တရုတ်၊ မြောက်ကိုရီးယား ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရသည့် ဂျပန် ကာကွယ်ရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရန် ဂျပန်ဝန်ကြီးချုပ် ကတိပြု

27 Nov 2021

နိုင်ငံကာကွယ်ရေးအတွက် ရန်သူ၏ အခြေစိုက်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်စွမ်း အပါအဝင် နည်းလမ်းများအားလုံးကို ထည့်သွင်းစဉ်းစားမည်ဟု ပြောကြားချက်အား ဂျပန်ဝန်ကြီးချုပ် ဖူမီဒိုကီရှီဒါက စနေနေ့ပြုလုပ်သည့် တပ်စစ်ဆေးခြင်းအခမ်းအနားတွင် ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်အာဖရိကတွင် ကိုဗစ်မျိုးကွဲသစ် တွေ့ရှိ

27 Nov 2021

စိုးရိမ်ဖွယ်ရာကောင်းသည့် ကိုဗစ်မျိုးကွဲသစ်တစ်မျိုးအား တွေ့ရှိရကြောင်း တောင်အာဖရိကမှ သိပ္ပံပညာရှင်များက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တွင် အင်အားပြင်းငလျင် လှုပ်ခတ်

26 Nov 2021

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွင် သောကြာနေ့နံနက်ပိုင်းက ပြင်းအား ၆.၁ မဂ္ဂနီကျူ့ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗြိတိန်သို့ တရားမဝင် ဝင်ရောက်လာသည့်လှေ တိမ်းမှောက်ပြီး ၃၁ ဦးထက်မနည်း သေဆုံး

25 Nov 2021

ပြင်သစ်မှ ဗြိတိန်သို့ တရားမဝင် ဝင်ရောက်လာသူများ လိုက်ပါလာသည့် လှေတစ်စီး  ဗုဒ္ဓဟူးနေ့က အင်္ဂလိပ်ရေလက်ကြားတွင် တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၃၁ ဦးရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာရှအလယ်ပိုင်းတွင် တအိအိ ခရီးဆက်နေသော တရုတ်၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်း

စောသန္တာအေး 25 Nov 2021

အဓိကပြဿနာမှာ တရုတ်က ရထားလမ်းကြောင်းသစ်ကို ၁၄၃၅ မီလီမီတာအကျယ် လမ်းကြောင်းဖြင့် ဖောက်လုပ်ရန် တောင်းဆိုနေသည့်အချက် ဖြစ်သည်။ ဤအရွယ်အစားကို တရုတ်နှင့် ကမ္ဘာ့နေရာ အများစုတွင် အသုံးပြုနေကြသည်မှာ မှန်သော်လည်း အာရှအလယ်ပိုင်းတွင်မူ ဆိုဗီယက်ခေတ်က ရုရှားအတိုင်းအတာဖြစ်သည့် ၁၅၂၀ မီလီမီတာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြဆဲ ဖြစ်သည်။

အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မြန်မာတက်ရောက်နိုင်မည်မဟုတ်

25 Nov 2021

ကြာသပတေးနေ့စတင်ကျင်းပမည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်မည်မဟုတ်ကြောင်း မြန်မာအာဏာပိုင်များက ကမ္ဘောဒီးယားနိုင်ငံအား အကြောင်းကြားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်ဟု ကျိုဒို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဟက်ဇဘိုလာကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သြစတြေးလျ သတ်မှတ်

24 Nov 2021

ဟက်ဇဘိုလာအဖွဲ့ခွဲအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် သြစတြေးလျနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် သတ်မှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အနောက်အာဖရိကတွင် ကလေးစစ်သားအရေအတွက် အများဆုံးရှိကြောင်း ကုလအစီရင်ခံစာတွင် ဖော်ပြ

24 Nov 2021

ကမ္ဘာပေါ်၌ ကလေးစစ်သားဦးရေ အများဆုံးရှိနေသောနေရာသည် အနောက်အာဖရိကနှင့် အာဖရိကအလယ်ပိုင်း ဒေသများဖြစ်ပြီး ပဋိပက္ခများအကြားမှ ရုန်းမထွက်နိုင်သေးသည့် ထိုနေရာများ၌ ကလေးသူငယ်များသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ လူစုဆောင်းခြင်းကို အများဆုံး ခံနေကြရကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က အင်္ဂါနေ့ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

အမျိုးသမီးသရုပ်ဆောင်များ၏ တီဗီအစီအစဉ်များ မထုတ်လွှင့်ရန် တာလီဘန်များ ကြေညာ

23 Nov 2021

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြည်တွင်းရုပ်သံလိုင်းများ၌ အမျိုးသမီးသရုပ်ဆောင်များ ပါဝင်သည့် ဇာတ်လမ်းတွဲများနှင့် ရုပ်သံအစီအစဉ်များအား ထုတ်လွှင့်ခြင်းမပြုရန် တာလီဘန်အာဏာပိုင်များက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖြုတ်ချခံဝန်ကြီးချုပ်အား ဆူဒန်စစ်တပ်က အာဏာပြန်လည်အပ်နှင်း

22 Nov 2021

ဆူဒန်နိုင်ငံတွင် အာဏာသိမ်းဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ်သည် မူလရာထူးကို ပြန်လည်ရရှိမည့် သဘောတူညီချက်တစ်ရပ်အား စစ်တပ်နှင့် သဘောတူလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်သည် နိုင်ငံငယ်များအား ကြီးစိုးလွှမ်းမိုးခြင်းမလုပ်ဟု တရုတ်-အာဆီယံ ဆွေးနွေးပွဲတွင် ရှီကျင့်ဖျင်ပြော

22 Nov 2021

တရုတ်အစိုးရသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံငယ်များအပေါ် “ဗိုလ်ကျ” မည်မဟုတ်ဟု တနင်္လာနေ့ကျင်းပသည့် ထိပ်သီးညီလာခံ၌ တရုတ်သမ္မတက အာဆီယံခေါင်းဆောင်များအား ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဟာမားစ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မည်ဟု ယူကေပြော

20 Nov 2021

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟာမားစ်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန်အစီအစဉ်ရှိသည်ဟု ဗြိတိသျှအစိုးရက သောကြာနေ့တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဟာမားစ်၏ နိုင်ငံရေးအဖွဲ့နှင့် စစ်ရေးအဖွဲ့များကိုလည်း  ခွဲခြားသတ်မှတ်နေတော့မည် မဟုတ်ဟု ဗြိတိန်အစိုးရက ပြောကြားသည်။

စင်္ကာပူထံမှ 1MDB ရန်ပုံငွေ ကန်ဒေါ်လာ ၁၆ သန်း ပြန်ရဟု မလေးရှားပြော

20 Nov 2021

စင်္ကာပူနိုင်ငံသည် ဒေါ်လာ ဘီလျံပေါင်းများစွာ အရှုပ်အရှင်းပေါ်ပေါက်ခဲ့သည့် 1MDB အစိုးရရန်ပုံငွေ နှင့်ဆက်စပ်နေသည့် အမေရိကန်ဒေါ်လာ ၁၆.၃ သန်းခန့် စင်္ကာပူထံမှ ပြန်လည်ရရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က သောကြာနေ့တွင် ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

အာကာသအပျက်အစီးများ ပေါ်ထွက်လာမှုကြောင့် နိုင်ငံတကာအာကာသစခန်းမှ ဝန်ထမ်းများ နေရာမှစွန့်ခွာရန် ပြင်ဆင်ထားရ

20 Nov 2021

နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများအား ဖြစ်နိုင်ခြေရှိသော စွန့်ခွာရေးအစီအစဉ် တစ်ရပ်အတွက် ပြင်ဆင်ထားရန် သတိပေးခဲ့ပြီးနောက် “အာကာသတွင် အပျက်အစီးများ ပေါ်ထွက်လာစေသည့် ဖြစ်စဉ်” ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

သြစထရီးယားတွင် ကိုဗစ်ဆေး မထိုးရသေးသူများကို လော့ဒေါင်းစည်းကမ်းဖြင့် ကန့်သတ်

20 Nov 2021

ကိုဗစ်ကူးစက်မှုများ မြင့်တက်လာနေချိန်တွင် ဥရောပနိုင်ငံများအကြား ပထမဆုံးအဖြစ် သြစထရီးယားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများကို လော့ဒေါင်းစည်းကမ်းနှင့် ကန့်သတ်လိုက်ပြီဖြစ်သလို အသက် ၅ နှစ်အထက် ကလေးများကိုလည်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံတော့မည် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဓိပ္ပာယ်နှစ်ခွ ထွက်စေသည့် ဟောင်ကောင် ဂျင်အရက် ဗြိတိန်တွင် အမည်ပြောင်းရန် ဖိအားပေးခံရ

19 Nov 2021

ဟောင်ကောင်မှ ဂျင်အရက်တံဆိပ်တစ်ခု၏ အမည်သည် ဗြိတိန်အသံထွက်၌ ရိုင်းစိုင်းကြမ်းတမ်းသည့်သဘော သက်ရောက်နေသဖြင့် ဗြိတိသျှယမကာလုပ်ငန်း စောင့်ကြည့်ရေးအဖွဲ့က အမည်ပြောင်းရန် ဖိအားပေးလျက်ရှိကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကာဘူးတွင် တာလီဘန်တို့ အမေရိကန်လက်နက်များဖြင့် စစ်ရေးပြ

19 Nov 2021

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့တွင် တာဘီဘန်များသည် တနင်္ဂနွေနေ့က အမေရိကန်လုပ် သံချပ်ကာယာဉ်များ၊ ရုရှားလုပ် ရဟတ်ယာဉ်များဖြင့် စစ်ရေးပြပွဲ ကျင်းပကာ လက်နက်ကိုင်အဖွဲ့အဆင့်မှ တရားဝင်စစ်တပ်အဖြစ် အသွင်ပြောင်းလာမှုကို ပြသခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်တို့ ထိန်းချုပ်ထားသည့် အာဖဂန်ပိုင်ဆိုင်မှုများ ပြန်ခွင့်ပြုပေးရန် တာလီဘန် တောင်းဆို

19 Nov 2021

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် အမေရိကန်တို့ ထိန်းချုပ်လိုက်သည့် ပိုင်ဆိုင်မှုများအား ပြန်လည်ခွင့်ပြုပေးရန် အမေရိကန်လွှတ်တော်အမတ်များအား တာလီဘန်တို့က ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေလီတွင် မီးခိုးမြူများ ဆိုင်းနေသဖြင့် စာသင်ကျောင်းများ အချိန်အကန့်အသတ်မရှိ ပိတ်

19 Nov 2021

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုသည် အန္တရာယ်ရှိသည်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် နောက်ထပ် အသိပေးချက်တစ်စုံတစ်ရာ မထွက်မချင်း စာသင်ကျောင်းများကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီကွေဒေါထောင်တွင်း လူဆိုးဂိုဏ်းအဓိကရုဏ်းကြောင့် အနည်းဆုံး ၆၈ ဦး သေဆုံး

14 Nov 2021

အီကွေဒေါနိုင်ငံ၏ အကြီးဆုံးထောင်အတွင်း အကျဉ်းကျနေသည့် ပြိုင်ဘက်ဂိုဏ်းများအကြား စနေနေ့က သေနတ်ကိုင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၆၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၅ ဦးရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Showing 881-900 of 1,579 items.