နီပေါတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျလာသောကြောင့် စာသင်ကျောင်းများ ပြန်ဖွင့်ပေးရန်တောင်းဆို

09 Feb 2022

ကိုဗစ် ၁၉ ကူးစက်မှုနှုန်း စတင်လျော့ကျလာသည်နှင့်အမျှ သီတင်းပတ်ပေါင်းများစွာ ပိတ်ထားခဲ့ရသည့် နီပေါရှိ စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပေးရန် အစိုးရအား တနင်္ဂနွေနေ့က တောင်းဆိုခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မက်ဒါဂါစကာတွင် မုန်တိုင်းကြောင့် လူ ၂၀ သေဆုံး ပြီး ၅ သောင်းခွဲခန့် နေရပ်တိမ်းရှောင်

08 Feb 2022

အာဖရိကတိုက်ရှိ မက်ဒါဂါစကာကျွန်းတွင် ဖေဖော်ဝါရီလ ရ ရက်နေ့က ဘာဆီရိုင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၂၀ သေဆုံးပြီး ၅ သောင်းခွဲခန့် နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဥရောပအရှေ့ပိုင်း မဟာမိတ်များကို ကူညီရန် အမေရိကန်တပ်ဖွဲ့ဝင်များ ပိုလန်သို့ရောက်ရှိ

08 Feb 2022

ယူကရိန်းနယ်စပ်တွင် ရုရှားနှင့် တင်းမာမှုများ မြင့်တက်နေခြင်းနှင့်အတူ ဥရောပအရှေ့ပိုင်းရှိ နေတိုးမဟာမိတ်များကို ဝါရှင်တန်ဘက်က အားဖြည့်ကူညီနေချိန်၌ အမေရိကန်တပ်ဖွဲ့ဝင်များအား သယ်ဆောင်လာသည့် လေယာဉ်တစ်စီးသည် ပိုလန်နိုင်ငံသို့ တနင်္ဂနွေနေ့တွင် ရောက်ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်းရေတပ်ကို ရေငုပ်သင်္ဘောဟောင်းနှစ်စီး ပေးမည်ဟု တရုတ်ကမ်းလှမ်း

07 Feb 2022

ထိုင်းရေတပ်က တရုတ်ထံမှဝယ်ရန် မှာယူထားသော ရေငုပ်သင်္ဘောများ မရရှိသေးမီ ဝန်ထမ်းများကို လေ့ကျင့်ပေးနိုင်ရေးအတွက် သင်္ဘောအဟောင်းနှစ်စီး ပေးမည်ဟု တရုတ်ဘက်က အလွတ်သဘော ကမ်းလှမ်းလာကြောင်း ထိုင်းရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆုန်ပရာဆန်နီဆာမိုင်က ဘန်ကောက်ပို့စ်သတင်းဌာနကို တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားသည်။

စင်္ကာပူ ကိုဗစ်ကူးစက်မှု တစ်ရက်တည်းနှင့် ၁၃၀၀၀ အထိ စံချိန်တင်

05 Feb 2022

စင်္ကာပူနိုင်ငံတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြည်တွင်းကူးစက်မှု ၁၃၀၄၆ အထိ စံချိန်တင်တွေ့ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရှေ့တစ်ရက်က ကူးစက်မှုထက် သုံးဆအထိ တစ်ရက်တည်းနှင့် မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြင်သစ်သမ္မတ လာမည့်သီတင်းပတ်တွင် ပူတင်နှင့်တွေ့ပြီး ယူကရိန်းသို့ ဆက်သွားမည်

05 Feb 2022

အနောက်ကမ္ဘာခေါင်းဆောင်များက ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားနှင့် ထိပ်တိုက်မတွေ့ရန် ကြိုးစားနေကြချိန်၌ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ယူကရိန်းအရေး ဆွေးနွေးရန်အတွက် ဖေဖော်ဝါရီလ ရ ရက်နေ့တွင် မော်စကိုမြို၌ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်၍ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ယူကရိန်းခေါင်းဆောင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အနောက်အုပ်စုနှင့် တင်းမာမှုများရှိနေချိန် ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ တွေ့ဆုံ

05 Feb 2022

တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂ နှစ်နီးပါးကာလအတွင်း ကမ္ဘာ့ခေါင်းဆောင်တစ်ဦးနှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုအဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သောကြာနေ့တွင် တွေ့ဆုံခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘရာဇီး အမေဇုန် သစ်တောပြုန်းတီးမှု ဇန်နဝါရီလတွင် စံချိန်တင်

04 Feb 2022

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဘရာဇီးအမေဇုန်သစ်တော၌ သစ်တောပြုန်းတီးမှုသည် ယခုနှစ်အတွင်း ဇန်နဝါရီလ ပထမရက်သတ္တပတ် ၃ ပတ်ခန့်တွင်ပင် စံချိန်အသစ်သို့ရောက်ရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မုတ်သုံသစ်တောကြီး၏ တစ်ဟုန်ထိုး ယိုယွင်းပျက်စီးလာမှုသည် စိုးရိမ်စရာလက္ခဏာတစ်ခု ဖြစ်လာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မသန့်သည့်အရာများ ရောနှောပါဝင်သည့် ကိုကင်း သုံးစွဲမိသဖြင့် အာဂျင်တီးနားတွင် လူ ၂၀ သေဆုံး

04 Feb 2022

အာဂျင်တီးနားနိုင်ငံ ဗျူနိုအဲရစ်မြို့တော် ဆင်ခြေဖုံး၌ အဆိပ်သင့်စေနိုင်သည့် အရာများ ရောနှောပါဝင်သော ကိုကင်းသုံးစွဲမိသဖြင့် အနည်းဆုံး ၂၀ ဦးသေဆုံးကာ နောက်ထပ် ၇၄ ဦးမှာလည်း ဆေးရုံတက်ရောက် ကုသမှုခံယူနေရကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အာဆီယံအစည်းအဝေးသို့ ဝန်ကြီးဝဏ္ဏမောင်လွင်အစား နိုင်ငံရေးနှင့်မဆိုင်သည့် ကိုယ်စားလှယ်သာ ဖိတ်ကြား

03 Feb 2022

ယခုလအတွင်း ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ စစ်တပ်ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးအစား နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာအာဏာသိမ်းမှုနောက်ပိုင်း မူးယစ်ဆေးထုတ်လုပ်မှု အဆမတန် မြင့်တက်

03 Feb 2022

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာစစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်၍ ပြည်တွင်းမငြိမ်မသက်မှု များပြားလာခြင်းနှင့်အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် အရှေ့တောင်အာရှအပြင် အခြားနိုင်ငံများသို့ပါ ရောင်းဝယ်ဖောက်ကားမှုများ မြင့်တက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) မှ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ရုရှားကျူးကျော်လာရင် ခုခံဖို့ နည်းလမ်းတွေ ယူကရိန်းပြည်သူတွေ လေ့လာနေကြ

အမရာ 02 Feb 2022

ယူကရိန်း-ရုရှားနယ်စပ်မှာ ရုရှားဘက်က စစ်အင်အားတွေ အလုံးအရင်းနဲ့ တိုးချဲ့ ချထားလာမှုတွေကြောင့် စိုးရိမ်မှုတွေနဲ့အတူ ဒီသင်တန်းသားတွေဟာ အလောတကြီး သင်ယူနေကြပါတယ်။ နှစ်ရက်တာသင်တန်းအတွင်း အေးခဲနေတဲ့ သုညအောက်အပူချိန်မှာ အသက်ဆက်ဖို့၊ မီးမွှေးဖို့စတဲ့ အသက်ရှင်ရပ်တည်ရေး နည်းနာတွေကို လေ့လာနေကြတာ ဖြစ်ပါတယ်။

တာလီဘန်တို့က အာဖဂန်အရာရှိဟောင်းများနှင့် အခြားသူအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာ၌ ဖော်ပြ

Foreign Desk 02 Feb 2022

တာလီဘန်များနှင့် ၎င်း၏မဟာမိတ်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာစစ်တပ် ထွက်ခွာချိန်မှစ၍ အာဖဂန်နစ္စတန်မှ အရာရှိဟောင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတကာစစ်တပ်နှင့် လက်တွဲလုပ်ဆောင်ခဲ့ကြသူများ အများအပြားကို သတ်ဖြတ်ခဲ့ကြကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဟေတီတွင် မိုးကြီးပြီး မြစ်ရေလျှံမှုကြောင့် နေအိမ်ထောင်ပေါင်းများစွာ ရေလွှမ်းမိုး

02 Feb 2022

ဟေတီနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်၍ နေအိမ်ထောင်ပေါင်းများစွာ ရေနစ်မြုပ်ခဲ့ကာ မိသားစုပေါင်း ၂၅၀၀ ကျော် နေအိမ်စွန့်စွာ တိမ်းရှောင်ခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြည်သူများပြင်းပြသော ဒီမိုကရေစီကို ပိတ်ပင်ဟန့်တားပြီး မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ကြောင်း အမေရိကန်ပြော

01 Feb 2022

မြန်မာပြည်သူများ ပြင်းပြသော ဒီမိုကရေစီရည်မှန်းချက်များကို ပိတ်ပင်ဟန့်တားပြီး မြန်မာစစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁ ရက် တစ်နှစ်ပြည့် အာဏာသိမ်းယူနေ့တွင် အမေရိကန်က ပြောဆိုလိုက်သည်။

ပြည်သူများအတွက် လိုအပ်သောအကူအညီများ ပေးအပ်ခွင့်ပြုရန် စစ်တပ်ကို ကုလ တိုက်တွန်း

01 Feb 2022

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ပြုရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာအာဏာပိုင်များအား တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

‘Quad’ လေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သြစတြေးလျတွင် တွေ့မည်

31 Jan 2022

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ဖေဖော်ဝါရီလအတွင်း သြစတြေးလျနိုင်ငံသို့ လာရောက်နိုင်ခြေ ရှိပြီး ‘Quad’ လေးနိုင်ငံ အဖွဲ့ဝင်များဖြစ်သည့် ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံကာ အင်ဒို-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးဖွယ်ရှိကြောင်း သြစတြေးလျအစိုးရက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

၂၀၁၇ နောက်ပိုင်း အများဆုံးအကွာအဝေးအထိ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု မြောက်ကိုရီးယားပြုလုပ်

31 Jan 2022

မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီလ ၃၀ ရက်နေ့က အင်အားအပြင်းဆုံး ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ၂၀၁၇ နောက်ပိုင်း စမ်းသပ်မှုများအနက် အဝေးဆုံးအကွာအဝေး ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မလေးရှားရေကြီးမှုကြောင့် ဒေါ်လာ ၁.၅ ဘီလီယံနီးပါးတန်ဖိုးအထိ ဆုံးရှုံးပျက်စီး

31 Jan 2022

ပြီးခဲ့သော သီတင်းပတ်များအတွင်း မလေးရှားနိုင်ငံ ဧရိယာအများအပြားကို ပျက်စီးစေခဲ့သော ရေကြီးမှုများကြောင့် ခန့်မှန်းခြေ ရင်းဂစ် ၆.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၆ ဘီလီယံ) တန်ဖိုးခန့်အထိ ဆုံးရှုံးမှုရှိခဲ့ကြောင်း သောကြာနေ့တွင် ထုတ်ပြန်သည့် အစိုးရအစီရင်ခံစာ တစ်စောင်အရ သိရသည်။

တရုတ်နှင့်ရုရှား ပူးပေါင်းပြီး လကမ္ဘာပေါ်၌ သုတေသနစခန်း ဆောက်မည်

DMG 29 Jan 2022

လကမ္ဘာပေါ်၌ သုတေသနစခန်းတစ်ခု ပူးပေါင်းဆောက်လုပ်မည့် သဘောတူညီချက်တစ်ရပ်ကို တရုတ်နှင့်ရုရှားတို့ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း တရုတ်အာကာသအေဂျင်စီ အရာရှိများထံမှ သိရသည်ဟု ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Showing 821-840 of 1,643 items.