သြစတြေးလျစွမ်းအင်ကုမ္ပဏီ Woodside Petroleum မြန်မာနိုင်ငံမှ လုပ်ငန်းများရုပ်သိမ်းမည်
28 Jan 2022
သြစတြေးလျစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Woodside Petroleum သည် မြန်မာနိုင်ငံ၌ လည်ပတ်နေသည့် ၎င်း၏ လုပ်ငန်းများအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သီတင်းပတ်က တိုတယ်နှင့် ချက်ဗရွန် စွမ်းအင်ကုမ္ပဏီများက မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် Woodsite ၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။