တရုတ်ထံမှ စစ်ရေးအကူအညီများ ရုရှား တောင်းခံထားကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြ

15 Mar 2022

ရုရှားသည် ယူကရိန်းစစ်ပွဲအတွက် တရုတ်ထံမှ စစ်ရေးနှင့် စီးပွားရေးအကူအညီများ တောင်းခံထားကြောင်း အမေရိကန် မီဒီယာများက တနင်္ဂနွေနေ့က ဖော်ပြကြသည်။

ပါကစ္စတန်ဘက်သို့ ဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်မိကြောင်း အိန္ဒိယ ပြော

14 Mar 2022

‘နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှု’ တစ်ရပ်ကြောင့် မတ်လ ၉ ရက်နေ့က ပါကစ္စတန်ဘက်သို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်မိခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်သည်။

ကျန်းမာရေး ဓာတ်ခွဲစမ်းသပ်ခန်းများရှိ ရောဂါဖြစ်စေနိုင်မည့်အရာများကို ဖျက်ဆီးရန် ယူကရိန်းအား WHO အကြံပေး

14 Mar 2022

ကြီးမားသောအန္တရာယ်ပေးနိုင်သည့် စမ်းသပ်ခန်းသုံး ပိုးမွှားကိရိယာများကို ဖျက်ဆီးရန် ယူကရိန်းအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပေးထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် မတ်လ ၁၁ ရက်နေ့က ဖော်ပြထားသည်။

ယူကရိန်းကို အီးယူအဖွဲ့ဝင်အဖြစ် ချက်ချင်း လက်ခံဦးမည်မဟုတ်

12 Mar 2022

ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံပေးရန် ယူကရိန်း၏ တောင်းဆိုချက်ကို ကြာသပတေးနေ့က ပြင်သစ်၌ကျင်းပသည့် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်များ၏ အစည်းအဝေးတွင် ပယ်ချလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှနိုင်ငံတွေ ဂရုစိုက်ရမယ့် ယူကရိန်းပြဿနာ

11 Mar 2022

ယခုလအတွင်း ရုရှားစစ်တပ်သည် နိုင်ငံအရှေ့ဖျား၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ တိုကျိုသည် တောင်ကိုရီးယားနိုင်ငံနည်းတူ ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရာတွင် အနောက်ဒီမိုကရေစီနိုင်ငံများနှင့် ပူးပေါင်းနေပြီဟု ဆိုးလ်က ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို စောင့်ကြည့်ရန် မြောက်ကိုရီးယား ဂြိုဟ်တုလွှတ်တင်မည် ဟုဆို

11 Mar 2022

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ စစ်ရေးလှုပ်ရှားမှု သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် လာမည့်နှစ်များအတွင်း ထောက်လှမ်းရေးဂြိုဟ်တု အများအပြား လွှတ်တင်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားသွားကြောင်း အစိုးရပိုင်ရုပ်သံမှ ကြာသပတေးနေ့တွင် ထုတ်လွှင့်ခဲ့သည်။

ထိုင်းမှာ မွေးနှုန်းနည်းပြီး လူဦးရေကျဆင်းလာမှုပြဿနာကို ဖြေရှင်းရန် အစိုးရကြိုးပမ်း

10 Mar 2022

ထိုင်းနိုင်ငံတွင်း ကလေးမွေးဖွားနှုန်း အလွန်အမင်းကျဆင်းလာသဖြင့် မိသားစုများအနေဖြင့် ကလေးပိုယူကြအောင် တာဝန်ရှိသူများက အသည်းအသန်ကြိုးပမ်းလျက်ရှိပြီး ကလေးပြုစုစောင့်ရှောက်ရေးနှင့် မျိုးဆက်ပြန့်ပွားရေး စင်တာများပါ ဆောက်လုပ်ပေးနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်ရက် ရွှေ့ဆိုင်း

10 Mar 2022

ဝါရှင်တန်တွင် မတ်လကုန်ပိုင်း၌ ကျင်းပရန်စီစဉ်ထားသည့် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအား ရက်ရွှေ့ဆိုင်းထားပြီး ကျင်းပမည့်အချိန်သစ်ကို အတည်မပြုနိုင်သေးကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။

တောင်ကိုရီးယားမှာ တစ်ရက်တည်း ကိုဗစ်ကူးစက်မှု ၃ သိန်းခွဲအထိ မြင့်တက်

09 Mar 2022

အိုမီခရွန်ကူးစက်မှု အလွန်အမင်း မြင့်တက်နေသော တောင်ကိုရီးယားနိုင်ငံတွင် ပြီခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု စုစုပေါင်းသည် ၃၄၂၄၄၆ အထိရှိခဲ့ကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီ (KDCA) က မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယူကရိန်းအတွက် ပိုလန်ဘက်က တိုက်လေယာဉ်များပေးမည့် အစီအစဉ် အမေရိကန် လက်မခံ

09 Mar 2022

နေတိုးမဟာမိတ် ပိုလန်နိုင်ငံက ၎င်းပိုင်ဆိုင်သည့် ရုရှားလုပ် MiG-29 တိုက်လေယာဉ်များအား ယူကရိန်းနိုင်ငံသို့ ပေးအပ်နိုင်ရန်အတွက် ဂျာမနီတွင်အခြေစိုက်ထားသည့် အမေရိကန်စစ်စခန်းသို့ လွှဲပြောင်းပေးမည့် အစီအစဉ်အား အမေရိကန်ဘက်က ငြင်းပယ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရုရှားလောင်စာဆီ တင်သွင်းမှု တားမြစ်ရန် တောင်းဆိုမှုများရှိချိန် အမေရိကန်တွင် စက်သုံးဆီဈေးမြင့်တက်

09 Mar 2022

ရုရှားမှ စက်သုံးဆီတင်ပို့မှုကို ပိတ်ပင်ပေးရန် တောင်းဆိုမှုများ မြင့်တက်နေချိန်၌ အမေရိကန်ပြည်ထောင်စုတွင် စက်သုံးဆီဈေးနှုန်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် တစ်ဂါလံလျှင် ၄ ဒေါ်လာအထက် အထိ ဈေးမြောက်သွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျာမနီ ၂၀၂၆ စက်မှုအသွင်ကူးပြောင်းရေးအတွက် ဒေါ်လာ ၂၂၀ ဘီလီယံ သုံးစွဲမည်

08 Mar 2022

ဂျာမနီနိုင်ငံသည်သည် ဥတုရာသီ ကာကွယ်ရေး၊ ဟိုက်ဒရိုဂျင်နည်းပညာနှင့် လျှပ်စစ်ယာဉ် အားသွင်းကွန်ရက်ချဲ့ထွင်မှုတို့ အပါအဝင် စက်မှုအသွင်ကူးပြောင်းရေးအတွက် လက်ရှိအချိန်မှစ၍ ၂၀၂၆ ခုနှစ်အတွင်း ရန်ပုံငွေ ယူရို ၂၀၀ ဘီလီယံ (ဒေါ်လာ ၂၂၀ ဘီလီယံ) အသုံးပြုသွားရန် လျာထားကြောင်း ဂျာမန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားလိုက်သည်။

သြစတြေးလျရေကြီးမှုကြောင့် လူပေါင်းသောင်းချီ တိမ်းရှောင်ရန် အစိုးရသတိပေး

08 Mar 2022

သြစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့တော် ဆစ်ဒနီ၌ အင်အားပြင်းမုန်တိုင်းများနှင့် ရေကြီးမှုများ ပြင်းထန်လာနိုင်သောကြောင့် ဆစ်ဒနီမြို့ဒေသခံ ထောင်သောင်းချီသော အရေအတွက်ကို နေအိမ်စွန့်ခွာ တိမ်းရှောင်ရန် အစိုးရက သတိပေး ပြောကြားထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်မှာ တစ်နေ့တာကိုဗစ်ကူးစက်မှု ၂ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်

07 Mar 2022

တရုတ်ပြည်တွင် တနင်္ဂနွေနေ့က တစ်နေ့တာ ပြည်တွင်းကူးစက်မှုသည် ၂၁၄ ဦးအထိရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရသည်။

စင်္ကာပူက ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုများ ပြုလုပ်

07 Mar 2022

ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲနေသည့် ရုရှားအား ဒဏ်ခတ်အရေးယူမှုများ ချမှတ်လိုက်ကြောင်း စင်္ကာပူနိုင်ငံက စနေနေ့တွင် ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သည့်အနေဖြင့် ဖိလစ်ပိုင်အစိုးရက စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့

07 Mar 2022

စီးပွားရေးအခန်းကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုခွင့်ပြုပေးနိုင်မည့် ဥပဒေတစ်ခုကို ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂိုဒူတာတေးက အတည်ပြုပေးခဲ့သည်ဟု သမ္မတရုံးက သောကြာနေ့က ပြောကြားလိုက်သည်။  

အာဆီယံအထူးကိုယ်စားလှယ် ယခုလကုန်ပိုင်း မြန်မာနိုင်ငံသို့ လာမည်

05 Mar 2022

အာဆီယံအဖွဲ့ကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် မတ်လ ၂၀ မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့သွားရောက်ရန် စီစဉ်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ခေတ်သစ်ကျူးကျော်စစ် နောက်ကွယ်က ရုရှား-တရုတ် ဆက်ဆံရေး ဘယ်လိုရှိသလဲ

ကြည်ဖြူစံ 05 Mar 2022

မစ္စတာရှီ နှင့် မစ္စတာပူတင်တို့အကြား နီးကပ်သောဆက်ဆံရေး ရှိနေသောကြောင့် တရုတ်အကြီးတန်းအရာရှိများသည် ခေါင်းဆောင်ပိုင်း ထိပ်သီးအစည်းအဝေး ကာလအတွင်း အရေးကြီးသောကိစ္စရပ်များနှင့် ပတ်သက်ပြီး မစ္စတာရှီအား အကျဉ်းချုံးရှင်းပြနိုင်ဖွယ် ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

ဂျော်ဂျီယာနိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး 'ချက်ချင်း' လျှောက်ထားမည်

Foreign Desk 05 Mar 2022

စစ်ဒဏ်ခံနေရသော ယူကရိန်းက ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် လျှောက်ထားရန် ကြိုးပမ်းမှုကို ဥရောပပါလီမန်က ထောက်ခံခဲ့ပြီး တစ်ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဂျော်ဂျီယာနိုင်ငံကလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ချက်ချင်းလျှောက်ထားမည်ဟု နိုင်ငံ၏အာဏာရပါတီက ပြောကြားလိုက်သည်။

ကနေဒါရှိ ဌာနေတိုင်းရင်းသား စာသင်ကျောင်းနေရာဟောင်းတွင် အလောင်းမြှုပ်နှံထားခြင်း ဖြစ်နိုင်သည့် မြေပုံနေရာ ၁၆၉ နေရာ တွေ့ရှိ

Foreign Desk 03 Mar 2022

ကနေဒါနိုင်ငံ အက်ဒ်မွန်တန်မြို့ အနောက်မြောက်ဘက် ၃၇၀ ကီလိုမီတာခန့်အကွာတွင် ရှိသည့် သာသနာပြုစာသင်ကျောင်း နေရာဟောင်းတစ်ခုတွင် အလောင်းများမြှုပ်နှံထားခြင်း ဖြစ်နိုင်သည့် မြေပုံနေရာ ၁၆၉ နေရာ တွေ့ရှိထားကြောင်း ကနေဒါ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်း တစ်ရပ်ထံမှ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Showing 761-780 of 1,643 items.