သည်။

တယ်လီနောလုပ်ငန်းများအား လက်ဘနွန်ကုမ္ပဏီသို့ ရောင်းမည့်အစီအစဉ် မအောင်မြင်ဘဲကြန့်ကြာနေ

09 Nov 2021

မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် လုပ်ငန်းများအား လက်ဘနွန်ကုမ္ပဏီသို့ ရောင်းချမည့် တယ်လီနော၏ အစီအစဉ်သည် မြန်မာစစ်အုပ်စုက လိုလားသည့် လုပ်ငန်းပုံစံကြောင့် အကောင်မထည်မပေါ်ဘဲ ကြန့်ကြာနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်တို့ ဒုံးလက်နက်စမ်းသပ်မှုတွင် အမေရိကန်လေယာဉ်တင်သင်္ဘော ပုံစံတူပစ်မှတ်ကို အသုံးပြု

09 Nov 2021

တရုတ်စစ်တပ်သည် နိုင်ငံအနောက်ပိုင်း သဲကန္တာရအတွင်း လက်နက်စမ်းသပ် ပစ်ခတ်မှုတစ်ခုတွင် အမေရိကန် လေယာဉ်တင်သင်္ဘော ပုံစံတူကို ပစ်မှတ်အဖြစ်ဖန်တီးကာ ပစ်ခတ်နေကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လပေါင်း ၂၀ ကြာ ပိတ်ထားခဲ့သည့် အမေရိကန်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်

08 Nov 2021

ကိုဗစ်ကန့်သတ်ချက်များနှင့်အတူ လပေါင်း ၂၀ ကြာ ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ်များနှင့် လေဆိပ်များကို ယနေ့ (နိုဝင်ဘာ ၈) တွင် အမေရိကန်အစိုးရက ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကာ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသူများ ဝင်ထွက်သွားလာခွင့် ရရှိတော့မည် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်သည် နျူကလီးယားအင်အားကို ကြိုတင်မျှော်မှန်းထားသည်ထက် မြန်ဆန်စွာ တိုးချဲ့နေကြောင်း အမေရိကန်စစ်ဌာနချုပ်ဆို

08 Nov 2021

တရုတ်သည် နျူကလီးယားလက်နက်များကို ကြိုတင်ခန့်မှန်းထားသည် ပိုမိုမြန်ဆန်စွာ တိုးချဲ့ထုတ်လုပ်နေပြီး အမေရိကန်နှင့်ကွာဟမှု ကျဉ်းမြောင်းလာပြီဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ယူရေနီယမ်ပိုမိုထုတ်လုပ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား

07 Nov 2021

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များအတွက် ယူရေနီယမ်များကို လက်ရှိပြုံဆန်းစက်ရုံမှ အလိုရှိသလောက် ထုတ်လုပ်နိုင်ကြောင်း ပညာရပ်ဆိုင်ရာ လေ့လာမှုအသစ်တစ်ရပ်က ကောက်ချက်ချ ဖော်ပြထားသည်။ ဂြိုဟ်တုမှ ခြေရာခံမိသော စွန့်ပစ် မြေစာပုံများကိုကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယားသည် နျူကလီးယားလောင်စာများကို လက်ရှိအနေအထားထက် အများအပြား ပိုမိုထုတ်လုပ်နိုင်စွမ်း ရှိသည်ကို ညွှန်ပြနေကြောင်း လေ့လာမှု၌ ဖော်ပြသည်။

အညွန့်ကျိုးသွားသည့် မြန်မာ့စီးပွားရေး မျှော်လင့်ချက်

စောသန္တာအေး 06 Nov 2021

“ကျောက်စိမ်းလုပ်ငန်းသည် လက်နက်ဝယ်ယူရေးကို အထောက်အကူဖြစ်စေပြီး စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်… အောင်ပြည့်စုံတို့ကို ကြွယ်ဝချမ်းသာစေသည်” ဟု ဇွန်လအတွင်း ထွက်ခဲ့သည့် Global Witness ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

Showing 961-980 of 1,643 items.